T-ara အဖွဲ့ဝင် ဟန်အွန်းဂျွန်နဲ့ ရုပ်ရှင်ဒါရိုက်တာ ကင်ဗြောင်ဝူး လက်ထပ်တော့မှာဖြစ်ကြောင်း ကြေညာ

 350

ရောင်နီ (NP News) - အောက်တိုဘာ ၁၇
တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ T-ara ရဲ့အဖွဲ့ဝင်ဟောင်း အဆိုတော်၊ သရုပ်ဆောင် ဟန်အွန်းဂျွန် ဟာ ရုပ်ရှင်ဒါရိုက်တာ ကင်ဗြောင်ဝူးနဲ့လက်ထပ်တော့မယ်လို့ သိရပါတယ်။
မင်္ဂလာပွဲကို ရင်းနှီးတဲ့မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေနဲ့သာ သီးသန့်အခမ်းအနားကျင်းပမယ်လို့ သိရပါ တယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ တွေ့ဆုံပြီး နှစ်တွေကြာအောင် ရင်းနှီးတဲ့ ဆက်ဆံရေးရှိထားခဲ့ပြီး အပြန်အလှန် လေးစားမှု၊ နားလည်မှုတို့နဲ့အတူ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟန်အွန်းဂျီ ဟာ ၁၉၉၅ ခုနှစ်က ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ ဝင်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ T ara အဖွဲ့နဲ့အတူ Bo Peep Bo Peep” “Roly-Poly”, "Lovey-Dovey” စတဲ့ နာမည်ကျော် သီချင်းတွေနဲ့ T-ara ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်အားပေးမှုရရှိခဲ့ပါတယ်။
နောက်ပိုင်း 'Dream High'၊ 'Insu, the Queen Mother', 'Endless Love', 'All kinds of Daughters-in-Law', 'Suji & Uri' အပါအဝင် ရုပ်မြင်သံကြား ဒရာမာများစွာမှာ ပါဝင်ခဲ့ပြီး စွယ်စုံရ သရုပ်ဆောင်အဖြစ် ရပ်တည် နေခဲ့သူဖြစ်ပါတယ်။

Zawgyi Version:
T-ara အဖြဲ႕ဝင္ ဟန္အြန္းဂြၽန္နဲ႔ ႐ုပ္ရွင္ဒါ႐ိုက္တာ ကင္ေျဗာင္ဝူး လက္ထပ္ေတာ့မွာျဖစ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၇
ေတာင္ကိုရီးယားအမ်ိဳးသမီး K Pop အဖြဲ႕ T-ara ရဲ႕အဖြဲ႕ဝင္ေဟာင္း အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဟန္အြန္းဂြၽန္ ဟာ ႐ုပ္ရွင္ဒါ႐ိုက္တာ ကင္ေျဗာင္ဝူးနဲ႔လက္ထပ္ေတာ့မယ္လို႔ သိရပါတယ္။
မဂၤလာပြဲကို ရင္းႏွီးတဲ့မိသားစုဝင္ေတြ၊ အသိမိတ္ေဆြေတြနဲ႔သာ သီးသန႔္အခမ္းအနားက်င္းပမယ္လို႔ သိရပါ တယ္။ သူတို႔ႏွစ္ဦးဟာ အႏုပညာေလာကမွာ ေတြ႕ဆုံၿပီး ႏွစ္ေတြၾကာေအာင္ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိထားခဲ့ၿပီး အျပန္အလွန္ ေလးစားမႈ၊ နားလည္မႈတို႔နဲ႔အတူ လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဟန္အြန္းဂ်ီ ဟာ ၁၉၉၅ ခုႏွစ္က ကေလးသ႐ုပ္ေဆာင္အျဖစ္ အႏုပညာေလာကထဲ ဝင္ေရာက္ခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာ T ara အဖြဲ႕နဲ႔အတူ Bo Peep Bo Peep” “Roly-Poly”, "Lovey-Dovey” စတဲ့ နာမည္ေက်ာ္ သီခ်င္းေတြနဲ႔ T-ara ရဲ႕အဖြဲ႕ဝင္တစ္ဦးအျဖစ္ ပရိသတ္အားေပးမႈရရွိခဲ့ပါတယ္။
ေနာက္ပိုင္း 'Dream High'၊ 'Insu, the Queen Mother', 'Endless Love', 'All kinds of Daughters-in-Law', 'Suji & Uri' အပါအဝင္ ႐ုပ္ျမင္သံၾကား ဒရာမာမ်ားစြာမွာ ပါဝင္ခဲ့ၿပီး စြယ္စုံရ သ႐ုပ္ေဆာင္အျဖစ္ ရပ္တည္ ေနခဲ့သူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.