အမေဖြစ်သူကို အသည်းတစ်ခြမ်း လှူထားခြင်းကြောင့် စစ်မှုထမ်း ကင်းလွတ်ခွင့် ရထားတယ်ဆိုတဲ့ Bon Appétit, Your Majesty' ထဲက ဂုံဂီသရုပ်ဆောင် လီဂျိုအမ်

409

ရောင်နီ (NP News) - အောက်တိုဘာ ၄
မကြာသေးခင်ကမှ ဇာတ်သိမ်းသွားတဲ့ tvN ရဲ့ ဒရာမာ 'Bon Appétit, Your Majesty' မှာ လူရွှင်တော် ဂုံဂီ အဖြစ် သရုပ်ဆောင်ပြီး ပရိသတ်အသိအမှတ်ပြုမှု ရရှိထားတဲ့ မင်းသား လီဂျိုအမ်ဟာ သူ့ရဲ့စစ်မှုမထမ်းမနေရ ကင်းလွတ်ခွင့် ရရှိထားတဲ့နောက်ကွယ်က လေးနက်တဲ့ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကို ဖွင့်ဟပြောဆိုခဲ့ ပါတယ်။
အောက်တိုဘာလ ၁ ရက်က SPOTV News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လီ က “တကယ်တော့ ကျွန်တော် စစ်မှုထမ်း ကင်းလွတ်ခွင့် ရခဲ့ပါတယ်” လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ "ကျွန်တော် အသက် ၂၂ နှစ်အရွယ်မှာ ကျွန်တော့် ရဲ့အသည်းတစ်စိတ်တစ်ပိုင်းကို အမေ့ဆီ လှူခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို စစ်မှုထမ်း အမှုတော်ဆောင် ခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်" ကံကောင်းထောက်မစွာနဲ့ အဲဒီတုန်းက ခွဲစိတ်ကုသမှုလည်း အောင်မြင် ခဲ့ပြီး အမေဖြစ်သူ ကျန်းမာရေးကောင်းလာခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ ဒရာမာ 'Bon Appétit, Your Majesty' ဟာ မီချယ်လင် ကြယ်ပွင့်စားဖိုမှူး ယွန်းဂျီယောင်းရဲ့လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ဂျိုဆွန်းပြည်ကို အချိန်ခရီးသွားရောက်ရှိပြီး အာဏာရှင် ဘုရင် လီဟွန်းနဲ့ တွေ့ဆုံခဲ့ပုံကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။ အဲဒီဇာတ်ကားမှာ လီဂျိုအမ် က လုပ်ကြံသတ်ဖြတ်သူအဖြစ် လျှို့ဝှက်လုပ်ဆောင်နေတဲ့ ဘုရင့်ရဲ့ ချစ်လှစွာသော နန်းတွင်းလူရွှင်တော် ဂုံဂီ အဖြစ် သရုပ်ဆောင်ထားပါတယ်။ လီဂျိုအမ်ဟာ ၂၀၁၈ ခုနှစ်မှာ 'SKY Castle' ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး 'Save Me 2' 'Sweet Munchies' 'True Beauty' နဲ့ 'Love Song for Illusion' မှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားပါတယ်။

Zawgyi Version:
အေမျဖစ္သူကို အသည္းတစ္ျခမ္း လႉထားျခင္းေၾကာင့္ စစ္မႈထမ္း ကင္းလြတ္ခြင့္ ရထားတယ္ဆိုတဲ့ Bon Appétit, Your Majesty' ထဲက ဂုံဂီသ႐ုပ္ေဆာင္ လီဂ်ိဳအမ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၄
မၾကာေသးခင္ကမွ ဇာတ္သိမ္းသြားတဲ့ tvN ရဲ႕ ဒရာမာ 'Bon Appétit, Your Majesty' မွာ လူ႐ႊင္ေတာ္ ဂုံဂီ အျဖစ္ သ႐ုပ္ေဆာင္ၿပီး ပရိသတ္အသိအမွတ္ျပဳမႈ ရရွိထားတဲ့ မင္းသား လီဂ်ိဳအမ္ဟာ သူ႔ရဲ႕စစ္မႈမထမ္းမေနရ ကင္းလြတ္ခြင့္ ရရွိထားတဲ့ေနာက္ကြယ္က ေလးနက္တဲ့ ကိုယ္ေရးကိုယ္တာအေၾကာင္းျပခ်က္ကို ဖြင့္ဟေျပာဆိုခဲ့ ပါတယ္။
ေအာက္တိုဘာလ ၁ ရက္က SPOTV News နဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ လီ က “တကယ္ေတာ့ ကြၽန္ေတာ္ စစ္မႈထမ္း ကင္းလြတ္ခြင့္ ရခဲ့ပါတယ္” လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။ "ကြၽန္ေတာ္ အသက္ ၂၂ ႏွစ္အ႐ြယ္မွာ ကြၽန္ေတာ့္ ရဲ႕အသည္းတစ္စိတ္တစ္ပိုင္းကို အေမ့ဆီ လႉခဲ့ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ့္ကို စစ္မႈထမ္း အမႈေတာ္ေဆာင္ ျခင္းမွ ကင္းလြတ္ခြင့္ေပးခဲ့တာျဖစ္ပါတယ္" ကံေကာင္းေထာက္မစြာနဲ႔ အဲဒီတုန္းက ခြဲစိတ္ကုသမႈလည္း ေအာင္ျမင္ ခဲ့ၿပီး အေမျဖစ္သူ က်န္းမာေရးေကာင္းလာခဲ့တယ္လို႔ ဆိုပါတယ္။
စက္တင္ဘာလ ၂၈ ရက္ကမွ ဇာတ္သိမ္းသြားခဲ့တဲ့ ဒရာမာ 'Bon Appétit, Your Majesty' ဟာ မီခ်ယ္လင္ ၾကယ္ပြင့္စားဖိုမႉး ယြန္းဂ်ီေယာင္းရဲ႕လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀ ေက်ာ္က ဂ်ိဳဆြန္းျပည္ကို အခ်ိန္ခရီးသြားေရာက္ရွိၿပီး အာဏာရွင္ ဘုရင္ လီဟြန္းနဲ႔ ေတြ႕ဆုံခဲ့ပုံကို ဇာတ္အိမ္ဖြဲ႕ ႐ိုက္ကူးထားပါတယ္။ အဲဒီဇာတ္ကားမွာ လီဂ်ိဳအမ္ က လုပ္ႀကံသတ္ျဖတ္သူအျဖစ္ လွ်ိဳ႕ဝွက္လုပ္ေဆာင္ေနတဲ့ ဘုရင့္ရဲ႕ ခ်စ္လွစြာေသာ နန္းတြင္းလူ႐ႊင္ေတာ္ ဂုံဂီ အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ လီဂ်ိဳအမ္ဟာ ၂၀၁၈ ခုႏွစ္မွာ 'SKY Castle' ဇာတ္ကားနဲ႔ ပြဲဦးထြက္ခဲ့ၿပီး 'Save Me 2' 'Sweet Munchies' 'True Beauty' နဲ႔ 'Love Song for Illusion' မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ကာ ပရိသတ္ရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားပါတယ္။