မလေးရှားသို့ မြန်မာနိုင်ငံသားများ ဗီဇာမလိုဘဲ(၁၄)ရက် လည်ပတ်ခွင့်ပြု

 212

NP News - စက်တင်ဘာ ၂၆

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံသားများကို ဗီဇာမလိုဘဲ နိုင်ငံအတွင်း ၁၄ ရက် လည်ပတ်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်မြို့ရှိ မလေးရှားသံရုံးက စက်တင်ဘာ (၂၅)ရက် ညပိုင်း ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ကာလတို လည်ပတ်မှုအတွက် ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း၊ အဆိုပါ ဗီဇာကင်းလွတ်ခွင့်တွင် မလေးရှားနိုင်ငံအတွင်း ရက်ပေါင်း ၁၄ ရက် နေထိုင်နိုင်ကြောင်း မလေးရှားသံရုံးက ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်သည် သတ်မှတ်ထားသည့် နိုင်ငံဝင်ပေါက်၊ ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိ၏ အတည်ပြုမှုချက်အပေါ်မူတည်သဖြင့် ဗီဇာလိုအပ်ချက် ကင်းလွတ်ခွင့်ပြုခြင်းသည် မလေးရှားနိုင်ငံသထဲ ဝင်ရောက်ခွင့်ရရန် အာမခံချက်မဟုတ်သည်ကို သတိပြုစေလိုကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မလေးရှားနိုင်ငံသို့ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများသည် သံရုံးမှ ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး လိုအပ်သည်များ ပြည့်စုံစွာ ယူဆောင်သွားကြရန် ခရီးသွား ကုမ္ပဏီများက အကြံပြုထားသည်။

Zawgyi Version:
မေလးရွားသို႔ ျမန္မာႏိုင္ငံသားမ်ား ဗီဇာမလိုဘဲ(၁၄)ရက္ လည္ပတ္ခြင့္ျပဳ
NP News - စက္တင္ဘာ ၂၆
မေလးရွားႏိုင္ငံသည္ ျမန္မာႏိုင္ငံသားမ်ားကို ဗီဇာမလိုဘဲ ႏိုင္ငံအတြင္း ၁၄ ရက္ လည္ပတ္ခြင့္ျပဳလိုက္ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ မေလးရွားသံ႐ုံးက စက္တင္ဘာ (၂၅)ရက္ ညပိုင္း ထုတ္ျပန္လိုက္သည္။
ေအာက္တိုဘာလ ၁ ရက္မွစတင္၍ ျမန္မာႏိုင္ငံသားႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူမ်ားအေနျဖင့္ မေလးရွားႏိုင္ငံသို႔ ကာလတို လည္ပတ္မႈအတြက္ ဗီဇာကင္းလြတ္ခြင့္ျပဳလိုက္ေၾကာင္း၊ အဆိုပါ ဗီဇာကင္းလြတ္ခြင့္တြင္ မေလးရွားႏိုင္ငံအတြင္း ရက္ေပါင္း ၁၄ ရက္ ေနထိုင္ႏိုင္ေၾကာင္း မေလးရွားသံ႐ုံးက ေဖာ္ျပထားသည္။
မေလးရွားႏိုင္ငံသို႔ ဝင္ေရာက္ခြင့္သည္ သတ္မွတ္ထားသည့္ ႏိုင္ငံဝင္ေပါက္၊ ထြက္ေပါက္မ်ားရွိ လူဝင္မႈႀကီးၾကပ္ေရး အရာရွိ၏ အတည္ျပဳမႈခ်က္အေပၚမူတည္သျဖင့္ ဗီဇာလိုအပ္ခ်က္ ကင္းလြတ္ခြင့္ျပဳျခင္းသည္ မေလးရွားႏိုင္ငံသထဲ ဝင္ေရာက္ခြင့္ရရန္ အာမခံခ်က္မဟုတ္သည္ကို သတိျပဳေစလိုေၾကာင္း သံ႐ုံးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ မေလးရွားႏိုင္ငံသို႔ ၁၄ ရက္ ဗီဇာကင္းလြတ္ခြင့္ျဖင့္ သြားေရာက္လည္ပတ္မည့္ ျမန္မာႏိုင္ငံသားမ်ားသည္ သံ႐ုံးမွ ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာၿပီး လိုအပ္သည္မ်ား ျပည့္စုံစြာ ယူေဆာင္သြားၾကရန္ ခရီးသြား ကုမၸဏီမ်ားက အႀကံျပဳထားသည္။

Related news

© 2021. All rights reserved.