လုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးပြော

 327

ပီယ (NP News) - စက်တင်ဘာ ၁၁
လုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အောက်တိုဘာလ ၁၀ ရက်တွင် ပြောသည်။
ယင်းနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ သွေးကြောသွင်း ဆေးရည်ထုတ်လုပ်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြီးကြပ်မှုအောက်ရှိ စက်မှုလုပ်ငန်းများမှ အထွေထွေမန်နေဂျာများ၊ ဆေးဝါးစက်ရုံ(အင်းစိန်)၏ စက်ရုံတာဝန်ခံ၊ စက်ရုံရှိ ဌာနကြီးမှူးများနှင့်တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆေးဝါးစက်ရုံ(အင်းစိန်)သည် BPI ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ကိုယ်ပိုင် Formula ဆေးဖော်စပ်နည်းများ အသုံးပြု၍ ဆေးဝါးများကို ထုတ်လုပ်ဆောင်ရွက်နေသော Original Brand Manufacturer ဖြစ်ကြောင်း၊ BPI အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ဆေးဝါးများသည် အရည်အသွေးပြည့်ဝမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အာနိသင်ထက်မြက်မှုရှိရန် အထူးအရေးကြီးကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ထို့ပြင် လုပ်ငန်းရှင်းများကိုဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံများအနေဖြင့် လူအများ၏ အသက်ကိုကယ်တင်သည့်ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်းဖြစ်သည့်အတွက် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်တိုင်းအား အထူးဂရုပြု၍ အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်ဟု မှာကြားခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
လုပ္ငန္းရွင္မ်ားကိုဖိတ္ေခၚ၍ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) စနစ္ျဖင့္ ေဆးဝါးမ်ားထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးေျပာ
ပီယ (NP News) - စက္တင္ဘာ ၁၁
လုပ္ငန္းရွင္မ်ားကိုဖိတ္ေခၚ၍ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) စနစ္ျဖင့္ ေဆးဝါးမ်ားထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္ စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ခ်ာလီသန္းက ေအာက္တိုဘာလ ၁၀ ရက္တြင္ ေျပာသည္။
ယင္းေန႔ မြန္းလြဲပိုင္းက တာဝန္ရွိသူမ်ားႏွင့္အတူ အင္းစိန္ၿမိဳ႕နယ္ရွိ ေဆးဝါးစက္႐ုံ(အင္းစိန္)၌ ေသြးေၾကာသြင္း ေဆးရည္ထုတ္လုပ္သည့္လုပ္ငန္းစဥ္အဆင့္ဆင့္ကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ႀကီးၾကပ္မႈေအာက္ရွိ စက္မႈလုပ္ငန္းမ်ားမွ အေထြေထြမန္ေနဂ်ာမ်ား၊ ေဆးဝါးစက္႐ုံ(အင္းစိန္)၏ စက္႐ုံတာဝန္ခံ၊ စက္႐ုံရွိ ဌာနႀကီးမႉးမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးစဥ္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေဆးဝါးစက္႐ုံ(အင္းစိန္)သည္ BPI ကိုယ္ပိုင္အမွတ္တံဆိပ္ျဖင့္ ကိုယ္ပိုင္ Formula ေဆးေဖာ္စပ္နည္းမ်ား အသုံးျပဳ၍ ေဆးဝါးမ်ားကို ထုတ္လုပ္ေဆာင္႐ြက္ေနေသာ Original Brand Manufacturer ျဖစ္ေၾကာင္း၊ BPI အမွတ္တံဆိပ္ျဖင့္ ထုတ္လုပ္သည့္ ေဆးဝါးမ်ားသည္ အရည္အေသြးျပည့္ဝမႈ၊ ေဘးအႏၲရာယ္ကင္းရွင္းမႈႏွင့္ အာနိသင္ထက္ျမက္မႈရွိရန္ အထူးအေရးႀကီးေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ လုပ္ငန္းရွင္းမ်ားကိုဖိတ္ေခၚ၍ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) စနစ္ျဖင့္ ေဆးဝါးမ်ားထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈပုံစံျဖင့္ ေဆးဝါးမ်ား ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရာတြင္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေဆးဝါးစက္႐ုံမ်ားအေနျဖင့္ လူအမ်ား၏ အသက္ကိုကယ္တင္သည့္ေဆးဝါးမ်ားကို ထုတ္လုပ္ေပးေနျခင္းျဖစ္သည့္အတြက္ ေဆးဝါးထုတ္လုပ္သည့္ လုပ္ငန္းစဥ္အဆင့္တိုင္းအား အထူးဂ႐ုျပဳ၍ အေလးထား ေဆာင္႐ြက္ၾကရမည္ျဖစ္သည္ဟု မွာၾကားခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.