ဝမ် ၁၄.၂ ဘီလီယျံတန် ဇိမ်ခံအိမ်တစ်လုံး ဝယ်လိုက်တဲ့ BTS အဖွဲ့ဝင် V

298
ရောင်နီ (NP News) - စက်တင်ဘာ ၂၆
တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ BTS ရဲ့အဖွဲ့ဝင် V (အမည်ရင်း ကင်ထယ်ဟွမ်) ဟာ တောင်ကိုရီးယား၊ ဆိုးလ်မြို့၊ ဂန်းနမ်းမှာ ဝမ် ၁၄.၂ ဘီလီလျံတန် ဇိမ်ခံအိမ်တစ်လုံးကို ငွေသားလက်ငင်း ပေးချေ ကာ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
အိမ်ခြံမြေမှတ်ပုံတင်အရ စက်တင်ဘာ ၁၇ ရက်က ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခန်းရဲ့ သီးသန့်ဧရိယာဟာ ၂၇၃.၉၆㎡ (ခန့်မှန်းခြေ၂,၉၅၁ စတုရန်းပေ) ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်း ပါဝင်တယ်လို့ သိရပါတယ်။ ကနဦးရောင်းချမှုသဘောတူညီချက်ကို မေလအစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး စက်တင်ဘာ ၁၇ ရက်မှာ ငွေသားအပြည့်ပေးချေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအိမ်ခြံမြေအဝန်းအဝိုင်းဟာ “The Penthouse Cheongdam" လို့ လူသိများပါတယ်။
အဲဒီအိမ်ခြံမြေအဝန်းအဝိုင်းမှာ သရုပ်ဆောင် ဂျန်ဒုန်ဂန်၊ ဂိုဆိုယောင်း၊ ဂေါက်ရိုက်အားကစားသမား ပက်ခ်အင်ဘီ၊ သရုပ်ဆောင် ဟွမ်ဝူဂျင်း တို့လို ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ နေထိုင်ရာနေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version:
ဝမ္ ၁၄.၂ ဘီလီယ်ံတန္ ဇိမ္ခံအိမ္တစ္လုံး ဝယ္လိုက္တဲ့ BTS အဖြဲ႕ဝင္ V
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆
ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ BTS ရဲ႕အဖြဲ႕ဝင္ V (အမည္ရင္း ကင္ထယ္ဟြမ္) ဟာ ေတာင္ကိုရီးယား၊ ဆိုးလ္ၿမိဳ႕၊ ဂန္းနမ္းမွာ ဝမ္ ၁၄.၂ ဘီလီလ်ံတန္ ဇိမ္ခံအိမ္တစ္လုံးကို ေငြသားလက္ငင္း ေပးေခ် ကာ ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။
အိမ္ၿခံေျမမွတ္ပုံတင္အရ စက္တင္ဘာ ၁၇ ရက္က ဝယ္ယူခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ တိုက္ခန္းရဲ႕ သီးသန႔္ဧရိယာဟာ ၂၇၃.၉၆㎡ (ခန႔္မွန္းေျခ၂,၉၅၁ စတုရန္းေပ) က်ယ္ဝန္းၿပီး အိပ္ခန္း ၅ ခန္း၊ ေရခ်ိဳးခန္း ၃ ခန္း ပါဝင္တယ္လို႔ သိရပါတယ္။ ကနဦးေရာင္းခ်မႈသေဘာတူညီခ်က္ကို ေမလအေစာပိုင္းတြင္ လက္မွတ္ေရးထိုးခဲ့ၿပီး စက္တင္ဘာ ၁၇ ရက္မွာ ေငြသားအျပည့္ေပးေခ် ဝယ္ယူခဲ့တာျဖစ္ပါတယ္။ အဲဒီအိမ္ၿခံေျမအဝန္းအဝိုင္းဟာ “The Penthouse Cheongdam" လို႔ လူသိမ်ားပါတယ္။
အဲဒီအိမ္ၿခံေျမအဝန္းအဝိုင္းမွာ သ႐ုပ္ေဆာင္ ဂ်န္ဒုန္ဂန္၊ ဂိုဆိုေယာင္း၊ ေဂါက္႐ိုက္အားကစားသမား ပက္ခ္အင္ဘီ၊ သ႐ုပ္ေဆာင္ ဟြမ္ဝူဂ်င္း တို႔လို ထင္ရွားေက်ာ္ၾကားတဲ့ အႏုပညာရွင္ေတြ ေနထိုင္ရာေနရာလည္း ျဖစ္တယ္လို႔ သိရပါတယ္။