အခြားနိုင်ငံ၏ အနိုင်ကျင့်သောလုပ်ရပ်များကို အိန္ဒိယက သည်းခံလိမ့်မည်မဟုတ်ကြောင်း ရုရှားသမ္မတပြော

 176

ဂျန်ဇက် (NP News) - အောက်တိုဘာ ၄
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ၏အကျိုးစီးပွားနှင့် ဦးစားပေးအစီစဉ်များကို ထိခိုက် နစ်နာစေမည့်ဆုံး ဖြတ်ချက်ချပြီး အနိုင်ကျင့်သော လုပ်ရပ်များကိုသည်းခံမည်မဟုတ်ကြောင်း ရုရှား သမ္မတပူတင်ကထုတ်ဖော်ပြောဆို လိုက်သည်။
အောက်တိုဘာ (၂)ရက်က ဆိုချီမြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲအတွင်း သတင်းထောက်များက ရုရှား၏ မိတ်ဖက် အိန္ဒိယနိုင်ငံအပေါ် အမေရိကန်နိုင်ငံကခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး မေးမြန်းချိန်တွင် ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံကို ရုရှားနိုင်ငံမှ ထွက်ရှိသည့် ရေနံနှင့်ဓာတ်ငွေ့မဝယ်ယူရန် တောင်း ဆိုလျက်ရှိနေပြီး လက်ခံလိုက်နာမှုမရှိပါက အိန္ဒိယနိုင်ငံကို အခွန်တိုးမြှင့်ကောက်ခံမည့်အပြင် ပိတ်ဆို့မှု များချမှတ် မည်ဟု ခြိမ်းခြောက်ထားသည်။
ရုရှားသမ္မတပူတင်က ‘‘အိန္ဒိယနိုင်ငံဟာ အခြားနိုင်ငံက ဖိနှိပ်အနိုင်ကျင့်တာမျိုးကိုဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး၊ အိန္ဒိယလို နိုင်ငံကြီးတစ်နိုင်ငံရဲ့ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ သတိထားဂရုစိုက်လုပ် ဆောင်ကြတယ်။ ကျွန်တော်ဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ရင်းနှီးမှုရှိပါတယ်။ မိုဒီဟာ နိုင်ငံအတွက် နစ်နာစေမယ့် ဆုံးဖြတ်ချက်မျိုး ချမှတ်မှာမဟုတ်ဘူး” ဟုပြောသည်။ အိန္ဒိယနိုင်ငံ သည် ပြီးခဲ့သော (၂၀၂၃)ခုနှစ်နောက်ပိုင်းတည်းက ဥရောပတိုက်သို့ သန့်စင်ပြီးလောင်စာအများဆုံးတင် ပို့နေသောနိုင်ငံဖြစ်လာခဲ့ကြောင်းသိရသည်။
အိန္ဒိယ ပြည်တွင်းကုမ္ပဏီများသည် ရုရှားနိုင်ငံထံမှ ရေနံစိမ်းများကိုလျှော့ဈေးဖြင့် ဝယ်ယူပြီး ပြန်လည် သန့်စင်ကာ ဥရောပဈေးကွက်ကို အဓိကထားတင်ပို့နေကြောင်းသိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံအတွင်းသို့တင်ပို့နေသော အိန္ဒိယကုန်စည်များကို အခွန် (၅၀) ရာခိုင်နှုန်းကောက်ခံ ထား ကြောင်းသိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံထံမှ စွမ်းအင်များကို ဝယ်ယူပြီး ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ကာ ရုရှားကို ကူညီထောက်ပံ့နေကြောင်း ပြီးခဲ့ သောသီတင်းပတ်အတွင်းပြုလုပ်သည့် ကုလ သမဂ္ဂအစည်းအဝေးတွင်ထည့်သွင်းပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကရုရှားနိုင်ငံထံမှ စွမ်းအင်အများ အပြားကို ဝယ်ယူပြီး တစ်ဖက်လှည့်ဖြင့် ထောက်ပံ့ပေး နေခြင်းမျာကို လက်ခံမည်မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

Zawgyi Version:
အျခားႏိုင္ငံ၏ အႏိုင္က်င့္ေသာလုပ္ရပ္မ်ားကို အိႏၵိယက သည္းခံလိမ့္မည္မဟုတ္ေၾကာင္း ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၄
အိႏၵိယႏိုင္ငံအေနျဖင့္ ၎တို႔ႏိုင္ငံ၏အက်ိဳးစီးပြားႏွင့္ ဦးစားေပးအစီစဥ္မ်ားကို ထိခိုက္ နစ္နာေစမည့္ဆုံး ျဖတ္ခ်က္ခ်ၿပီး အႏိုင္က်င့္ေသာ လုပ္ရပ္မ်ားကိုသည္းခံမည္မဟုတ္ေၾကာင္း ႐ုရွား သမၼတပူတင္ကထုတ္ေဖာ္ေျပာဆို လိုက္သည္။
ေအာက္တိုဘာ (၂)ရက္က ဆိုခ်ီၿမိဳ႕တြင္ က်င္းပခဲ့ေသာ ေဆြးေႏြးပြဲအတြင္း သတင္းေထာက္မ်ားက ႐ုရွား၏ မိတ္ဖက္ အိႏၵိယႏိုင္ငံအေပၚ အေမရိကန္ႏိုင္ငံကၿခိမ္းေျခာက္မႈမ်ားႏွင့္ပတ္သက္ၿပီး ေမးျမန္းခ်ိန္တြင္ ယင္းကဲ့သို႔ ေျပာဆို ခဲ့ျခင္းျဖစ္သည္။
အေမရိကန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံကို ႐ုရွားႏိုင္ငံမွ ထြက္ရွိသည့္ ေရနံႏွင့္ဓာတ္ေငြ႕မဝယ္ယူရန္ ေတာင္း ဆိုလ်က္ရွိေနၿပီး လက္ခံလိုက္နာမႈမရွိပါက အိႏၵိယႏိုင္ငံကို အခြန္တိုးျမႇင့္ေကာက္ခံမည့္အျပင္ ပိတ္ဆို႔မႈ မ်ားခ်မွတ္ မည္ဟု ၿခိမ္းေျခာက္ထားသည္။
႐ုရွားသမၼတပူတင္က ‘‘အိႏၵိယႏိုင္ငံဟာ အျခားႏိုင္ငံက ဖိႏွိပ္အႏိုင္က်င့္တာမ်ိဳးကိုဘယ္ေတာ့မွ ခြင့္ျပဳမွာ မဟုတ္ဘူး၊ အိႏၵိယလို ႏိုင္ငံႀကီးတစ္ႏိုင္ငံရဲ႕ေခါင္းေဆာင္ေတြဟာ ဆုံးျဖတ္ခ်က္ခ်မွတ္ရာမွာ သတိထားဂ႐ုစိုက္လုပ္ ေဆာင္ၾကတယ္။ ကြၽန္ေတာ္ဟာ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ရင္းႏွီးမႈရွိပါတယ္။ မိုဒီဟာ ႏိုင္ငံအတြက္ နစ္နာေစမယ့္ ဆုံးျဖတ္ခ်က္မ်ိဳး ခ်မွတ္မွာမဟုတ္ဘူး” ဟုေျပာသည္။ အိႏၵိယႏိုင္ငံ သည္ ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္ေနာက္ပိုင္းတည္းက ဥေရာပတိုက္သို႔ သန႔္စင္ၿပီးေလာင္စာအမ်ားဆုံးတင္ ပို႔ေနေသာႏိုင္ငံျဖစ္လာခဲ့ေၾကာင္းသိရသည္။
အိႏၵိယ ျပည္တြင္းကုမၸဏီမ်ားသည္ ႐ုရွားႏိုင္ငံထံမွ ေရနံစိမ္းမ်ားကိုေလွ်ာ့ေဈးျဖင့္ ဝယ္ယူၿပီး ျပန္လည္ သန႔္စင္ကာ ဥေရာပေဈးကြက္ကို အဓိကထားတင္ပို႔ေနေၾကာင္းသိရသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံအတြင္းသို႔တင္ပို႔ေနေသာ အိႏၵိယကုန္စည္မ်ားကို အခြန္ (၅၀) ရာခိုင္ႏႈန္းေကာက္ခံ ထား ေၾကာင္းသိရသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ႐ုရွားႏိုင္ငံထံမွ စြမ္းအင္မ်ားကို ဝယ္ယူၿပီး ယူကရိန္းစစ္ပြဲႏွင့္ ပတ္သက္ကာ ႐ုရွားကို ကူညီေထာက္ပံ့ေနေၾကာင္း ၿပီးခဲ့ ေသာသီတင္းပတ္အတြင္းျပဳလုပ္သည့္ ကုလ သမဂၢအစည္းအေဝးတြင္ထည့္သြင္းေျပာဆိုခဲ့သည္။
အေမရိကန္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔က႐ုရွားႏိုင္ငံထံမွ စြမ္းအင္အမ်ား အျပားကို ဝယ္ယူၿပီး တစ္ဖက္လွည့္ျဖင့္ ေထာက္ပံ့ေပး ေနျခင္းမ်ာကို လက္ခံမည္မဟုတ္ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က ေျပာသည္။

Related news

© 2021. All rights reserved.