ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

 481

Pika(NP News) အောက်တိုဘာ ၁၆
ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ ဟားမက်လက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းဖို့ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်သွားရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ကျွန်တော်တို့က ကစားနေတာမဟုတ်ဘူးဆိုတာ သူတို့သိပါတယ်။ဟားမက်လက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းတာက လျင်လျင်မြန်မြန်နဲ့ပဲ ဖြစ်လာပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ နောက်ထပ်အဆင့်တွေကိုဆွေးနွေးညှိနှိုင်းဖို့ အီဂျစ်မှာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က”ကျွန်တော် ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ စကားပြောခဲ့ပါတယ်။သူတို့လက်နက်ဖျက်သိမ်းမယ်လို့လည်း ကျွန်တော့်ကိုပြောခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်တာမျိုးမလုပ်ဆောင်ခဲ့ဘဲ ကြားလူတွေဆီကနေ မက်ဆေ့ချ်ပေးပို့တာမျိုးကိုပဲ လုပ်ဆောင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်အဆိုပြုခဲ့တဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို လက်မှတ်ရေးထိုးဖို့ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့က သဘောတူညီခဲ့ပြီးနောက် ဂါဇာမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်တန့်သွားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News) ေအာက္တိုဘာ ၁၆
ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီလိုမဟုတ္ဘူးဆိုရင္ေတာ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းဖို႔ ၎တို႔ကိုယ္တိုင္ လုပ္ေဆာင္သြားရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ကြၽန္ေတာ္တို႔က ကစားေနတာမဟုတ္ဘူးဆိုတာ သူတို႔သိပါတယ္။ဟားမက္လက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းတာက လ်င္လ်င္ျမန္ျမန္နဲ႔ပဲ ျဖစ္လာပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရဲ႕ ေနာက္ထပ္အဆင့္ေတြကိုေဆြးေႏြးညႇိႏႈိင္းဖို႔ အီဂ်စ္မွာ ထိပ္သီးအစည္းအေဝးတစ္ခုကို က်င္းပခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”ကြၽန္ေတာ္ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ စကားေျပာခဲ့ပါတယ္။သူတို႔လက္နက္ဖ်က္သိမ္းမယ္လို႔လည္း ကြၽန္ေတာ့္ကိုေျပာခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕ကို တိုက္႐ိုက္ဆက္သြယ္တာမ်ိဳးမလုပ္ေဆာင္ခဲ့ဘဲ ၾကားလူေတြဆီကေန မက္ေဆ့ခ်္ေပးပို႔တာမ်ိဳးကိုပဲ လုပ္ေဆာင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္အဆိုျပဳခဲ့တဲ့ ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္မွတ္ေရးထိုးဖို႔ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က သေဘာတူညီခဲ့ၿပီးေနာက္ ဂါဇာမွာျဖစ္ပြားေနတဲ့တိုက္ပြဲေတြ ရပ္တန႔္သြားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.