အကျပ်အတည်းတွေကိုဖြေရှင်းဖို့ ဒေါ်နယ်ထရမ့်က အများကြီးလုပ်နေတယ်လို့ ပူတင်ချီးကျူး

381

Pika (NP News) - အောက်တိုဘာ ၁၂
ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အလုပ်တွေ အများကြီးလုပ်နေတယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် သမ္မတအဖြစ် ဒုတိယအကြိမ်ပြန်လည်တာဝန်ယူပြီးနောက်ပိုင်းကတည်းက ပဋိပက္ခပေါင်းများစွာကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်လို့ ပူတင်ကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ကအဆိုပြုခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအစီအစဉ်ရဲ့ပထမအဆင့်ဟာ အောင်မြင် သွားခဲ့ပြီလို့လည်း သိရပါတယ်။ ပူတင် က “နှစ်ပေါင်းများစွာကြာခဲ့တဲ့အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဒေါ်နယ်ထရမ့်က အများကြီးလုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုမှန်သမျှက အောင်မြင်ခဲ့မယ်ဆိုရင် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်လာလိမ့်မယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကိုလည်း အများအပြားလုပ်ဆောင်နေပြီး လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့အောင်မြင်မှုမျိုးတော့ မရရှိသေးဘူးလို့ သိရပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့ သဘောတူညီချက်တွေ ကို ရယူနိုင်တာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အက်ပ္အတည္းေတြကိုေျဖရွင္းဖို႔ ေဒၚနယ္ထရမ့္က အမ်ားႀကီးလုပ္ေနတယ္လို႔ ပူတင္ခ်ီးက်ဴး
Pika (NP News) - ေအာက္တိုဘာ ၁၂
ကမာၻလုံးဆိုင္ရာအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အလုပ္ေတြ အမ်ားႀကီးလုပ္ေနတယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ သမၼတအျဖစ္ ဒုတိယအႀကိမ္ျပန္လည္တာဝန္ယူၿပီးေနာက္ပိုင္းကတည္းက ပဋိပကၡေပါင္းမ်ားစြာကို ေျဖရွင္းဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ပူတင္ကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ကအဆိုျပဳခဲ့တဲ့ ဂါဇာကမ္းေျမာင္ေဒသၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕ပထမအဆင့္ဟာ ေအာင္ျမင္ သြားခဲ့ၿပီလို႔လည္း သိရပါတယ္။ ပူတင္ က “ႏွစ္ေပါင္းမ်ားစြာၾကာခဲ့တဲ့အက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ ေဒၚနယ္ထရမ့္က အမ်ားႀကီးလုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ရဲ႕ႀကိဳးပမ္းမႈမွန္သမွ်က ေအာင္ျမင္ခဲ့မယ္ဆိုရင္ သမိုင္းဝင္ျဖစ္ရပ္တစ္ခုျဖစ္လာလိမ့္မယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းပဋိပကၡကိုေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းမႈေတြကိုလည္း အမ်ားအျပားလုပ္ေဆာင္ေနၿပီး လက္ရွိအခ်ိန္အထိ သိသာထင္ရွားတဲ့ေအာင္ျမင္မႈမ်ိဳးေတာ့ မရရွိေသးဘူးလို႔ သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း သိသာထင္ရွားတဲ့ သေဘာတူညီခ်က္ေတြ ကို ရယူႏိုင္တာမ်ိဳးေတာ့မရွိေသးဘူးလို႔ သိရပါတယ္။