အမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေက အီရန်ရဲ့အကျိုးစီးပွားအတွက် မဟုတ်ဘူးလို့ အီရန်ထိပ်တန်းခေါင်းဆောင်ပြော

 132

Pika (NP News) - စက်တင်ဘာလ ၂၅

အမေရိကန်နဲ့ နျူကလီးယားဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေဟာ အီရန်ရဲ့အကျိုးစီးပွားအတွက်မဟုတ်ဘူးလို့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူရေနီယမ်သန့်စင်မှုတွေကို စွန့်လွှတ်ဖို့အတွက် ဖိအားပေးမှုတွေကို အီရန်က ငြိမ်ခံသွားမှာမဟုတ်ဘူးလို့လည်း အလီခါမေနီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အီရန်ဟာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ရည်ရွယ်ချက်မရှိသလို နျူကလီးယားလက်နက်တွေကို မလိုအပ်ဘူးဆိုတဲ့ အီရန်ရဲ့ကာလရှည်ကြာရပ်တည်ချက်တွေကို အလီခါမေနီက ထပ်မံပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံဟာ နျူကလီးယားဆွေးနွေးမှုတွေအတွက် ပါဝင်ပတ်သက်တဲ့နိုင်ငံအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အလီခါမေနီရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အာဘတ်စ်အာဂရာချီဟာ ဗြိတိန်၊ပြင်သစ်၊ဂျာမနီနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

အီရန်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်တာကို တားဆီးဖို့အတွက် အီရန်နဲ့ ‌ဥ‌ရောပအင်အားကြီးနိုင်ငံတွေဟာ ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။

zawgyi version
အေမရိကန္နဲ႔ေဆြးေႏြးညႇိႏႈိင္းမႈေတြက အီရန္ရဲ႕အက်ိဳးစီးပြားအတြက္ မဟုတ္ဘူးလို႔ အီရန္ထိပ္တန္းေခါင္းေဆာင္ေျပာ
Pika (NP News) - စက္တင္ဘာလ ၂၅

အေမရိကန္နဲ႔ န်ဴကလီးယားဆိုင္ရာေဆြးေႏြးညႇိႏႈိင္းမႈေတြဟာ အီရန္ရဲ႕အက်ိဳးစီးပြားအတြက္မဟုတ္ဘူးလို႔ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူေရနီယမ္သန႔္စင္မႈေတြကို စြန္႔လႊတ္ဖို႔အတြက္ ဖိအားေပးမႈေတြကို အီရန္က ၿငိမ္ခံသြားမွာမဟုတ္ဘူးလို႔လည္း အလီခါေမနီက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း အီရန္ဟာ န်ဴကလီးယားလက္နက္ထုတ္လုပ္ဖို႔ရည္႐ြယ္ခ်က္မရွိသလို န်ဴကလီးယားလက္နက္ေတြကို မလိုအပ္ဘူးဆိုတဲ့ အီရန္ရဲ႕ကာလရွည္ၾကာရပ္တည္ခ်က္ေတြကို အလီခါေမနီက ထပ္မံေျပာၾကားခဲ့ပါတယ္။

အီရန္ႏိုင္ငံဟာ န်ဴကလီးယားေဆြးေႏြးမႈေတြအတြက္ ပါဝင္ပတ္သက္တဲ့ႏိုင္ငံအားလုံးနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အလီခါေမနီရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အာဘတ္စ္အာဂရာခ်ီဟာ ၿဗိတိန္၊ျပင္သစ္၊ဂ်ာမနီႏိုင္ငံတို႔ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ နယူးေယာက္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

အီရန္အေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္တာကို တားဆီးဖို႔အတြက္ အီရန္နဲ႔ ‌ဥ‌ေရာပအင္အားႀကီးႏိုင္ငံေတြဟာ ေဆြးေႏြးညႇိႏႈိင္းမႈေတြကို ဆက္တိုက္လုပ္ေဆာင္ေနၾကတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.