မိတ္ထီလာတွင် လုံခြုံရေးကားပေါ်သို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရ

 1621

Pearl (NP News) - အောက်တိုဘာ ၁၃
မိတ္ထီလာတွင် လုံခြုံရေးကားပေါ်သို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ‌ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ( အောက်တိုဘာ ၁၂ ရက်) ၊ နံနက်(၁၁)နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ TTC မီးပွိုင့်မရောက်မီ တက္ကသိုလ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်ပန်းတောင်းမြို့အထွက်လမ်း ပို့/ဆက် ရုံးရှေ့တွင် လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ပြီးပြန်လာစဉ် မိတ္ထီလာ TTC မီးပွိုင့်မရောက်မီ တက္ကသိုလ်ရှေ့အရောက်၌ အမျိုးသားနှစ်ယောက် စီးလာသည် ဆိုင်ကယ်ပေါ်မှ လက်လုပ်လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မနေ့က ဖြစ်တာ။ ပုံမှန်ကားဘီးပေါက်တဲ့အသံနဲ့ မတူဘူး။ သေနတ်ပစ်သံနဲ့တူတဲ့ အသံအကျယ်ကြီး ကြားလိုက်တာ။ ဒဏ်ရာရတဲ့လူရှိတယ်လို့ ကြားတယ်။ အတိအကျမသိသေးဘူး” ဟု မြို့ခံတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရရှိခဲ့ပြီး တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
မိတၳီလာတြင္ လုံၿခဳံေရးကားေပၚသို႔ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရ
Pearl (NP News) - ေအာက္တိုဘာ ၁၃
မိတၳီလာတြင္ လုံၿခဳံေရးကားေပၚသို႔ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ‌ေဒသခံမ်ားထံမွ သိရသည္။
ယမန္ေန႔ ( ေအာက္တိုဘာ ၁၂ ရက္) ၊ နံနက္(၁၁)နာရီခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕၊ TTC မီးပြိဳင့္မေရာက္မီ တကၠသိုလ္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေက်ာက္ပန္းေတာင္းၿမိဳ႕အထြက္လမ္း ပို႔/ဆက္ ႐ုံးေရွ႕တြင္ လုံၿခဳံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ၿပီးျပန္လာစဥ္ မိတၳီလာ TTC မီးပြိဳင့္မေရာက္မီ တကၠသိုလ္ေရွ႕အေရာက္၌ အမ်ိဳးသားႏွစ္ေယာက္ စီးလာသည္ ဆိုင္ကယ္ေပၚမွ လက္လုပ္လက္ပစ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ မေန႔က ျဖစ္တာ။ ပုံမွန္ကားဘီးေပါက္တဲ့အသံနဲ႔ မတူဘူး။ ေသနတ္ပစ္သံနဲ႔တူတဲ့ အသံအက်ယ္ႀကီး ၾကားလိုက္တာ။ ဒဏ္ရာရတဲ့လူရွိတယ္လို႔ ၾကားတယ္။ အတိအက်မသိေသးဘူး” ဟု ၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရရွိခဲ့ၿပီး တာဝန္ရွိသူမ်ားအေနျဖင့္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Picture

jetjet nevercry

13/10/2025 16:32

ခံ ဘက် က ချည်းပဲ . သတိ လည်း မရှိကြဘူး ။ တစ် ယောက် မျက် နှာ တစ် ယောက် ကြည့် ပြီး လခရ လုပ် နေကြ။

Related news

© 2021. All rights reserved.