ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်ပတ်သက်၍ UEC က သတ်မှတ်ထုတ်ပြန်

 591

သုတကျော် (NP News) - အောက်တိုဘာ ၁၅
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ယနေ့ (အောက်တိုဘာ ၁၅ ရက်) ညပိုင်းတွင် သတ်မှတ်ထုတ်ပြန်ခဲ့သည်။
လွှတ်တော် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်အတည်ပြုကြေညာထားသည့် နိုင်ငံရေးပါတီကိုယ်စားပြု မဲအများဆုံးရသူ အနိုင်ယူစနစ် ကိုယ်စားလှယ်လောင်းများ၊ အချိုးကျ ကိုယ်စားပြုစနစ် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၀-က နှင့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း (၁၀) တို့တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍တရားမျှတပြီး အေးချမ်းတည်ငြိမ် သည့် ရွေးကောက်ပွဲများဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ရေးသားထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆ဝ (၂၈ - ၁၀ - ၂၀၂၅) ရက်နေ့ နံနက် ဝ၆းဝဝ နာရီမှ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့ ည ၁၂း၀၀ နာရီ အထိ) ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲဆိုင္ရာ စုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္းတို႔ႏွင့္ပတ္သက္၍ UEC က သတ္မွတ္ထုတ္ျပန္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၅
ေ႐ြးေကာက္ပြဲဆိုင္ရာစုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္းတို႔ႏွင့္ ပတ္သက္၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) က ယေန႔ (ေအာက္တိုဘာ ၁၅ ရက္) ညပိုင္းတြင္ သတ္မွတ္ထုတ္ျပန္ခဲ့သည္။
လႊတ္ေတာ္ လႊတ္ေတာ္အသီးသီး၏ မဲဆႏၵနယ္မ်ားအလိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းထားၿပီး သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲမ်ားက လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ စိစစ္အတည္ျပဳေၾကညာထားသည့္ ႏိုင္ငံေရးပါတီကိုယ္စားျပဳ မဲအမ်ားဆုံးရသူ အႏိုင္ယူစနစ္ ကိုယ္စားလွယ္ေလာင္းမ်ား၊ အခ်ိဳးက် ကိုယ္စားျပဳစနစ္ ကိုယ္စားလွယ္ေလာင္းမ်ား သို႔မဟုတ္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းမ်ားသည္ ေ႐ြးေကာက္ပြဲအႏိုင္ရရွိေရးအတြက္ မဲဆြယ္စည္း႐ုံးမႈမ်ား ျပဳလုပ္ရာတြင္ ဥပေဒႏွင့္အညီ လြတ္လပ္၍ တရားမွ်တမႈရွိေစေရးအတြက္ သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒ ပုဒ္မ ၃၀-က ႏွင့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ နည္းဥပေဒ အခန္း (၁၀) တို႔တြင္ ေ႐ြးေကာက္ပြဲဆိုင္ရာ စုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္းဆိုင္ရာ ျပ႒ာန္းခ်က္မ်ားကို ထည့္သြင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ လ ၂၈ ရက္တြင္ စတင္က်င္းပမည့္ အေထြေထြ ေ႐ြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ႏိုင္ငံေရးပါတီမ်ားသည္ လြတ္လပ္၍တရားမွ်တၿပီး ေအးခ်မ္းတည္ၿငိမ္ သည့္ ေ႐ြးေကာက္ပြဲမ်ားျဖစ္ေစေရးအတြက္ ေ႐ြးေကာက္ပြဲဆိုင္ရာ စုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္းတို႔ ကို သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲနည္းဥပေဒပါျပ႒ာန္းခ်က္မ်ားအတိုင္း ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း ေရးသားထားသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္တြင္ စတင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲမ်ားအတြက္ မဲဆြယ္စည္း႐ုံးခြင့္ကာလကို ရက္ေပါင္း ၆ဝ (၂၈ - ၁၀ - ၂၀၂၅) ရက္ေန႔ နံနက္ ဝ၆းဝဝ နာရီမွ ၂၆ - ၁၂ - ၂၀၂၅ ရက္ေန႔ ည ၁၂း၀၀ နာရီ အထိ) ခြင့္ျပဳေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.