တရုတ်သွင်းကုန်တွေအပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

235

Pika (NP News) - အောက်တိုဘာ ၁၂
အမေရိကန်နိုင်ငံဟာ တရုတ်သွင်းကုန်တွေအပေါ် နောက်ထပ်(၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်နိုဝင်ဘာလ(၁)ရက်ကနေ စတင်ကာ အရေးကြီးတဲ့ အမေရိကန်လုပ် ဆော့ဖ်ဝဲလ်တွေ အားလုံးအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “(၂၀၂၅)ခုနှစ် နိုဝင်ဘာလ(၁)ရက်ကနေ စတင်ကာ တရုတ်ရဲ့နောက်ထပ်လုပ်ဆောင်မှုတွေ ဒါမှမဟုတ် အပြောင်းအလဲတွေအပေါ်မူတည်ပြီး အမေရိကန်ဟာ တရုတ်အပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ် မှုကို လုပ်ဆောင်သွားမှာပါ။ အဲဒီလိုမဟုတ်ရင်တောင် တရုတ်ကလက်ရှိပေးနေတဲ့ အခွန်ထက် ပိုများတဲ့ အခွန်စည်းကြပ်မှုတွေကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ယခုလအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေးတွေလုပ်ဆောင်ဖို့ မလိုအပ်တော့ဘူးလို့ ခံစားမိတယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဒါ့ပြင် ရန်လိုတဲ့ကုန်သွယ်မှုအလေ့အကျင့်တွေအတွက် တရုတ်ကို ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ လည်း သိရပါတယ်။ ခေတ်သစ်နည်းပညာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရှားပါးမြေထွက်သတ္တုတွေ တင်ပို့မှုအပေါ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး တရုတ်ကို ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “တရုတ်မှာ အရမ်းထူးဆန်းတဲ့အရာတွေဖြစ်ပျက်နေပါတယ်။ တရုတ်တွေဟာ အရမ်းကို ရန်လိုလာကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္သြင္းကုန္ေတြအေပၚ (၁၀၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္သြားမယ္လို႔ ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
Pika (NP News) - ေအာက္တိုဘာ ၁၂
အေမရိကန္ႏိုင္ငံဟာ တ႐ုတ္သြင္းကုန္ေတြအေပၚ ေနာက္ထပ္(၁၀၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈကို လုပ္ေဆာင္သြားမွာျဖစ္ၿပီး လာမယ့္ႏိုဝင္ဘာလ(၁)ရက္ကေန စတင္ကာ အေရးႀကီးတဲ့ အေမရိကန္လုပ္ ေဆာ့ဖ္ဝဲလ္ေတြ အားလုံးအေပၚ ပို႔ကုန္ထိန္းခ်ဳပ္မႈေတြ ခ်မွတ္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “(၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလ(၁)ရက္ကေန စတင္ကာ တ႐ုတ္ရဲ႕ေနာက္ထပ္လုပ္ေဆာင္မႈေတြ ဒါမွမဟုတ္ အေျပာင္းအလဲေတြအေပၚမူတည္ၿပီး အေမရိကန္ဟာ တ႐ုတ္အေပၚ (၁၀၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္ မႈကို လုပ္ေဆာင္သြားမွာပါ။ အဲဒီလိုမဟုတ္ရင္ေတာင္ တ႐ုတ္ကလက္ရွိေပးေနတဲ့ အခြန္ထက္ ပိုမ်ားတဲ့ အခြန္စည္းၾကပ္မႈေတြကို လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ယခုလအတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ ထိပ္သီးအစည္းအေဝးေတြလုပ္ေဆာင္ဖို႔ မလိုအပ္ေတာ့ဘူးလို႔ ခံစားမိတယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုၿခိမ္းေျခာက္မႈေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။
ဒါ့ျပင္ ရန္လိုတဲ့ကုန္သြယ္မႈအေလ့အက်င့္ေတြအတြက္ တ႐ုတ္ကို ေဒၚနယ္ထရမ့္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ လည္း သိရပါတယ္။ ေခတ္သစ္နည္းပညာမွာ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ရွားပါးေျမထြက္သတၱဳေတြ တင္ပို႔မႈအေပၚထိန္းခ်ဳပ္မႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ကို ေဒၚနယ္ထရမ့္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “တ႐ုတ္မွာ အရမ္းထူးဆန္းတဲ့အရာေတြျဖစ္ပ်က္ေနပါတယ္။ တ႐ုတ္ေတြဟာ အရမ္းကို ရန္လိုလာၾကပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။