လငပုပ်လက်မှ လွတ်လုလု စစ်ကိုင်း - မင်းကွန်း ခရီး (လမ်းပိုင်းဆောင်းပါး)

1212

သုတကျော်(NP News)-အောက်တိုဘာ ၁၂
NP News ကို အပတ်စဉ် ပုံမှန်ဖတ်ရှုသောပရိသတ်များအနေဖြင့် “စစ်ကိုင်း -မင်းကွန်း နာရီဝက်ခရီး သို့သော် အလှမ်းမနီး” ဆို သောခေါင်းစဉ်ဖြင့် ဖော်ပြရေးသားခဲ့ဖူးသောဆောင်း ပါးကို မှတ်မိကြလိမ့်မည်ဟုထင်ပါသည်။ အဆိုပါ ဆောင်းပါးကိုမဖတ်ဖူးပါကလည်း ယခုဆောင်းပါး တွင် တစ်ပါတည်းနွှေးရင်း ဖော်ပြပေးသွားပါမည်။
မန္တလေးမြို့တစ်ဖက်ကမ်းတွင်တည်ရှိသော စစ်ကိုင်းမြို့နှင့် မင်းကွန်းမြို့အကွာအဝေးသည် (၁၃)မိုင်ခန့်သာရှိပြီး ကားနှင့်သွားမည်ဆိုလျှင် နာရီဝက်ခန့်ခရီးသာဖြစ်သည်။ လမ်းတိုသော်လည်း အဆိုပါလမ်းကသယ်ပိုးခဲ့သည့် အကျိုးကား များပြားပါ၏။ အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းနှင့်မင်းကွန်းတို့ သည် သမိုင်းကြောင်းအရ အဆက်အစပ်ရှိ သည့်အပြင် သာသနိကအဆောက်အအုံတို့မှာလည်း နေရာနှစ်ခု ကြား ပြန့်ကျဲတည်ရှိနေသောကြောင့်ဖြစ်သည်။
ကမ္ဘာပေါ်တွင် လက်ရှိ တတိယအကြီးဆုံး ခေါင်းလောင်းဖြစ်သော မင်းကွန်းခေါင်းလောင်းတော်ကြီး၊ မြသိန်း တန်စေတီ၊ ဒေါ်ဦးဇွန်း၏ လူအိုရုံနှင့် ဘိုးတော်ဘုရားတည်ထားခဲ့သော မင်းကွန်းပုထိုးတော် ကြီးတို့မှာ မင်းကွန်းမြို့၏ အထင်ကရနေရာများအ နက်တစ်ခုဖြစ်ကြောင်းကို အများစုသိပြီးကြပြီဖြစ်ပါသည်။
တာဝတိံသာနတ်ပြည်ရှိ စုဠာမဏိစေတီ တော်ကိုရည်မှန်း၍ လှူဒါန်းတည်ဆောက်သော ဘကြီးတော်မင်းခေါ် စစ်ကိုင်းမင်း မင်းသားဘဝက တည်ထားခဲ့သည့် မြသိန်းတန်စေတီသည်လည်း ခရီးသွားများနှင့် ဘုရားဖူးသူများအကြား ကျော်ကြားပြီး မင်းကွန်းသို့သွားရောက်သူတိုင်း မဖြစ်မနေသွား ရောက်လေ့ရှိသော စေတီတော်တစ်ဆူဖြစ်သည်။
မြန်မာ့သမိုင်းတို့သည် စစ်ကိုင်းနှင့် ဆက်နွှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း သာသနာ၏ ခံတပ်မြို့များ အနက် တစ်မြို့လည်းဖြစ်ပြီး သာသနာနှင့်သက်ဆိုင်သောနေရာများကို ချောင်ဟုခေါ်ကာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ သာသနာတော်နှင့် ဆက်စပ်ရာပုဂ္ဂိုလ်များ မှီတင်းနေ ထိုင်သော အေးချမ်းရာမြို့တစ်မြို့ဖြစ်သည်။
မည်မျှအေးချမ်းခဲ့သနည်းဆိုသော် ဒုတိယကမ္ဘာစစ်အတွင်းမှ စစ်ဘေးရှောင်များပင်လျှင် စစ်ကိုင်းမြို့က ချောင်များတွင်ခိုလှုံခဲ့ကြရသည်အထိ စစ်ကိုင်းသည် အေးချမ်းရာနေရာတစ်ခုဖြစ်ခဲ့သည်။ စာကိုပြန်ကောက်ရပါလျှင် စစ်ကိုင်း-မင်းကွန်း လမ်းသည် အလှူရှင်တို့ကုသိုလ်ပြုရန် အကျိုးဆောင်ရာ လမ်း၊ ဘုရားဖူးရာလမ်းနှင့် ဒေသခံတို့ အတွက် လူမှုစီးပွားဘဝများ တိုးတက်ရာလမ်းတစ်ခုဖြစ်ကြောင်းကို မည်သူမျှ ငြင်းနိုင်လိမ့်မည်မဟုတ်ပါ။
သို့သော် အဆိုပါလမ်းပိုင်းတွင် စစ်ပွဲ၏ အရိပ်တို့ စတင်လွှမ်းမိုးလာသည်။ (၂၀၂၅)ခုနှစ် ဇန်နဝါရီလခန့်မှ စတင်ကာ တဖြည်းဖြည်းနှင့် ယင်းဒေသ ဘက်တွင် PDF တို့လှုပ်ရှားလာခဲ့ရာ ဒေသခံတို့မှာ သွားရ၊ လာရ ကျပ်တည်းလာ သည်။
PDF တို့ရောက်လာပြီးနောက် တိုက်ပွဲဖြစ် မည်စိုးရိမ်သောကြောင့် ဒေသခံများနေရပ်ကို စွန့်ခွာ မှုများရှိလာ သည်။ တစ်ချိန်ကပဲ၊ နှမ်းတို့ကို စိုက်ရင်း အေးချမ်းစွာအသက်မွေးခဲ့ကြသည့် ရိုးသားသော တောသူတောင်သားတို့မှာ ပူပန်စိတ်များဖြင့် ရပ်ရွာကို ပစ်ပယ်ပြီး တိမ်းရှောင်ခဲ့ကြသည်။
“မလုံခြုံတော့ ကိုယ့်ရပ်ရွာကိုစွန့်ပြီးတော့ တိမ်းရှောင်ရတာပေါ့။ ကိုယ့်အိမ်ကိုယ်တော့ ချစ်တာပေါ့။ ဒီလိုပဲ ရေကြည်ရာမြက်နုရာ လာနေနေရတာ”ဟု စစ်ကိုင်းမြို့တွင်ရောက်ရှိနေသော အမည်မ ဖော်လိုသူ စစ်ဘေးရှောင်တစ်ဦး ကဆိုသည်။
PDF တို့မျှော်လင့်ချက်ကား မင်းကွန်းကို ရရှိရန်ဖြစ်သော်လည်း မင်းကွန်းကိုတိုက်ခိုက်၍မရ သည့်အခါ ဝန်းရံသည့်ပုံစံလုပ်လာခဲ့ပြီး စစ်ကိုင်း-မင်း ကွန်းလမ်းမှာ ယင်းတို့၏အကြံအစည်အတွက် အဓိကထိခိုက်ရသော နေရာဖြစ်လာသည်။ မင်းကွန်းသည် မန္တလေးတစ်ဖက်ကမ်းတွင်ဖြစ်ရာ ယင်းနေရာကိုရရှိ ရန်မျှော်လင့်ချက်သည် PDF တို့အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်သော်လည်း ဖြစ်မြောက်စေရန် အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် ကြို ကြားကြိုကြား တိုက်ခိုက်မှုများရှိနေခဲ့သည်။ မင်းကွန်း ကိုရလျှင် PDF တို့က မန္တလေးကို ခြိမ်းခြောက်နိုင်မည်ဆိုသော မျှော်လင့်ချက်ရှိနေသည်။
မင်းကွန်းဒေသတွင်ရှိသော PDF က ပူး ပေါင်းအဖွဲ့ဟုပြောနိုင်သော အခြေအနေဖြစ်သည်။ MDY-PDF၊ ဝက်လက် PDF၊ ရှိမ်းမကား PDF နှင့် ယူနီကွန်း ပြောက်ကျားအဖွဲ့တို့ ရှိနေခြင်းဖြစ်ပြီး တပ်မတော်စစ်ကြောင်းထိုးလျှင် ဆုတ်သည်၊ စစ် ကြောင်းမရှိလျှင်ပြန်လာပြီး ပြည်သူတို့၏ တည်ငြိမ် မှုကိုခြောက်သည်။ နောက်ကွယ်တွင် KIA ရှိနေသည် ဟုလည်း ဒေသခံအချို့ သုံးသပ်ထားသည်။
မင်းကွန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရိက္ခာနှင့် ခဲယမ်းဖြတ်တောက်ရန် ကြိုးပမ်းသော လုပ်ရပ်အဖြစ် စစ်ကိုင်း-မင်းကွန်းလမ်းတွင် ချုံခိုတိုက်ခိုက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ် ခြင်းဖြင့်ပြသသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ရသည့်နည်းဖြင့်ရိက္ခာပို့သည်။ ယင်းသို့ ဖြတ်တောက် သည်သာမက ပြည်ပရောက်မီဒီယာ များကိုပါ သတင်းမှားများပေးကာ စိတ်ဓာတ်ပိုင်းအရလည်းတိုက်ခိုက် ရန်ကြိုးစားသည်။
မင်းကွန်းဒေသဘက်တွင် လှုပ်ရှားသော PDF အဖွဲ့သည် တစ်ကြိမ်က သတင်းမှားပေးရာ လက်လွန်ပြီး AI ဖြင့် ဓာတ်ပုံဖန်တီးကာ ၎င်းတို့ တပ်ဖွဲ့ဝင်များ မန္တလေးအနီး ရောက်နေသည်ဟု ဝါဒဖြန့်သောကြောင့် ဝေဖန်ပင် ခံခဲ့ရဖူးသည်။
“သွားရ၊ လာရတာ အဆင်မပြေတော့ဘူး။ မလုံခြုံဘူးပေါ့။ ဒါကြောင့် ဒေသခံတွေက ရှောင်လာ တယ်။ လမ်းမှာ သူတို့ နဲ့ တိုးမှာလည်း ကြောက်တယ်။ သွားရ၊ လာရတာ အဆင်မပြေတော့ ပြည်သူတွေက ရှောင်လာတယ်။ ပိုဆိုးတာက သူတို့က သူပုန်တွေ ဆိုတော့ အန္တရာယ်ပြုမှာလည်း ကြောက်နေကြရတာ” ဟု မင်းကွန်းဒေသခံတစ်ဦးက ဆိုသည်။
စစ်ပွဲရောက်လာခြင်းအတွက် အဓိက ထိခိုက်ရသူများမှာ ပြည်သူများသာဖြစ်တယ်။ လမ်းခက်၍ “မသွား မသွား” နှင့် လမ်းပန်းဆက်သွယ်ရေး မဖြောင့်တန်းတော့သည့်အခါ စားဝတ်နေရေး ခက်လာသည်။
“ပြည်သူတွေ စားဝတ်နေရေးရော၊ လမ်းပန်းဆက်သွယ်ရေးရော ပြည်သူတွေ ဟိုသွားမရ၊ ဒီသွားမရ၊ ဘုရားဖူးသွားချင်တာလည်း သွားမရပေါ့။ တော်တော်အခက်အခဲဖြစ်တယ်။ လက်ပံရွာမှာ အထိုင်ချပြီး ပိတ်ဆို့ထားတာ။ စားဝတ်နေရေးက အစ အခက်အခဲ ဖြစ်သွားတာပေါ့” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
အခြား လမ်းပိတ်ခံထားရသော ဒေသများတွင် ကုန်ဈေးနှုန်း တက်လေ့ရှိသော်လည်း မင်းကွန်း တွင်မူ ကုန်ဈေး နှုန်း တက်ရန်မဆိုထားဘိ ရောင်းချရန် ကုန်ကိုပင် ပို့ရန်အခက်အခဲရှိသည့်အချိန်မျိုးပင် ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုမျှသာမက မင်းကွန်းမှ သာသနာ့ဝန် ဆောင်၊ သာသနာ့ ဝန်ထမ်း ရဟန်းတော်များမှာလည်း ယင်းဘေးကို ကြုံကြိုက်ကြရသည်။ မင်းကွန်းမှ ပြည် သူများအနေဖြင့် အစဉ်အဆက် ဆွမ်း၊ ကွမ်း မရှားရန် ကြံဖန် ကပ်လှူခဲ့ကြ သော်လည်း အခြေခံအရာအချို့ ပြတ်တောက်ခဲ့သည်။
“ဘုန်ကြီးကျောင်းတွေမှာ ဓာတ်ဆီ၊ ဒီဇယ် တွေ အခက်အခဲဖြစ်တယ်။ ရေပါ အခက်အခဲဖြစ် သွားတယ်။ ဒါက သာသနာ့ဝန်ထမ်းတွေရဲ့ အခက် အခဲတွေထဲက တစ်ခုပေါ့” ဟု ရဟန်းတော်တစ်ပါး က မိန့်ကြားသည်။
ယင်းနောက် အဆိုပါ ဒေသတွင် လုံခြုံရေး တပ်ဖွဲ့များက နယ်မြေ စိုးမိုးရန် ကြိုးပမ်းရာ တစ်စတစ်စ တိုးတက် လာခဲ့သည်။ သို့သော် ရေနစ်သူ ဝါးကူ ထိုးခံရသည့်ကိန်း ဆိုက်ပြန်၏။ မန္တလေး ငလျင်ကြီး ကို ကြုံရခြင်းဖြစ်သည်။
“ငလျင်လှုပ်ပြီးတော့ (၆)လပိုင်း နောက် ဆုံးအပတ်ကစပြီး အရင်ထက် အဲဒီလမ်းပိုင်းမှာ စိုးမိုးသွားတာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကိုင်းနှင့်မင်းကွန်းမှာ ငလျင်ဒဏ်ခံရသည်ခြင်း တူသော်လည်း စစ်ကိုင်းက လမ်းသာသည့်အတွက် အကူအညီများကို ပေးနိုင်ခဲ့သည်။ ပြန်လည်ထူ ထောင်ရေးအတွက်လည်း အာရုံစိုက်နိုင်သည်။ မင်း ကွန်းတွင်မူ ငလျင် အပြီး ကာလအချို့သာ အကူအညီ ပေးနိုင်ခဲ့ပြီး PDF တို့၏ လမ်းပိတ်ခြင်းကြောင့် အကူ အညီပေးနိုင်ခြင်း မရှိတော့ပါ။ ထို့ပြင် ပိုဆိုးသည်က ငလျင်လှုပ်အပြီးတွင် ယင်းကို အခွင့်ကောင်းယူကာ တိုက်ပွဲဖော်ရန်ပင် ကြိုးပမ်းခဲ့သေးသည်။ ငလျင်လှုပ် ပြီးချိန်က မင်းကွန်းသို့ သွားရောက်ကူညီခဲ့ကြရသူ များမှာလည်း ရင်တထိတ်ထိတ် ရှိခဲ့ကြရသည်။
ထို့နောက် အထက်တွင် ဖော်ပြပြီးသည့် အတိုင်း ယင်းလမ်းပိုင်းတွင် PDF တို့က အခိုင်အမာ စခန်းဆောက်ခြင်း မပြုဝံ့သော်လည်း ရှောင်တခင် တက်ကာ စစ်ဆေးခြင်းများ ပြုလုပ်ပြီး မထင်လျှင် ပစ္စည်းကိုယူသည်။ ပြောင်ပြောင်တင်း တင်းပင် သိမ်းယူခြင်း ဖြစ်သည်။
“စစ်ဆေးတာပေါ့။ ဘယ်သွားမှာလဲ၊ ဘာ လုပ်မှာလဲပေါ့။ သူတို့ မထင်ရင် ဖုန်းတွေ ယူတယ်၊ ပိုက်ဆံယူတယ်၊ ဆိုင်ကယ်တွေ ယူတယ်။ အဲဒါမျိုး လုပ်တယ်” ဟု ထိုစဉ်က အခြေအနေကို ဒေသခံ တစ်ဦးက ပြောသည်။
ထို့ပြင် ဒေသခံများထံမှ အခွန်ဟု ခေါင်း စဉ်တပ်ကာ ဆက်ကြေးတောင်းသည်။ ဌာနဆိုင်ရာ ဝန်ထမ်း မိသားစု များ၏ အိမ်များကိုလည်း ဖောက်ပြီး ပစ္စည်းယူခြင်းများရှိသည်။ ယင်းသို့ဖြင့် စုပေါင်းလိုက် သောအခါ စစ်ကိုင်း-မင်းကွန်းလမ်းမှာ သွားရန် မသင့်ဆိုသော ခေါင်းစဉ်အောက်တွင် ခရီးသည် ဆိတ်သုဉ်းခဲ့ရသည်။ တစ်ဖက်တွင် ငလျင်ဒဏ်သင့် ခဲ့ရသည့် မင်းကွန်းမှာလည်း ငလျင်အပြီး ဒဏ်ချက် များကို ကုစားရန် လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့ရသည်။
“အခုချိန်အထိ ပြန်လည် ထူထောင်ရေး မလုပ်ရသေးဘူး။ (၆)လပိုင်းမတိုင်ခင်က အတော်အသင့် လုပ်ပေးလို့ရတာတွေ လုပ်ပေးခဲ့ကြတယ်။ (၆)လပိုင်း နောက်ပိုင်းမှာတော့ ငလျင်ကယ်ဆယ်ရေး လုပ်လို့မရတော့ဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းနောက် တပ်မတော်စစ်ကြောင်းများက ယင်းနယ်မြေတွင် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ရာ အဆိုပါ လမ်းပိုင်းကို အောက်တိုဘာလ (၃)ရက်တွင် နယ်မြေရှင်းလင်းနိုင်ခဲ့သည်။ ထိတွေ့ တိုက်ပွဲ အနည်းငယ်သာရှိခဲ့ပြီး မင်းကွန်းမြို့အနောက်ဘက်ကြောတွင် စစ်ကြောင်းထိုးနေပြီဖြစ်သည်။
လက်ရှိတွင်ကား ယင်းလမ်းကို အသုံးပြု နိုင်ပြီဖြစ်သော်လည်း စစ်ကြောင့်ထိခိုက်ခဲ့ရသော လမ်းများ၏ ထုံးစံအတိုင်းပင် လမ်းဘေးဝဲယာတွင် ချုံနွယ်ပိတ်ပေါင်းတို့ ထူထပ်နေသေးသည်။ ယင်းအခြေအနေက သွားလာရန် အတွက် စိတ်လုံခြုံမှု အပိုင်းတွင် အတားအဆီး ဖြစ်နေ၏။
“(၇၀/၃၀) ပေါ့။ ရာခိုင်နှုန်းအပြည့်ဆိုတာ တော့ ပြောလို့မရဘူး။ လမ်းရဲ့ အနေအထားမှာ ချုံနွယ်က များတယ်။ ကားလမ်းတစ်လမ်းစာပဲရှိပြီး ကျန်တဲ့နေရာက ချုံနွယ်ပိတ်ပေါင်းက များတော့ ချုံခိုတိုက်ခိုက်မယ်ဆိုရင် ကြိုက်တဲ့ နေရာက တိုက်ခိုက်လို့ရတဲ့ အခြေအနေတော့ ရှိနေသေးတယ်။ ဒါတော့ စိုးရိမ်ရတယ်။ လမ်းဘေးတွေမှာ တောတွေက အုပ်နေတာကိုး။ ချုံနွယ်တွေ ရှင်းပြီးရင်တော့ စိတ်ချ လက်ချ သွားလို့ရမယ်။ ချုံနွယ်တွေက လူတစ်ထိုင် ဆိုရင် ဘာမှမမြင်ရဘူးလေ။ လမ်းဘေးဝဲယာတွေ ချုံတွေရှင်းပြီးမှ စိတ်ဖြောင့်လက်ဖြောင့် သွားလို့ရမယ်” ဟု ယင်းလမ်းပွင့်ပြီး နောက် သွားလာခဲ့သူ တစ်ဦးက မှတ်ချက်ပြုသည်။
တစ်ဖက်တွင်လည်း တပ်မတော် စစ်ကြောင်းများ အနေဖြင့် ရှိန်းမကား ဗျူဟာလမ်းအထိ ယင်း PDF များကို ရှင်းလင်းနေကာ စစ်ကြောင်း လာလျှင် ပြန်ပြေးပြီး ပြီးလျှင် ပြန်ဝင်သောအဆင့် မရောက်စေရန် ကြိုးပမ်းနေကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“စစ်ကိုင်း - ရှိမ်းမကား - ကျောက်မြောင်း ဗျူဟာလမ်းဘက်မှာလည်း စစ်ကြောင်း ထပ်ထိုးနေတယ်။ သူတို့က စစ်ကိုင်း - မင်းကွန်း လမ်းကို စစ်ကြောင်း ထိုးတာနဲ့ ရှိမ်းမကား ဗျူဟာလမ်းကို ရောက် သွားတာ။ ရောက်သွားလို့မို့ ဆက်ထိုးနေတာ” ဟု ၎င်းက ပြောသည်။
လမ်းပွင့်သွားပြီ ဆိုလျှင် မင်းကွန်း ပုထိုးတော်ကြီးနှင့် မြသိန်းတန်စေတီတို့တွင် ပြုပြင်ထိန်း သိမ်းမှုများကို ဦးစားပေးအဖြစ် ဆောင်ရွက်စေလို ကြောင်း ရှေးဟောင်းသုတေသီ တစ်ဦးက ပြောသည်။
“လမ်းပိတ်တုန်းက အခက်အခဲတွေ အများကြီးပဲ။ လေ့လာလို့ မရဘူး။ ဆုံးရှုံးမှုတွေကတော့ ဘယ်လိုပြောမလဲ (ငလျင်အပြီး) မြသိန်းတန် စေတီကို သွားပြီးလေ့လာလို့မရဘူး။ မင်းကွန်းပုထိုးတော် ကြီးကို သွားပြီး လေ့လာလို့ မရဘူး}} ဟု ၎င်းက ဆိုသည်။
ယင်းသို့နေရာယူခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် ထိုသို့ ရောက်နေသောကြောင့် ဒေသခံတို့အတွက် မျက်နှာ ပင်ငယ်ရသေးကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင်ကား စစ်ကိုင်း - မင်းကွန်းလမ်းသည် ပွင့်စပြုပြီဟု ဆိုနိုင်သည်။ လမ်းကား လငပုပ် ဖမ်းခြင်းမှ စလွတ်ပြီ ဟုလည်း ဆိုနိုင်၏။ သို့သော် အခြေအနေကား စောင့်ကြည့်ရဦးမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လမ်းပွင့်ခြင်းသည်ပင် ဒေသခံ တို့အတွက် အသက်ရှူချောင်ခြင်းပင် ဖြစ်ပါသည်။
အချိန်နှင့် နယ်မြေအနေအထားက ယင်းလမ်းပိုင်း၏အနာဂတ်ကို ဆုံးဖြတ်မည်ဖြစ်သော် လည်း ဒေသခံတို့ ကသာ ပဓာနကျကြောင်းကိုမူ အထူးပင် ပြောရန်လိုမည် မထင်ပါ။ သာသနာတော် ကို ချစ်မြတ်နိုးသော ပြည်သူများနေ ထိုင်ရာဒေသသည် ဆည်းလည်းသံ၊ ကြေးစည်သံ နှင့် သာဓုခေါ်သံ တို့ဖြင့်သာ လိုက်ဖက်ကြောင်းကား ဒေသခံတို့ အနေ ဖြင့် ဘဝနှင့်ရင်း၍ သိထားကြပြီး ဖြစ်ပါသည်။

Zawgyi Version:
လငပုပ်လက်မှ လွတ်လုလု စစ်ကိုင်း - မင်းကွန်း ခရီး
(လမ်းပိုင်းဆောင်းပါး)