ရုရှားနိုင်ငံတွင်းရှိ တာဝေးပစ်မှတ်များကို တိုက်ခိုက်စေနိုင်ရန်အတွက် ယူကရိန်းကို ထောက်လှမ်းရေးအချက်အလက်များ ပံ့ပိုးပေးသွားမည်ဟု အမေရိကန်ပြော

 275

Pika (NP News) - အောက်တိုဘာ ၄
ရုရှားနိုင်ငံတွင်းရှိ တာဝေးစွမ်းအင်အခြေခံအဆောက်အဦးများကို ပစ်မှတ်ထားနိုင်ရန်အတွက် အမေရိကန်က ယူကရိန်းကို ထောက်လှမ်းရေးဆိုင်ရာထောက်ပံ့မှုများ လုပ်ဆောင်ပေးသွားမယ်ဖြစ်ကြောင်း အမေရိကန်အရာရှိ နှစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။
ယူကရိန်းကို အလားတူထောက်ပံ့ပေးမှုများလုပ်ဆောင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများကို အမေရိကန်က တောင်းဆို ထားကြောင်း အမေရိကန်အရာရှိများက ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အချိန်(၃)နှစ် ကျော်ကြာဖြစ်ပွားနေသော ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်ကြိုးပမ်းမှုတွင် ဒေါ်နယ်ထရမ့်က ရုရှားအပေါ် သဘောထားများ တင်းမာလာခဲ့ပြီးနောက် လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံးမူဝါဒအပြောင်းအလဲကို ကိုယ်စားပြု ထားကြောင်းလည်း သိရသည်။
အမေရိကန်သည် ယူကရိန်းနှင့် ထောက်လှမ်းရေးအချက်အလက်ဆိုင်ရာ မျှဝေမှုများကို ကာလရှည်ကြာ လုပ်ဆောင်ခဲ့သော်လည်း ယခုတစ်ကြိမ်ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းသည် ရုရှား၏ ရေနံပိုက်လိုင်းများ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများကဲ့သို့သော အခြေခံအဆောက်အဦးများကို ပိုမိုလွယ်ကူစွာ တိုက်ခိုက်နိုင်သွားလိမ့် မည်ဖြစ်ကြောင်း Wall Street Journal က ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်များ ထောက်ပံ့ပေးသွားရန် အမေရိကန်အစိုးရက စဉ်းစားနေ ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုလိုဆုံးဖြတ်ချက်များ ထပ်မံထွက်ပေါ်လာ ခြင်းဖြစ်သည်။ သို့သော်လည်း အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်များ ထောက်ပံ့ ပေးသွားမည်ဆိုပါက မှန်းဆ၍မရနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ရုရှားအစိုးရက သတိပေးပြောဆိုခဲ့သည်။

Zawgyi Version:
႐ုရွားႏိုင္ငံတြင္းရွိ တာေဝးပစ္မွတ္မ်ားကို တိုက္ခိုက္ေစႏိုင္ရန္အတြက္ ယူကရိန္းကို ေထာက္လွမ္းေရးအခ်က္ အလက္မ်ား ပံ့ပိုးေပးသြားမည္ဟု အေမရိကန္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၄
႐ုရွားႏိုင္ငံတြင္းရွိ တာေဝးစြမ္းအင္အေျခခံအေဆာက္အဦးမ်ားကို ပစ္မွတ္ထားႏိုင္ရန္အတြက္ အေမရိကန္က ယူကရိန္းကို ေထာက္လွမ္းေရးဆိုင္ရာေထာက္ပံ့မႈမ်ား လုပ္ေဆာင္ေပးသြားမယ္ျဖစ္ေၾကာင္း အေမရိကန္အရာရွိ ႏွစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ယူကရိန္းကို အလားတူေထာက္ပံ့ေပးမႈမ်ားလုပ္ေဆာင္ရန္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားကို အေမရိကန္က ေတာင္းဆို ထားေၾကာင္း အေမရိကန္အရာရွိမ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါဆုံးျဖတ္ခ်က္သည္ အခ်ိန္(၃)ႏွစ္ ေက်ာ္ၾကာျဖစ္ပြားေနေသာ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ရန္ႀကိဳးပမ္းမႈတြင္ ေဒၚနယ္ထရမ့္က ႐ုရွားအေပၚ သေဘာထားမ်ား တင္းမာလာခဲ့ၿပီးေနာက္ လက္မွတ္ေရးထိုးခဲ့သည့္ ပထမဆုံးမူဝါဒအေျပာင္းအလဲကို ကိုယ္စားျပဳ ထားေၾကာင္းလည္း သိရသည္။
အေမရိကန္သည္ ယူကရိန္းႏွင့္ ေထာက္လွမ္းေရးအခ်က္အလက္ဆိုင္ရာ မွ်ေဝမႈမ်ားကို ကာလရွည္ၾကာ လုပ္ေဆာင္ခဲ့ေသာ္လည္း ယခုတစ္ႀကိမ္ဆုံးျဖတ္ခ်က္ေၾကာင့္ ယူကရိန္းသည္ ႐ုရွား၏ ေရနံပိုက္လိုင္းမ်ား၊ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမ်ားကဲ့သို႔ေသာ အေျခခံအေဆာက္အဦးမ်ားကို ပိုမိုလြယ္ကူစြာ တိုက္ခိုက္ႏိုင္သြားလိမ့္ မည္ျဖစ္ေၾကာင္း Wall Street Journal က ေရးသားေဖာ္ျပခဲ့သည္။
ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္မ်ား ေထာက္ပံ့ေပးသြားရန္ အေမရိကန္အစိုးရက စဥ္းစားေန ေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုလိုဆုံးျဖတ္ခ်က္မ်ား ထပ္မံထြက္ေပၚလာ ျခင္းျဖစ္သည္။ သို႔ေသာ္လည္း အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္မ်ား ေထာက္ပံ့ ေပးသြားမည္ဆိုပါက မွန္းဆ၍မရႏိုင္ေသာ အႏၲရာယ္မ်ားကို ရင္ဆိုင္ရလိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရက သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.