ရာထူးကနေနှုတ်ထွက်ပေးဖို့ ပြင်သစ်သမ္မတကို ဝန်ကြီးချုပ်ဟောင်းတောင်းဆို

411

Pika (NP News)-အောက်တိုဘာ ၉
ပြင်သစ်သမ္မတ မက်ခရွန်ကို ရာထူးကနေနှုတ်ထွက်ပေးဖို့ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း Edouard Philippeက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ပြင်သစ်နိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ပိုမိုဖြစ်ပွားလာနေချိန်မှာပဲ Edouard Philippeရဲ့ တောင်းဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။(၂၀၁၇)ခုနှစ်မှာ မက်ခရွန်က သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်းတည်းက လက်ရှိအချိန်အထိ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်သွားခဲ့သူ(၇)ဦးအထိ ရှိခဲ့တယ်လို့သိရပါတယ်။ပြင်သစ်နိုင်ငံရဲ့ မြင့်တက်လာနေတဲ့ ကြွေးမြီးပြဿနာကို ဖြေရှင်းဖို့အတွက် ဘတ်ဂျက်တစ်ခုကိုအသုံးပြုဖို့ ပြင်သစ်အစိုးရက ကြိုးပမ်းနေမှုနဲ့အတူ လွှတ်တော်အတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။အဲ့ဒီဘတ်ဂျက်ကို အတည်ပြုပြီး အစောပိုင်းသမ္မတရွေးကောက်ပွဲကို ထုတ်ပြန်ကြေညာပြီးတာနဲ့ မက်ခရွန်က ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့လည်း Edouard Philippeက ပြောကြားခဲ့ပါတယ်။ Edouard Philippeက”မက်ခရွန်ဟာ ရာထူးကနေနှုတ်ထွက်ပေးရပါမယ်။သမ္မတရွေးကောက်ပွဲကို ကြေညာပြီးတာနဲ့တစ်ပြိုင်နက် မက်ခရွန်က ရာထူးကနေနှုတ်ထွက်သင့်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့လတွေအတွင်း မက်ခရွန်ရဲ့ လူကြိုက်များမှုဟာ သမ္မတအဖြစ်စတင်တာဝန်ယူပြီးနောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ရာထူးကေနႏႈတ္ထြက္ေပးဖို႔ ျပင္သစ္သမၼတကို ဝန္ႀကီးခ်ဳပ္ေဟာင္းေတာင္းဆို
Pika (NSS)-ေအာက္တိုဘာ ၉
ျပင္သစ္သမၼတ မက္ခ႐ြန္ကို ရာထူးကေနႏႈတ္ထြက္ေပးဖို႔ ျပင္သစ္ဝန္ႀကီးခ်ဳပ္ေဟာင္း Edouard Philippeက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ျပင္သစ္ႏိုင္ငံမွာ ႏိုင္ငံေရးအက်ပ္အတည္းေတြ ပိုမိုျဖစ္ပြားလာေနခ်ိန္မွာပဲ Edouard Philippeရဲ႕ ေတာင္းဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။(၂၀၁၇)ခုႏွစ္မွာ မက္ခ႐ြန္က သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္းတည္းက လက္ရွိအခ်ိန္အထိ ဝန္ႀကီးခ်ဳပ္ရာထူးကေန ႏႈတ္ထြက္သြားခဲ့သူ(၇)ဦးအထိ ရွိခဲ့တယ္လို႔သိရပါတယ္။ျပင္သစ္ႏိုင္ငံရဲ႕ ျမင့္တက္လာေနတဲ့ ေႂကြးၿမီးျပႆနာကို ေျဖရွင္းဖို႔အတြက္ ဘတ္ဂ်က္တစ္ခုကိုအသုံးျပဳဖို႔ ျပင္သစ္အစိုးရက ႀကိဳးပမ္းေနမႈနဲ႔အတူ လႊတ္ေတာ္အတြင္းမွာ သေဘာထားကြဲလြဲမႈေတြ ျဖစ္ေပၚေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။အဲ့ဒီဘတ္ဂ်က္ကို အတည္ျပဳၿပီး အေစာပိုင္းသမၼတေ႐ြးေကာက္ပြဲကို ထုတ္ျပန္ေၾကညာၿပီးတာနဲ႔ မက္ခ႐ြန္က ရာထူးကေန ႏႈတ္ထြက္သင့္တယ္လို႔လည္း Edouard Philippeက ေျပာၾကားခဲ့ပါတယ္။ Edouard Philippeက”မက္ခ႐ြန္ဟာ ရာထူးကေနႏႈတ္ထြက္ေပးရပါမယ္။သမၼတေ႐ြးေကာက္ပြဲကို ေၾကညာၿပီးတာနဲ႔တစ္ၿပိဳင္နက္ မက္ခ႐ြန္က ရာထူးကေနႏႈတ္ထြက္သင့္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့လေတြအတြင္း မက္ခ႐ြန္ရဲ႕ လူႀကိဳက္မ်ားမႈဟာ သမၼတအျဖစ္စတင္တာဝန္ယူၿပီးေနာက္ပိုင္း အနိမ့္ဆုံးအဆင့္ကို က်ဆင္းသြားခဲ့တယ္လို႔လည္း သိရပါတယ္။