အောက်တိုဘာလ ဒုတိယ ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်

186

သက်ပိုင် (NP News) - အောက်တိုဘာ ၁၁
လာမည့်အောက်တိုဘာလ ဒုတိယ ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇) ရက်မှ (၉) ရက်ခန့် နှင့် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၃) ရက်မှ (၆) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းကိုလည်း သတိပေးထားသည်။
ထို့အပြင် အနောက်တောင်မုတ်သုံလေသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်မှ (၁၄) ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ (၁၅) ရက်မှ (၂၀) ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေ အားအနည်းငယ်ရှိနိုင်ကြောင်း သိရသည်။

Zawgyi Version:
ေအာက္တိုဘာလ ဒုတိယ ဆယ္ရက္ပတ္အတြင္း ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္းတစ္ႀကိမ္ျဖစ္ေပၚႏိုင္
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၁
လာမည့္ေအာက္တိုဘာလ ဒုတိယ ဆယ္ရက္ပတ္အတြင္း ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္း တစ္ႀကိမ္ျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ပိုႏိုင္ၿပီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲေအာက္ေလ်ာ့နည္းႏိုင္ကာ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးအေရွ႕ပိုင္း၊ ဧရာဝတီတိုင္းေဒသ ႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၇) ရက္မွ (၉) ရက္ခန႔္ ႏွင့္ ေနျပည္ေတာ္၊ မႏၲေလးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ (၃) ရက္မွ (၆) ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္းကိုလည္း သတိေပးထားသည္။
ထို႔အျပင္ အေနာက္ေတာင္မုတ္သုံေလသည္ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလ (၁၁) ရက္မွ (၁၄) ရက္အတြင္း ျမန္မာႏိုင္ငံျမစ္ဝကြၽန္းေပၚေဒသမ်ားမွလည္းေကာင္း၊ ေအာက္တိုဘာလ (၁၅) ရက္မွ (၂၀) ရက္အတြင္း ျမန္မာႏိုင္ငံေတာင္ပိုင္း ေဒသမ်ားမွလည္းေကာင္း ဆုတ္ခြာသြားဖြယ္ရာရွိေနၿပီး ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ အေနာက္ေတာင္မုတ္သုံေလ အားအနည္းငယ္ရွိႏိုင္ေၾကာင္း သိရသည္။