ဘယ်လာရုစ် -ဘန်ကောက် -ဟနွိုင်း - ရန်ကုန် package tour များ ဆောင်ရွက်ရန် စီစဉ်နေ

293

Pearl (NSS) - အောက်တိုဘာ ၁၂
ဘယ်လာရုစ်-ဘန်ကောက်-ဟနွိုင်း- ရန်ကုန် package tour များဆောင်ရွက်ရန်စီစဉ်နေကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါ မောင်က NP News သို့ ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်ဦး ဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ စက်တင်ဘာလ(၂၉)ရက်မှ အောက်တိုဘာလ(၃)ရက်အထိကျင်းပသည့် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးနှင့် ဘယ်လာရုစ် နိုင်ငံတကာစက်မှုပြပွဲ (International Industrial Exhibition “INNOPROM. Belarus”) သို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါခရီးစဉ်အပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းချိတ်ဆက် ရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန် Visa ကင်းလွတ်ခွင့်ရရှိရေးအတွက် ဆက်လက်ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ပြီး ဘယ်လာရုစ်-ဘန်ကောက် -ဟနွိုင်း-ရန်ကုန် package tour များ စီစဉ်သွား မည်ဖြစ်ကြောင်းသိရသည်။
“မြန်မာနိုင်ငံနဲ့ တိုက်ရိုက်လေကြောင်းချိတ် ဆက်ဖို့နဲ့ နှစ်နိုင်ငံအကြား အပြန်အလှန် Visa ကင်းလွတ်ခွင့် ရရှိရေး ဆက်လက်ညှိနှိုင်းလက်မှတ်ရေးထိုး ရန်ရှိပါမယ်။ ဘယ်လာရုစ်ခရီးသွားလုပ်ငန်းတွေနဲ့ ဘယ်လာရုစ်-ဘန်ကောက်-ဟနွိုင်း-ရန်ကုန် package tour တွေစီစဉ်သွားမှာဖြစ်ပါတယ်။ သူတို့ နိုင်ငံက ဘန်ကောက်နဲ့ဟနွိုင်းကို နှစ်စဉ် ခရီးသွား (၁)သိန်းခွဲနဲ့ (၂)သိန်းအကြားရှိပါတယ်။ ကျွန်မတို့ ဘက်က Marketing ဆောင်ရွက်ရန်ဖြစ်ပါတယ်” ဟု ဒေါက်တာ ဝါဝါမောင်က NP News သို့ပြောသည်။
ထို့ပြင် ခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်များ မတ်လအတွင်း တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး ခဲ့သည့် စာချုပ်စာတမ်းများ အကောင်အထည်ဖော်ရေးကိုလည်းကောင်း၊ လက်မှတ် ရေးထိုးပြီးဖြစ်သည့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာကို အခြေခံ၍ရေးဆွဲ လျက်ရှိသည့် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အပြီး သတ်ရေးဆွဲရေးကိုလည်းကောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင် ရာများ အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် အဆိုပါ စာချုပ်စာတမ်းများနှင့် လမ်းပြမြေပုံတို့တွင်ပါဝင်သည့် ကဏ္ဍများဖြစ်သော စက်မှု၊ စိုက်ပျိုးရေးနှင့် အစားအစာ၊ ကျန်းမာရေးနှင့်ဆေးဝါး၊ ဘဏ်လုပ်ငန်းနှင့် ငွေ ကြေး၊ ပညာရေးနှင့်ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ် ငန်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာ များနှင့် အခွင့်အလမ်းများကို ကဏ္ဍအလိုက် ဆွေး နွေးခဲ့ကြောင်းသိရသည်။
“အကျိုးအမြတ်ကတော့ မြန်မာ့ထုတ်ကုန် တွေထဲမှာ ဆန်၊ ရော်ဘာ၊ ရေထွက်ပစ္စည်းနဲ့ချုပ်ပြီး CMP အထည် အသုံးအဆောင်များဝယ်ယူဖို့ စိတ်ဝင်စားပါတယ်၊ ရော်ဘာကိုလည်းစမ်းသပ်ပြီး လက်ခံ နိုင်စွမ်းရှိတယ်လို့အတည်ပြုပါ တယ်။ ဝယ်ယူရန် အဆင်သင့်ဖြစ်ပါတယ်။ ကျန်ဝဥ၊ ပီလောပီနံနဲ့ ကော်ဖီ၊ သစ်သီးခြောက်တို့ကိုလည်း စိတ်ဝင်စား ပါတယ်။ မြန်မာဘက်ကလည်း မိမိနိုင်ငံနဲ့လိုက်လျောညီထွေဖြစ်တဲ့ လယ်ယာသုံးပစ္စည်း၊ ဆေးရုံဆေးခန်းသုံး ပစ္စည်းတွေ၊ ဆေးဝါးမှာ အထူးသဖြင့် ကင်ဆာရောဂါ ကုထုံးဆေးဝါးများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ ဝယ်ယူရန်ရှိပါတယ်၊ သူတို့နိုင်ငံ ဘက်ကလည်း အရောင်းပြခန်း လာရောက်ဖွင့်လှစ်ဖို့စိတ်ဝင်စားပါတယ်။ ဘယ် လာရုစ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု တော်တော်များများက ဗီယက်နမ်နိုင်ငံကို ရောက်ရှိပြီးဖြစ်ပါတယ်။ တချို့ ထုတ်ကုန်တွေက ဗီယက်နမ်နိုင်ငံကတစ် ဆင့်ပို့နိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ ဝါဝါမောင်က NP News သို့ပြောသည်။
အလားတူ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေ ပေးချေမှုနှင့် စပ်လျဉ်းပြီး ရုရှားရူဘယ်ငွေဖြင့်သော် လည်းကောင်း၊ တရုတ်ယွမ်ငွေဖြင့်သော်လည်းကောင်း အပြန်အလှန်ပေးချေနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
ဘယ္လာ႐ုစ္ -ဘန္ေကာက္ -ဟႏြိဳင္း - ရန္ကုန္ package tour မ်ား ေဆာင္႐ြက္ရန္ စီစဥ္ေန
Pearl (NP News) - ေအာက္တိုဘာ ၁၂
ဘယ္လာ႐ုစ္-ဘန္ေကာက္-ဟႏြိဳင္း- ရန္ကုန္ package tour မ်ားေဆာင္႐ြက္ရန္စီစဥ္ေနေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝါဝါ ေမာင္က NP News သို႔ ေျပာသည္။
ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္ သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝါဝါေမာင္ဦး ေဆာင္ေသာ ျမန္မာကိုယ္စားလွယ္ အဖြဲ႕သည္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ မင့္စ္ၿမိဳ႕၌ စက္တင္ဘာလ(၂၉)ရက္မွ ေအာက္တိုဘာလ(၃)ရက္အထိက်င္းပသည့္ ျမန္မာ-ဘယ္လာ႐ုစ္ ကုန္သြယ္ေရးႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ ပူးတြဲေကာ္မတီ၏ ဒုတိယအႀကိမ္အစည္းအေဝးႏွင့္ ဘယ္လာ႐ုစ္ ႏိုင္ငံတကာစက္မႈျပပြဲ (International Industrial Exhibition “INNOPROM. Belarus”) သို႔ တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
အဆိုပါခရီးစဥ္အၿပီး ျမန္မာႏိုင္ငံႏွင့္ ဘယ္လာ႐ုစ္ႏိုင္ငံၾကား တိုက္႐ိုက္ေလေၾကာင္းခ်ိတ္ဆက္ ရန္ႏွင့္ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ Visa ကင္းလြတ္ခြင့္ရရွိေရးအတြက္ ဆက္လက္ညႇိႏႈိင္းေဆာင္ ႐ြက္သြားမည္ျဖစ္ၿပီး ဘယ္လာ႐ုစ္-ဘန္ေကာက္ -ဟႏြိဳင္း-ရန္ကုန္ package tour မ်ား စီစဥ္သြား မည္ျဖစ္ေၾကာင္းသိရသည္။
“ျမန္မာႏိုင္ငံနဲ႔ တိုက္႐ိုက္ေလေၾကာင္းခ်ိတ္ ဆက္ဖို႔နဲ႔ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ Visa ကင္းလြတ္ခြင့္ ရရွိေရး ဆက္လက္ညႇိႏႈိင္းလက္မွတ္ေရးထိုး ရန္ရွိပါမယ္။ ဘယ္လာ႐ုစ္ခရီးသြားလုပ္ငန္းေတြနဲ႔ ဘယ္လာ႐ုစ္-ဘန္ေကာက္-ဟႏြိဳင္း-ရန္ကုန္ package tour ေတြစီစဥ္သြားမွာျဖစ္ပါတယ္။ သူတို႔ ႏိုင္ငံက ဘန္ေကာက္နဲ႔ဟႏြိဳင္းကို ႏွစ္စဥ္ ခရီးသြား (၁)သိန္းခြဲနဲ႔ (၂)သိန္းအၾကားရွိပါတယ္။ ကြၽန္မတို႔ ဘက္က Marketing ေဆာင္႐ြက္ရန္ျဖစ္ပါတယ္” ဟု ေဒါက္တာ ဝါဝါေမာင္က NP News သို႔ေျပာသည္။
ထို႔ျပင္ ခရီးစဥ္အတြင္း ႏိုင္ငံ့ေခါင္းေဆာင္မ်ား မတ္လအတြင္း ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုး ခဲ့သည့္ စာခ်ဳပ္စာတမ္းမ်ား အေကာင္အထည္ေဖာ္ေရးကိုလည္းေကာင္း၊ လက္မွတ္ ေရးထိုးၿပီးျဖစ္သည့္ ဖြံ႕ၿဖိဳးမႈပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ ရည္႐ြယ္သည့္စာလႊာကို အေျခခံ၍ေရးဆြဲ လ်က္ရွိသည့္ လမ္းျပေျမပုံ (၂၀၂၆-၂၀၂၈) အၿပီး သတ္ေရးဆြဲေရးကိုလည္းေကာင္း၊ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ ရာမ်ား အရွိန္အဟုန္ျမႇင့္တင္ႏိုင္ေရးအတြက္ အဆိုပါ စာခ်ဳပ္စာတမ္းမ်ားႏွင့္ လမ္းျပေျမပုံတို႔တြင္ပါဝင္သည့္ က႑မ်ားျဖစ္ေသာ စက္မႈ၊ စိုက္ပ်ိဳးေရးႏွင့္ အစားအစာ၊ က်န္းမာေရးႏွင့္ေဆးဝါး၊ ဘဏ္လုပ္ငန္းႏွင့္ ေငြ ေၾကး၊ ပညာေရးႏွင့္ခရီးသြားလုပ္ငန္း၊ စီးပြားေရးလုပ္ ငန္းက႑တို႔တြင္ ပူးေပါင္းေဆာင္႐ြက္မႈအလားအလာ မ်ားႏွင့္ အခြင့္အလမ္းမ်ားကို က႑အလိုက္ ေဆြး ေႏြးခဲ့ေၾကာင္းသိရသည္။
“အက်ိဳးအျမတ္ကေတာ့ ျမန္မာ့ထုတ္ကုန္ ေတြထဲမွာ ဆန္၊ ေရာ္ဘာ၊ ေရထြက္ပစၥည္းနဲ႔ခ်ဳပ္ၿပီး CMP အထည္ အသုံးအေဆာင္မ်ားဝယ္ယူဖို႔ စိတ္ဝင္စားပါတယ္၊ ေရာ္ဘာကိုလည္းစမ္းသပ္ၿပီး လက္ခံ ႏိုင္စြမ္းရွိတယ္လို႔အတည္ျပဳပါ တယ္။ ဝယ္ယူရန္ အဆင္သင့္ျဖစ္ပါတယ္။ က်န္ဝဥ၊ ပီေလာပီနံနဲ႔ ေကာ္ဖီ၊ သစ္သီးေျခာက္တို႔ကိုလည္း စိတ္ဝင္စား ပါတယ္။ ျမန္မာဘက္ကလည္း မိမိႏိုင္ငံနဲ႔လိုက္ေလ်ာညီေထြျဖစ္တဲ့ လယ္ယာသုံးပစၥည္း၊ ေဆး႐ုံေဆးခန္းသုံး ပစၥည္းေတြ၊ ေဆးဝါးမွာ အထူးသျဖင့္ ကင္ဆာေရာဂါ ကုထုံးေဆးဝါးမ်ား၊ ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား ဝယ္ယူရန္ရွိပါတယ္၊ သူတို႔ႏိုင္ငံ ဘက္ကလည္း အေရာင္းျပခန္း လာေရာက္ဖြင့္လွစ္ဖို႔စိတ္ဝင္စားပါတယ္။ ဘယ္ လာ႐ုစ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ ေတာ္ေတာ္မ်ားမ်ားက ဗီယက္နမ္ႏိုင္ငံကို ေရာက္ရွိၿပီးျဖစ္ပါတယ္။ တခ်ိဳ႕ ထုတ္ကုန္ေတြက ဗီယက္နမ္ႏိုင္ငံကတစ္ ဆင့္ပို႔ႏိုင္မွာ ျဖစ္ပါတယ္”ဟု ေဒါက္တာ ဝါဝါေမာင္က NP News သို႔ေျပာသည္။
အလားတူ ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအၾကား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ေငြ ေပးေခ်မႈႏွင့္ စပ္လ်ဥ္းၿပီး ႐ုရွား႐ူဘယ္ေငြျဖင့္ေသာ္ လည္းေကာင္း၊ တ႐ုတ္ယြမ္ေငြျဖင့္ေသာ္လည္းေကာင္း အျပန္အလွန္ေပးေခ်ႏိုင္ရန္ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေၾကာင္းလည္း သိရသည္။