တောင်သူများအတွက် ဂျုံသီးနှံစိုက်ပျိုးစရိတ်များကို တစ်ဧကလျှင် ငွေကျပ် ( ၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးသွားမည်

227

စော(NP News)- အောက်တိုဘာ ၃
တောင်သူများအတွက် ဂျုံသီးနှံစိုက်ပျိုးစရိတ်များကို တစ်ဧကလျှင် ငွေကျပ် ( ၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံအပါအဝင် သီးနှံ (၂၃) မျိုးအား မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်ကလည်း ဂျုံသီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် (၂၀၂၅)ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေမှ စတင်၍ ဂျုံသီးနှံချေးငွေအား တစ်ဧကချေးငွေကျပ် (၁၅၀၀၀၀) နှုန်း၊ တစ်နှစ် လျှင် အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဂျုံသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများကို ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

Zawgyi Version:
ေတာင္သူမ်ားအတြက္ ဂ်ဳံသီးႏွံစိုက္ပ်ိဳးစရိတ္မ်ားကို တစ္ဧကလွ်င္ ေငြက်ပ္ ( ၁၅၀၀၀၀)ႏႈန္းျဖင့္ ထုတ္ေခ်းေပးသြားမည္
ေစာ(NP News)- ေအာက္တိုဘာ ၃
ေတာင္သူမ်ားအတြက္ ဂ်ဳံသီးႏွံစိုက္ပ်ိဳးစရိတ္မ်ားကို တစ္ဧကလွ်င္ ေငြက်ပ္ ( ၁၅၀၀၀၀)ႏႈန္းျဖင့္ ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္အေနျဖင့္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းရာတြင္ စပါးသီးႏွံအပါအဝင္ သီးႏွံ (၂၃) မ်ိဳးအား မိုး၊ ေဆာင္း၊ မိုးႀကိဳရာသီအလိုက္ စိုက္ပ်ိဳးခ်ိန္အမီ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေတာ္ကလည္း ဂ်ဳံသီးႏွံတိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး အတြက္ အားေပးေဆာင္႐ြက္လ်က္ရွိရာ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး ဘဏ္သည္ (၂၀၂၅)ေဆာင္းရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြမွ စတင္၍ ဂ်ဳံသီးႏွံေခ်းေငြအား တစ္ဧကေခ်းေငြက်ပ္ (၁၅၀၀၀၀) ႏႈန္း၊ တစ္ႏွစ္ လွ်င္ အတိုးႏႈန္း (၅) ရာခိုင္ႏႈန္းျဖင့္ သက္ဆိုင္ရာ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ ဘဏ္ခြဲမ်ားမွတစ္ဆင့္ ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ေတာင္သူလယ္သမားဦးႀကီးမ်ားအေနျဖင့္ ဂ်ဳံသီးႏွံ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား အခ်ိန္မီရရွိႏိုင္ေရးအတြက္ ျမန္မာ့ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္၊ သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္ ဘဏ္ခြဲမ်ားကို ဆက္သြယ္ႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္သည္ ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ ေတာင္သူလယ္သမားဦးႀကီးမ်ားသို႔ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို ႏွစ္စဥ္ထုတ္ေခ်းေပးလ်က္ ရွိေၾကာင္း သိရသည္။