နိုင်ငံတော်ဘာသာတို့၏ သမိုင်းအစနှင့် သမိုင်းအလယ်

450

Htay Oung (NP News) - အောက်တိုဘာ ၁၇
တရားဝင်ကိုးကွယ်ရာဘာသာ သို့မဟုတ် အချုပ် အခြာ အာဏာပိုင်နိုင်ငံတစ်ခုခုက တရားဝင်အသိအ မှတ်ပြုထားတဲ့ကိုးကွယ်ရာဘာသာကို State Religious “နိုင်ငံတော်ဘာသာ”လို့ခေါ်ပါတယ်။ ယခင် Theocracy “သီအိုကရေစီ”လို့ခေါ်ဆိုခဲ့ဖူးပြီး ဂရိ ဘာသာ “ဘုရားသခင်အုပ်ချုပ်မှု”လို့ အဓိပ္ပာယ်ရပါ တယ်။ တိုင်းပြည်တစ်ပြည်မှာ ဘာသာရေးဥပဒေ၊ ဘာသာရေးခေါင်းဆောင်တို့ကို “ဥသျှောင်”အဖြစ် ထားရှိပြီး အုပ်ချုပ်တဲ့နိုင်ငံရေးစနစ်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံတော်ဘာသာသတ်မှတ်မှု အ များဆုံးမှာ “အစ္စလာမ်”ဖြစ်ပြီး (၂၀၁၇)ခုနှစ် လစ် ဗျား၊ အီဂျစ်၊ အီရန်၊ ယီမင်၊ ပါကစ္စတန်၊ အာဖဂန်နစ္စ တန်၊ ဆော်ဒီအာရေးဗျ၊ ဘရူနိုင်း စသဖြင့် နိုင်ငံပေါင်း (၂၇)နိုင်ငံခန့်ရှိပါတယ်။
ဒုတိယအများဆုံးမှာ နိုင်ငံပေါင်း (၁၄)နိုင်ငံပါ ဝင်တဲ့ “ခရစ်ယာန်”ဖြစ်ပြီး (၂၀၁၇)ခုနှစ် သုတေသ နပြုချက်အရ ဗာတီကန်စီးတီး၊ ဗြိတိန် (အင်္ဂလိကန် ဘုရားကျောင်းတော်)၊ အာဂျင်တီးနား၊ နော်ဝေ၊ ဒိန်း မတ်၊ ဖင်လန်၊ အိုက်စလန်၊ ဂရိ(ဩသိုဒေါက်) စသ ဖြင့် ကမ္ဘာအနှံ့ နိုင်ငံများဖြစ်ကြောင်းတွေ့ရှိရလိ့မ် မယ်။ အာရှပစိဖိတ်ဒေသတူ ဗားလူးကျွန်းနိုင်ငံနဲ့ အာ ဖရိကဇမ်ဘီယာနိုင်ငံတို့က ခရစ်ယာန်ဘာသာကို နိုင် ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းထားခြင်းမှာ မှတ်သား စရာဖြစ်ပါတယ်။ ဒုတိယအနည်းဆုံးအဖြစ် “ဗုဒ္ဓဘာ သာ” ကို ဘူတန်နဲ့ ကမ္ဘောဒီးယားတို့မှာတွေ့ရှိရပြီး အားလုံးမှာ အနည်းဆုံးဖြစ်တဲ့ ဟိန္ဒူဘာသာကိုတော့ နီပေါမှာသာ နိုင်ငံတော်ဘာသာအဖြစ်တွေ့ရှိရပါ တယ်။ အုပ်စုဖွဲ့ပြီးနေထိုင်မှသာလျှင် ရှင်သန်နိုင်တဲ့ လူသားတို့အနေနဲ့ သဘာဝဖြစ်ရပ်တွေကို နားမလည် နိုင်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ရှင်းပြနိုင်မှုအားနည်းခြင်း တို့ဟာ ဘာသာကိုးကွယ်မှု(religion) ပေါ်လာရခြင်း ရဲ့ ကနဦးနိဒါန်းပဲဖြစ်ပါတယ်။ ရှေးဦးလူသားတွေဟာ မိုးကြိုးပစ်၊ မီးတောင်ပေါက်ကွဲ၊ မိုးခေါင်၊ ရောဂါဖြစ်၊ နေ-လ အလင်းရောင် စတာတွေဟာ တန်ခိုးတစ်ခုခု ကြောင့်ဖြစ်တယ်လို့ ကြောက်ရွံ့ခြင်း၊ အားကျခြင်းဖြင့် ကိုးကွယ်ယုံကြည်မှု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
အပြစ်ဖြေခြင်း- လူ့လောကကိုထိန်းချုပ်နိုင်သူ နတ် ဘုရားတို့ နှစ်သက်စေရန်
အစားအစာ-တိရစ္ဆာန်များကို ပူဇော်ပသခြင်းဖြင့် ဖြေ ရှင်းခဲ့ကြပါတယ်။
အဲဒီကတစ်ဖန် ပူဇော်ပသမှုတွေကို ဦးဆောင်ဖို့ သီးသန့်လူတန်းစားတွေပေါ်ပေါက်လာခဲ့ပါတယ်။ လူ့ အဖွဲ့အစည်းရဲ့စည်းကမ်းလိုက်နာရန် လိုအပ်မှု၊ မ ကောင်းမှုဆိုသည်တို့ကို ရှောင်ကြဉ်ရန် ခြောက်လှန့်မှု၊ ကောင်းမှုဆိုသည်တို့ကို လုပ်ဆောင်ရန် အားပေးမှု တို့နဲ့ ဘာသာရေးယုံကြည်မှုအဖြစ် စနစ်တကျ ဖွံ့ဖြိုး လာခဲ့ပါတယ်။
ယဉ်ကျေးမှု၊ စိတ်အာရုံပိုင်းဆိုင်ရာလိုအပ်မှု၊ မေ့ ပျောက်နိုင်ဖို့၊ စိတ်သက်သာရာရရှိနိုင်ဖို့အတွက် ဘာ သာရေးယုံကြည်ချက်တွေ ဖန်တီးခဲ့ပါတယ်။ ဘာသာ ရေးဟာ လူ့အဖွဲ့အစည်းကို စည်းကမ်းထိန်းသိမ်းပေး ပြီး စည်းလုံးညီညွတ်စေတဲ့ကိရိယာတစ်ခုအဖြစ် အ ဆင့်ဆင့် ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။ ကိုးကွယ် ရာဘာသာကို နိုင်ငံတော်ဘာသာအဖြစ် စတင်ပြဋ္ဌာန်း သူမှာ အေဒီ (၃၈၀)ပြည့်နှစ် ရောမဧကရာဇ် ပထမ မြောက် သီအိုဒိုးရပ်စ်(Theodosius I) ဖြစ်ပြီး ပြည် တွင်းစစ် (၂)ကြိမ်အောင်မြင်ပြီးနောက် (ဩသို ဒေါက်) ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအ ဖြစ် တရားဝင်ပြဋ္ဌာန်းခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဟာ ကိုးကွယ်ယုံကြည်မှုထက်ကျော်လွန်ပြီး နိုင်ငံရေး၊ စီး ပွားရေးနဲ့ လူမှုရေးဆိုင်ရာအသင်းအပင်းတစ်ခုဖြစ်လာ ခဲ့ပါတယ်။
ခရစ်ယာန်ကျမ်းစာရဲ့သွန်သင်ချက်တွေကို ဥပဒေအဖြစ်အသုံးပြုခဲ့ကြပြီး သင်းအုပ်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေဟာ ဧကရာဇ်ရဲ့ဆုံးဖြတ်ချက်တွေ အပေါ် ဝင်ရောက်စွက်ဖက်နိုင်တဲ့ တန်ခိုးထွားသူတွေ ဖြစ်လာခဲ့တယ်။ ဘုရားကျောင်းတော်တွေဟာ လယ်/မြေယာ အမြောက်အမြားကိုပိုင်ဆိုင်ကြပြီး စီးပွားရေးအရ ဩဇာကြီးမားပါတယ်။ နိုင်ငံရေးတည် ငြိမ်အောင်ထိန်းသိမ်းရာမှာ ဘာသာရေးကို ကိရိယာ တစ်ခုအဖြစ်အသုံးချခဲ့ပါတယ်။
သက်ဦးဆံပိုင်ဧကရာဇ်တို့ရဲ့ တခြားသူ တွေအပေါ် လူကိုလူချင်းအုပ်ချုပ်တာဟာ တစ်စုံတစ် ခုသောတန်ခိုးတော်အရဖြစ်တယ်လို့ ခြောက်လှန့်မှု ဖြစ်လာပါတယ်။ " ဘုရားသခင်၏အလိုတော်" (Divine Right) ကိုအကြောင်းပြုပြီး အုပ်စိုးမှုကို တရား ဝင်ဖြစ်အောင်ပြုလုပ်ပါတယ်။ ဧကရာဇ်သည် " ဘုရား သခင်၏ကိုယ်စားလှယ်" အဖြစ် ကြေညာခဲ့ပါတယ်။ တစ်ဖက်မှာလည်း အင်ပါယာကြီးအတွင်း လူမျိုးပေါင်း စုံ/လူတန်းစားအလွှာအသီးသီးတို့ကို ဘာသာတရား တစ်ခုတည်းရဲ့အောက်မှာ စုစည်းနိုင်ခဲ့ပါတယ်။ ရန် ဘက်တွေကိုတိုက်ခိုက်ရာမှာလည်း စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ အားပေးမြှင့်တင်နိုင်ခဲ့ကြပါတယ်။
နှစ်ပေါင်း (၂၀ဝ) နီးပါးကြာမြင့်တဲ့ " ကရူး ဆိတ်စစ်ပွဲ " ဟာ ဂျေရုဆလင်မြို့ကို မွတ်စလင်တို့လက် မှ ပြန်လည်သိမ်းယူရန်ကြိုးစားတဲ့ လက်နက်ကိုင်ပဋိပက္ခကြီးဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ သန့်ရှင်းသော ဂျေရုဆလင်မြို့ ပြန်လည်ရရှိရေးစစ်ပွဲမှာ ပါဝင်တိုက် ခိုက်သူအားလုံး အကုသိုလ်အပြစ်များမှ ပယ်ဖျက်ပေး မှာဖြစ်ကြောင်း၊ ကျဆုံးသွားခဲ့ရင်လည်း "ကောင်းကင် နိုင်ငံတော်ကို တိုက်ရိုက်ရောက်ရှိစေရမယ်"လို့ ပုပ်ရ ဟန်းမင်းကြီး “ဒုတိယမြောက် အာဗန်” က (Plenary Indulgence) ကတိပြုပါတယ်။ အရှေ့ဘက်မှာ မြေ ဆီမြေနှစ် အလွန်ကောင်းမွန်တဲ့ လယ်မြေယာတွေ၊ ရွှေငွေရတနာများစွာရှိကြောင်း ယင်းတို့ကို သိမ်းပိုက် ခွင့်ရမယ်လို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒါ့ပြင် အိမ်ခြံမြေ အခွန်ကင်းလွတ်ခွင့်၊ ကြွေးမြီ ပြေလျော့ခွင့်တွေလည်း ပေးအပ်ခြင်းဖြင့် ခရစ်နှစ် (၁၀၉၅)ခုနှစ်မှာ စစ်ပွဲကြီး စတင်ဖြစ်ပွားပါတယ်။ အဲဒီကတိတွေဟာ ဥရောပက ဆင်းရဲတဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေသာမက သူဌေးသူကြွယ်၊ မင်းညီမင်း သားမကျန် အားလုံးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူတို့အတွက် ဘဝပြောင်းလဲ စေမယ့်အခွင့်အရေးကြီးဖြစ်ပြီး စစ်ပွဲဟာ (၁၂၇၂) ခုနှစ်အထိကြာမြင့်ခဲ့ပါတယ်။
ဒီစစ်ပွဲတွေရဲ့ နောက်ဆက်တွဲကောင်း ကွက်အနေနဲ့ မတူညီတဲ့ ကိုးကွယ်ရာဘာသာနှစ်ခုအ ကြား စာပေ၊ ယဉ်ကျေးမှု၊ အသိအမြင်နဲ့ အတတ် ပညာပိုင်းဆိုင်ရာတွေကို ဖလှယ်လိုက်သလိုဖြစ်သွား ပြီး ဥရောပရဲ့ စီးပွားရေးနဲ့ယဉ်ကျေးမှုအပေါ် အကျိုး သက်ရောက်မှုတွေလည်းရှိခဲ့တယ်။ အရှေ့တောင်အာ ရှနဲ့ဥရောပကြား ကုန်သွယ်ရေးလမ်းကြောင်းတွေပွင့် သွားပါတယ်။
ဥရောပမှာ နိုင်ငံတော်ဘာသာစနစ် မှေး မှိန်လာခြင်းဟာ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ဖြစ် စဉ်တွေပါဝင်ပါတယ်။ (၁၇၈၉)ခုနှစ်မှာ စတင်ဖြစ်ပွား တဲ့ ပြင်သစ်တော်လှန်ရေးဟာ ဘုရင်စနစ်ကိုဆန့်ကျင် ခဲ့ပြီး လူ့အခွင့်အရေးကြေညာစာတမ်း (Declar ation of the Rights of Man) ပါအတိုင်း ဘာသာ ရေးလွတ်လပ်ခွင့်ကို အသိအမှတ်ပြုခဲ့ပါတယ်။
(၁၈)ရာစုနှစ် ဥရောပ ဉာဏ်သစ်အရေး တော်ပုံ (Age of Enlightenment) ဖြစ်ပေါ်လာပြီး ဆိုကရေးတီးစ် (Socrates)၊ ဗော်လတိုင်ယာ (Volt- aire) တို့လို အတွေးအခေါ်ပညာရှင်တွေဟာ နိုင်ငံရေးမှာ ဘာသာရေးနဲ့ ရောယှက်ခြင်းမရှိတဲ့ဝါဒ (Secularism) ကို ဟောပြောခဲ့ကြပါတယ်။ (၁၈၅၉) ခုနှစ် ချားလ်စ်ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီဟာ လူသားတို့ ရဲ့မူလအစနဲ့ သဘာဝလွန်ယုံကြည်မှုတွေမှာ သိပ္ပံ နည်းကျ စိစစ်ဝေဖန်မှုကို ခြေလှမ်းစတင်ခဲ့ပါတယ်။ (Industrial Revolution) စက်မှုတော်လှန်ရေးဖြစ် စဉ်ကြောင့် လူ့အဖွဲ့အစည်းရဲ့အာရုံစိုက်မှုဟာ ဘာ သာရေးမှ သိပ္ပံနဲ့နည်းပညာဘက်ကိုပြောင်းလဲသွား ခြင်းဖြင့် နိုင်ငံတော်ဘာသာစနစ် မှေးမှိန်သွားပါတယ်။ (၁၉) ရာစု နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ် ပြီး ဥရောပနိုင်ငံအတော်များများတို့ရဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေတွေမှာ “ဘာသာရေးနဲ့နိုင်ငံတော်”ကို ခွဲခြားသတ်မှတ်လာကြပါတယ်။
အိန္ဒိယနဲ့မြန်မာ နယ်စပ်ဝန်းကျင်ဧရိယာ ဟာ အလွန်များပြားတဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ် စုတွေ၊ ဘာသာစကားနဲ့ကိုးကွယ်မှု အစုံလင်ဆုံး ကမ္ဘာ့ ပဉ္စမမြောက်နယ်မြေကြီးဖြစ်ပါတယ်။ တစ်ဆက် တည်းမှာပဲ အဲဒီဒေသဟာ အစ္စလာမ်သာသနာဝင် ရောက်လာခဲ့ပြီး ခရစ်ယာန်ဗြိတိသျှတို့ရဲ့ ကိုလိုနီပြု မှုကိုလည်း နှစ်ပေါင်း ရာချီခံခဲ့ရပါတယ်။ အဲဒီလို ဒေသကြီးအတွင်း နိုင်ငံထူထောင်မယ်ဆိုရင် (၁) ဘာ သာရေးနဲ့နိုင်ငံရေးကိုရောနှောတဲ့ Secular Coun- try ဖြစ်သင့်သလား (၂) ဘာသာရေးနဲ့နိုင်ငံရေးကို ရောနှောခြင်းမရှိ၊ ဆန်းစစ်ကျင့်သုံးတဲ့ Non-secu lar Country ဖြစ်သင့်လားဆိုတာ အလွန်စိတ်ဝင် စားစရာကောင်းပါတယ်။
လွတ်လပ်ရေးရရှိပြီး မြန်မာနိုင်ငံတော်ထူ ထောင်ဖို့ရည်ရွယ်တဲ့ (၁၉၄၇) ခုနှစ် အခြေခံဥပဒေမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုကို အ လေးပေးခဲ့ကြောင်းတွေ့ရှိရပါတယ်။ (အခန်း ၂၊ ပုဒ်မ ၂၀) လူတိုင်း မှန်ကန်တဲ့နည်းလမ်းဖြင့် ကိုးကွယ် ဆည်းကပ်ခြင်းနဲ့ ဘာသာတရားလွတ်လပ်ခွင့်ရှိရမယ်။ (ပုဒ်မ-၂၁) ဗုဒ္ဓဘာသာသည် နိုင်ငံသားအများစု ကိုး ကွယ်ရာဘာသာဖြစ်ကြောင်း အသိအမှတ်ပြုတယ်။ တခြားဘာသာတွေကို နှိမ့်ချခြင်း ခွဲခြားဆက်ဆံခြင်း မပြု၊ ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစားခြင်းမှ တားမြစ်၊ (ပုဒ်မ-၁၃) နိုင်ငံသားအားလုံး ဥပဒေအရ တန်းတူညီမျှပြီး မွေးဖွားမှု၊ ဘာသာရေး၊ လိင် ဒါမှမ ဟုတ် လူမျိုးရေးအရခွဲခြားမှုမရှိစေရလို့ ပြဋ္ဌာန်းထား ပါတယ်။
ဆဋ္ဌမမြောက် သင်္ဂါယနာ ဒါယကာကြီး ဦးနု ဖဆပလ အစိုးရရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာ သာ State Religion အဖြစ် ပြဋ္ဌာန်းခြင်းဟာ (၁၉၆၂) ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခြင်းဖြင့် နိဂုံး ချုပ်သွားပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ်မည်ဆိုခြင်းကြောင့် KIA ကချင်သူပုန်ပေါ် ပေါက်လာရသည်ဆိုလျှင် ဒီနေ့ခေတ် KIA ကတော့ ဘယ်အစိုးရတက်တက် လက်နက်ကိုင် သူပုန်ထနေဦး မယ့်အဖွဲ့သာဖြစ်ကြောင်း ခုနောက်ပိုင်း ပိုမို သိသာ လာပါတယ်။
အဲဒီ အမြင်သဘောထားဟာ ဆက်လက် တည်ရှိနေပြီး ဒီနေ့ လက်ရှိ (၂၀ဝ၈)ခုနှစ် အခြေခံဥပ ဒေမှာ (ပုဒ်မ-၃၄) လွတ်လပ်စွာကိုးကွယ်နိုင်၊ အခွင့် အရေး အညီအမျှရရှိ၊ (ပုဒ်မ-၃၆၁) ဗုဒ္ဓဘာသာသည် နိုင်ငံသားအများစုကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနဲ့ပြည့်စုံ၊ (ပုဒ်မ-၃၆၂) ခရစ်ယာန်-အစ္စ လာမ်-ဟိန္ဒူနဲ့ နတ်ကိုးကွယ်မှုစသည့် ကိုးကွယ်ရာ ဘာသာများကို အသိအမှတ်ပြု။ (ပုဒ်မ -၃၆၄) နိုင်ငံ ရေးအတွက် ဘာသာသာသနာကို အလွဲသုံးစားမပြုရ၊ (ပုဒ်မ-၃၆၈) ပညာထူးချွန်သူနိုင်ငံသားအားလုံး လူ မျိုး-ဘာသာ-ကျားမ မခွဲခြားဘဲ အရည်အချင်းအ လိုက် ထောက်ပံ့၊ (ပုဒ်မ-၄၀၇(ဂ) ဘာသာရေးအခြေ ပြု နိုင်ငံရေးပါတီဖွဲ့စည်းခြင်းကိုတားမြစ်တယ်လို့ ဖော်ပြထားပါတယ်။
သမိုင်းတစ်လျှောက် ဘာသာရေးဟာ နိုင်ငံ တစ်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုအတွက် အရေးပါတဲ့ ယဉ်ကျေးမှုဆိုင်ရာမဏ္ဍိုင်တစ်ခုဖြစ်ခဲ့တာ အမှန်ပါပဲ။ အဲဒီနောက် နိုင်ငံတစ်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းရာမှာ ဘုံယဉ်ကျေးမှုနဲ့ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ စံတန်ဖိုးတွေလိုအပ်လာပါတယ်။ နိုင်ငံတော်ဘာသာသတ်မှတ်ခြင်းဟာ အတိတ်ကာလ သမိုင်းအခြေအနေအရ မြို့ပြတွေစုစည်းရာမှာ အ ထောက်အကူပြုခဲ့တာမှန်ပေမယ့် မျက်မှောက်ခေတ် မှာ အလုပ်ဖြစ်တယ်လို့မပြောနိုင်တော့ပါဘူး။ လူနည်း စုဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုကိုဦးတည် စေနိုင်ပြီး လူမှုရေးပဋိပက္ခတွေကို ပိုမိုဆိုးရွားစေနိုင်ပါ တယ်။ ဒါကြောင့် (၁၈)ရာစုနိုင်ငံရေးမှာ ဘာသာရေး ရောယှက်မှုမရှိတဲ့တိုင်းပြည် Non-Secular Country တွေပေါ်လာရပါတယ်။ မည်သည့်ဘာသာမျှ ကိုး ကွယ်ခြင်းမရှိတဲ့ Irreligious နဲ့ ထာဝရဖန်ဆင်းရှင် ကိုငြင်းပယ်ခြင်း Atheism တွေလည်း တစ်နေ့တခြား တိုးပွားလာနေပါတယ်။ ဒီနေ့ခေတ် အီရန်-ပါကစ္စ တန်-ဆော်ဒီအာရေးဗျ- အာဖဂန်နစ္စတန်-(ဟူသီ) ယီမင်-ဆူဒန်-မော်ရီတေးနီးယားတို့က အစ္စလာမ် ဘာသာကိုလည်းကောင်း၊ ဗာတီကန်စီးတီးက ခရစ် ယာန်ဘာသာကိုလည်းကောင်း နိုင်ငံတော်ဘာသာအ ဖြစ်သတ်မှတ်ထားပြီး ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ ဩဇာညောင်းပါတယ်။ ဥပဒေပြုခြင်း၊ တရားစီရင်ခြင်း တွေမှာ ဘာသာရေးအရဖြစ်ပါတယ်။ နိုင်ငံတချို့ဟာ နိုင်ငံရေးမှာ ဘာသာရေးရောနှောခြင်းမရှိတဲ့တိုင်း ပြည်တွေအဖြစ် သူတို့ဘာသာကြွေးကြော်နေပေမယ့် ဒီနေ့ အမေရိကန်၊ ပြင်သစ်တို့ဟာ ထိပ်တန်း (၁၀) နိုင်ငံစာရင်းမှာမပါပါ။ ယူကေမှာ အင်္ဂလန်ဘုရား ကျောင်းတော်တွေကို ဦးစားပေးရပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ ပညာရေး မှာ သမိုင်းစဉ်လာအလွန်ကြီးမားတဲ့မဏ္ဍိုင်ကြီးဖြစ်ပါ တယ်။ ရှင်ဘုရင်ရော လယ်သမားပါ ဘုန်းတော်ကြီး ကျောင်းထွက်တွေဖြစ်ကြပေမယ့် တခြားကိုးကွယ်ရာ ဘာသာကြီးတွေလို အိမ်ထောင်သားမွေး၊ လင်ကွာ မယားကွာ၊ အမွေခွဲ၊ စစ်တိုက်၊ ပြစ်ဒဏ်စီရင်ပုံတွေ မပါရှိပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓဘာသာ ဂိုဏ်းကြီး(၉)ဂိုဏ်းမှာ သာသနာပိုင်အသီးသီးရှိကြပါ တယ်။ သာသနာပိုင်ဆရာတော်ကြီးတွေဟာ စာသင်၊ စာချ၊ ဟောပြောခြင်း သာသနာ့တာဝန်များအပြင် သံဃာအချင်းချင်းအငြင်းပွားခြင်းနဲ့ ဝိနည်းဆိုင်ရာကိစ္စ ရပ်များသာလျှင် ဆောင်ရွက်တော်မူကြပါတယ်။ လောကီလူ့ဘောင် ကိလေသာအညစ်အကြေးတွေကို စက်ဆုပ်ရွံရှာစွာကျောခိုင်းပြီး သာသနာ့ဘောင်မှာ ဝိနည်းနဲ့အညီပျော်မွေ့နေသူများသာဖြစ်ပြီး နိုင်ငံ ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှာ ကြိုးကိုင်သူ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီအတွက် “နိုင်ငံတော်ဘာသာ” ပြဋ္ဌာန်းလျှင် အခက်တွေ့နိုင်ပါတယ်။

Zawgyi Version:
ႏိုင္ငံေတာ္ဘာသာတို႔၏ သမိုင္းအစႏွင့္ သမိုင္းအလယ္
Htay Oung (NP News) - ေအာက္တိုဘာ ၁၇
တရားဝင္ကိုးကြယ္ရာဘာသာ သို႔မဟုတ္ အခ်ဳပ္ အျခာ အာဏာပိုင္ႏိုင္ငံတစ္ခုခုက တရားဝင္အသိအ မွတ္ျပဳထားတဲ့ကိုးကြယ္ရာဘာသာကို State Religious “ႏိုင္ငံေတာ္ဘာသာ”လို႔ေခၚပါတယ္။ ယခင္ Theocracy “သီအိုကေရစီ”လို႔ေခၚဆိုခဲ့ဖူးၿပီး ဂရိ ဘာသာ “ဘုရားသခင္အုပ္ခ်ဳပ္မႈ”လို႔ အဓိပၸာယ္ရပါ တယ္။ တိုင္းျပည္တစ္ျပည္မွာ ဘာသာေရးဥပေဒ၊ ဘာသာေရးေခါင္းေဆာင္တို႔ကို “ဥေသွ်ာင္”အျဖစ္ ထားရွိၿပီး အုပ္ခ်ဳပ္တဲ့ႏိုင္ငံေရးစနစ္ျဖစ္ပါတယ္။
ကမာၻေပၚမွာ ႏိုင္ငံေတာ္ဘာသာသတ္မွတ္မႈ အ မ်ားဆုံးမွာ “အစၥလာမ္”ျဖစ္ၿပီး (၂၀၁၇)ခုႏွစ္ လစ္ ဗ်ား၊ အီဂ်စ္၊ အီရန္၊ ယီမင္၊ ပါကစၥတန္၊ အာဖဂန္နစၥ တန္၊ ေဆာ္ဒီအာေရးဗ်၊ ဘ႐ူႏိုင္း စသျဖင့္ ႏိုင္ငံေပါင္း (၂၇)ႏိုင္ငံခန႔္ရွိပါတယ္။
ဒုတိယအမ်ားဆုံးမွာ ႏိုင္ငံေပါင္း (၁၄)ႏိုင္ငံပါ ဝင္တဲ့ “ခရစ္ယာန္”ျဖစ္ၿပီး (၂၀၁၇)ခုႏွစ္ သုေတသ နျပဳခ်က္အရ ဗာတီကန္စီးတီး၊ ၿဗိတိန္ (အဂၤလိကန္ ဘုရားေက်ာင္းေတာ္)၊ အာဂ်င္တီးနား၊ ေနာ္ေဝ၊ ဒိန္း မတ္၊ ဖင္လန္၊ အိုက္စလန္၊ ဂရိ(ဩသိုေဒါက္) စသ ျဖင့္ ကမာၻအႏွံ႔ ႏိုင္ငံမ်ားျဖစ္ေၾကာင္းေတြ႕ရွိရလိ့မ္ မယ္။ အာရွပစိဖိတ္ေဒသတူ ဗားလူးကြၽန္းႏိုင္ငံနဲ႔ အာ ဖရိကဇမ္ဘီယာႏိုင္ငံတို႔က ခရစ္ယာန္ဘာသာကို ႏိုင္ ငံေတာ္ဘာသာအျဖစ္ျပ႒ာန္းထားျခင္းမွာ မွတ္သား စရာျဖစ္ပါတယ္။ ဒုတိယအနည္းဆုံးအျဖစ္ “ဗုဒၶဘာ သာ” ကို ဘူတန္နဲ႔ ကေမာၻဒီးယားတို႔မွာေတြ႕ရွိရၿပီး အားလုံးမွာ အနည္းဆုံးျဖစ္တဲ့ ဟိႏၵဴဘာသာကိုေတာ့ နီေပါမွာသာ ႏိုင္ငံေတာ္ဘာသာအျဖစ္ေတြ႕ရွိရပါ တယ္။ အုပ္စုဖြဲ႕ၿပီးေနထိုင္မွသာလွ်င္ ရွင္သန္ႏိုင္တဲ့ လူသားတို႔အေနနဲ႔ သဘာဝျဖစ္ရပ္ေတြကို နားမလည္ ႏိုင္ျခင္း၊ ေၾကာက္႐ြံ႕ျခင္းနဲ႔ ရွင္းျပႏိုင္မႈအားနည္းျခင္း တို႔ဟာ ဘာသာကိုးကြယ္မႈ(religion) ေပၚလာရျခင္း ရဲ႕ ကနဦးနိဒါန္းပဲျဖစ္ပါတယ္။ ေရွးဦးလူသားေတြဟာ မိုးႀကိဳးပစ္၊ မီးေတာင္ေပါက္ကြဲ၊ မိုးေခါင္၊ ေရာဂါျဖစ္၊ ေန-လ အလင္းေရာင္ စတာေတြဟာ တန္ခိုးတစ္ခုခု ေၾကာင့္ျဖစ္တယ္လို႔ ေၾကာက္႐ြံ႕ျခင္း၊ အားက်ျခင္းျဖင့္ ကိုးကြယ္ယုံၾကည္မႈ စတင္ျဖစ္ေပၚလာခဲ့ပါတယ္။
အျပစ္ေျဖျခင္း- လူ႔ေလာကကိုထိန္းခ်ဳပ္ႏိုင္သူ နတ္ ဘုရားတို႔ ႏွစ္သက္ေစရန္
အစားအစာ-တိရစာၦန္မ်ားကို ပူေဇာ္ပသျခင္းျဖင့္ ေျဖ ရွင္းခဲ့ၾကပါတယ္။
အဲဒီကတစ္ဖန္ ပူေဇာ္ပသမႈေတြကို ဦးေဆာင္ဖို႔ သီးသန႔္လူတန္းစားေတြေပၚေပါက္လာခဲ့ပါတယ္။ လူ႔ အဖြဲ႕အစည္းရဲ႕စည္းကမ္းလိုက္နာရန္ လိုအပ္မႈ၊ မ ေကာင္းမႈဆိုသည္တို႔ကို ေရွာင္ၾကဥ္ရန္ ေျခာက္လွန႔္မႈ၊ ေကာင္းမႈဆိုသည္တို႔ကို လုပ္ေဆာင္ရန္ အားေပးမႈ တို႔နဲ႔ ဘာသာေရးယုံၾကည္မႈအျဖစ္ စနစ္တက် ဖြံ႕ၿဖိဳး လာခဲ့ပါတယ္။
ယဥ္ေက်းမႈ၊ စိတ္အာ႐ုံပိုင္းဆိုင္ရာလိုအပ္မႈ၊ ေမ့ ေပ်ာက္ႏိုင္ဖို႔၊ စိတ္သက္သာရာရရွိႏိုင္ဖို႔အတြက္ ဘာ သာေရးယုံၾကည္ခ်က္ေတြ ဖန္တီးခဲ့ပါတယ္။ ဘာသာ ေရးဟာ လူ႔အဖြဲ႕အစည္းကို စည္းကမ္းထိန္းသိမ္းေပး ၿပီး စည္းလုံးညီၫြတ္ေစတဲ့ကိရိယာတစ္ခုအျဖစ္ အ ဆင့္ဆင့္ ေျပာင္းလဲလာခဲ့တာပဲျဖစ္ပါတယ္။ ကိုးကြယ္ ရာဘာသာကို ႏိုင္ငံေတာ္ဘာသာအျဖစ္ စတင္ျပ႒ာန္း သူမွာ ေအဒီ (၃၈၀)ျပည့္ႏွစ္ ေရာမဧကရာဇ္ ပထမ ေျမာက္ သီအိုဒိုးရပ္စ္(Theodosius I) ျဖစ္ၿပီး ျပည္ တြင္းစစ္ (၂)ႀကိမ္ေအာင္ျမင္ၿပီးေနာက္ (ဩသို ေဒါက္) ခရစ္ယာန္ဘာသာကို ႏိုင္ငံေတာ္ဘာသာအ ျဖစ္ တရားဝင္ျပ႒ာန္းခဲ့ပါတယ္။ ခရစ္ယာန္ဘာသာဟာ ကိုးကြယ္ယုံၾကည္မႈထက္ေက်ာ္လြန္ၿပီး ႏိုင္ငံေရး၊ စီး ပြားေရးနဲ႔ လူမႈေရးဆိုင္ရာအသင္းအပင္းတစ္ခုျဖစ္လာ ခဲ့ပါတယ္။
ခရစ္ယာန္က်မ္းစာရဲ႕သြန္သင္ခ်က္ေတြကို ဥပေဒအျဖစ္အသုံးျပဳခဲ့ၾကၿပီး သင္းအုပ္ဆရာေတြနဲ႔ ဘုန္းေတာ္ႀကီးေတြဟာ ဧကရာဇ္ရဲ႕ဆုံးျဖတ္ခ်က္ေတြ အေပၚ ဝင္ေရာက္စြက္ဖက္ႏိုင္တဲ့ တန္ခိုးထြားသူေတြ ျဖစ္လာခဲ့တယ္။ ဘုရားေက်ာင္းေတာ္ေတြဟာ လယ္/ေျမယာ အေျမာက္အျမားကိုပိုင္ဆိုင္ၾကၿပီး စီးပြားေရးအရ ဩဇာႀကီးမားပါတယ္။ ႏိုင္ငံေရးတည္ ၿငိမ္ေအာင္ထိန္းသိမ္းရာမွာ ဘာသာေရးကို ကိရိယာ တစ္ခုအျဖစ္အသုံးခ်ခဲ့ပါတယ္။
သက္ဦးဆံပိုင္ဧကရာဇ္တို႔ရဲ႕ တျခားသူ ေတြအေပၚ လူကိုလူခ်င္းအုပ္ခ်ဳပ္တာဟာ တစ္စုံတစ္ ခုေသာတန္ခိုးေတာ္အရျဖစ္တယ္လို႔ ေျခာက္လွန႔္မႈ ျဖစ္လာပါတယ္။ " ဘုရားသခင္၏အလိုေတာ္" (Divine Right) ကိုအေၾကာင္းျပဳၿပီး အုပ္စိုးမႈကို တရား ဝင္ျဖစ္ေအာင္ျပဳလုပ္ပါတယ္။ ဧကရာဇ္သည္ " ဘုရား သခင္၏ကိုယ္စားလွယ္" အျဖစ္ ေၾကညာခဲ့ပါတယ္။ တစ္ဖက္မွာလည္း အင္ပါယာႀကီးအတြင္း လူမ်ိဳးေပါင္း စုံ/လူတန္းစားအလႊာအသီးသီးတို႔ကို ဘာသာတရား တစ္ခုတည္းရဲ႕ေအာက္မွာ စုစည္းႏိုင္ခဲ့ပါတယ္။ ရန္ ဘက္ေတြကိုတိုက္ခိုက္ရာမွာလည္း စိတ္ဝိညာဥ္ပိုင္း ဆိုင္ရာ အားေပးျမႇင့္တင္ႏိုင္ခဲ့ၾကပါတယ္။
ႏွစ္ေပါင္း (၂၀ဝ) နီးပါးၾကာျမင့္တဲ့ " က႐ူး ဆိတ္စစ္ပြဲ " ဟာ ေဂ်႐ုဆလင္ၿမိဳ႕ကို မြတ္စလင္တို႔လက္ မွ ျပန္လည္သိမ္းယူရန္ႀကိဳးစားတဲ့ လက္နက္ကိုင္ပဋိပကၡႀကီးျဖစ္ပါတယ္။ ခရစ္ယာန္တို႔ရဲ႕ သန႔္ရွင္းေသာ ေဂ်႐ုဆလင္ၿမိဳ႕ ျပန္လည္ရရွိေရးစစ္ပြဲမွာ ပါဝင္တိုက္ ခိုက္သူအားလုံး အကုသိုလ္အျပစ္မ်ားမွ ပယ္ဖ်က္ေပး မွာျဖစ္ေၾကာင္း၊ က်ဆုံးသြားခဲ့ရင္လည္း "ေကာင္းကင္ ႏိုင္ငံေတာ္ကို တိုက္႐ိုက္ေရာက္ရွိေစရမယ္"လို႔ ပုပ္ရ ဟန္းမင္းႀကီး “ဒုတိယေျမာက္ အာဗန္” က (Plenary Indulgence) ကတိျပဳပါတယ္။ အေရွ႕ဘက္မွာ ေျမ ဆီေျမႏွစ္ အလြန္ေကာင္းမြန္တဲ့ လယ္ေျမယာေတြ၊ ေ႐ႊေငြရတနာမ်ားစြာရွိေၾကာင္း ယင္းတို႔ကို သိမ္းပိုက္ ခြင့္ရမယ္လို႔ ဆြဲေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ အိမ္ၿခံေျမ အခြန္ကင္းလြတ္ခြင့္၊ ေႂကြးၿမီ ေျပေလ်ာ့ခြင့္ေတြလည္း ေပးအပ္ျခင္းျဖင့္ ခရစ္ႏွစ္ (၁၀၉၅)ခုႏွစ္မွာ စစ္ပြဲႀကီး စတင္ျဖစ္ပြားပါတယ္။ အဲဒီကတိေတြဟာ ဥေရာပက ဆင္းရဲတဲ့ ေက်းေတာ္မ်ိဳး ကြၽန္ေတာ္မ်ိဳးေတြသာမက သူေဌးသူႂကြယ္၊ မင္းညီမင္း သားမက်န္ အားလုံးကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ သူတို႔အတြက္ ဘဝေျပာင္းလဲ ေစမယ့္အခြင့္အေရးႀကီးျဖစ္ၿပီး စစ္ပြဲဟာ (၁၂၇၂) ခုႏွစ္အထိၾကာျမင့္ခဲ့ပါတယ္။
ဒီစစ္ပြဲေတြရဲ႕ ေနာက္ဆက္တြဲေကာင္း ကြက္အေနနဲ႔ မတူညီတဲ့ ကိုးကြယ္ရာဘာသာႏွစ္ခုအ ၾကား စာေပ၊ ယဥ္ေက်းမႈ၊ အသိအျမင္နဲ႔ အတတ္ ပညာပိုင္းဆိုင္ရာေတြကို ဖလွယ္လိုက္သလိုျဖစ္သြား ၿပီး ဥေရာပရဲ႕ စီးပြားေရးနဲ႔ယဥ္ေက်းမႈအေပၚ အက်ိဳး သက္ေရာက္မႈေတြလည္းရွိခဲ့တယ္။ အေရွ႕ေတာင္အာ ရွနဲ႔ဥေရာပၾကား ကုန္သြယ္ေရးလမ္းေၾကာင္းေတြပြင့္ သြားပါတယ္။
ဥေရာပမွာ ႏိုင္ငံေတာ္ဘာသာစနစ္ ေမွး မွိန္လာျခင္းဟာ တျဖည္းျဖည္းေျပာင္းလဲလာတဲ့ ျဖစ္ စဥ္ေတြပါဝင္ပါတယ္။ (၁၇၈၉)ခုႏွစ္မွာ စတင္ျဖစ္ပြား တဲ့ ျပင္သစ္ေတာ္လွန္ေရးဟာ ဘုရင္စနစ္ကိုဆန႔္က်င္ ခဲ့ၿပီး လူ႔အခြင့္အေရးေၾကညာစာတမ္း (Declar ation of the Rights of Man) ပါအတိုင္း ဘာသာ ေရးလြတ္လပ္ခြင့္ကို အသိအမွတ္ျပဳခဲ့ပါတယ္။
(၁၈)ရာစုႏွစ္ ဥေရာပ ဉာဏ္သစ္အေရး ေတာ္ပုံ (Age of Enlightenment) ျဖစ္ေပၚလာၿပီး ဆိုကေရးတီးစ္ (Socrates)၊ ေဗာ္လတိုင္ယာ (Volt- aire) တို႔လို အေတြးအေခၚပညာရွင္ေတြဟာ ႏိုင္ငံေရးမွာ ဘာသာေရးနဲ႔ ေရာယွက္ျခင္းမရွိတဲ့ဝါဒ (Secularism) ကို ေဟာေျပာခဲ့ၾကပါတယ္။ (၁၈၅၉) ခုႏွစ္ ခ်ားလ္စ္ဒါဝင္ရဲ႕ ဆင့္ကဲျဖစ္စဥ္သီအိုရီဟာ လူသားတို႔ ရဲ႕မူလအစနဲ႔ သဘာဝလြန္ယုံၾကည္မႈေတြမွာ သိပၸံ နည္းက် စိစစ္ေဝဖန္မႈကို ေျခလွမ္းစတင္ခဲ့ပါတယ္။ (Industrial Revolution) စက္မႈေတာ္လွန္ေရးျဖစ္ စဥ္ေၾကာင့္ လူ႔အဖြဲ႕အစည္းရဲ႕အာ႐ုံစိုက္မႈဟာ ဘာ သာေရးမွ သိပၸံနဲ႔နည္းပညာဘက္ကိုေျပာင္းလဲသြား ျခင္းျဖင့္ ႏိုင္ငံေတာ္ဘာသာစနစ္ ေမွးမွိန္သြားပါတယ္။ (၁၉) ရာစု ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြျဖစ္ေပၚ ၿပီး ဥေရာပႏိုင္ငံအေတာ္မ်ားမ်ားတို႔ရဲ႕ ဖြဲ႕စည္းပုံအ ေျခခံဥပေဒေတြမွာ “ဘာသာေရးနဲ႔ႏိုင္ငံေတာ္”ကို ခြဲျခားသတ္မွတ္လာၾကပါတယ္။
အိႏၵိယနဲ႔ျမန္မာ နယ္စပ္ဝန္းက်င္ဧရိယာ ဟာ အလြန္မ်ားျပားတဲ့ ဌာေနတိုင္းရင္းသားမ်ိဳးႏြယ္ စုေတြ၊ ဘာသာစကားနဲ႔ကိုးကြယ္မႈ အစုံလင္ဆုံး ကမာၻ႔ ပၪၥမေျမာက္နယ္ေျမႀကီးျဖစ္ပါတယ္။ တစ္ဆက္ တည္းမွာပဲ အဲဒီေဒသဟာ အစၥလာမ္သာသနာဝင္ ေရာက္လာခဲ့ၿပီး ခရစ္ယာန္ၿဗိတိသွ်တို႔ရဲ႕ ကိုလိုနီျပဳ မႈကိုလည္း ႏွစ္ေပါင္း ရာခ်ီခံခဲ့ရပါတယ္။ အဲဒီလို ေဒသႀကီးအတြင္း ႏိုင္ငံထူေထာင္မယ္ဆိုရင္ (၁) ဘာ သာေရးနဲ႔ႏိုင္ငံေရးကိုေရာေႏွာတဲ့ Secular Coun- try ျဖစ္သင့္သလား (၂) ဘာသာေရးနဲ႔ႏိုင္ငံေရးကို ေရာေႏွာျခင္းမရွိ၊ ဆန္းစစ္က်င့္သုံးတဲ့ Non-secu lar Country ျဖစ္သင့္လားဆိုတာ အလြန္စိတ္ဝင္ စားစရာေကာင္းပါတယ္။
လြတ္လပ္ေရးရရွိၿပီး ျမန္မာႏိုင္ငံေတာ္ထူ ေထာင္ဖို႔ရည္႐ြယ္တဲ့ (၁၉၄၇) ခုႏွစ္ အေျခခံဥပေဒမွာ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ တန္းတူညီမွ်မႈကို အ ေလးေပးခဲ့ေၾကာင္းေတြ႕ရွိရပါတယ္။ (အခန္း ၂၊ ပုဒ္မ ၂၀) လူတိုင္း မွန္ကန္တဲ့နည္းလမ္းျဖင့္ ကိုးကြယ္ ဆည္းကပ္ျခင္းနဲ႔ ဘာသာတရားလြတ္လပ္ခြင့္ရွိရမယ္။ (ပုဒ္မ-၂၁) ဗုဒၶဘာသာသည္ ႏိုင္ငံသားအမ်ားစု ကိုး ကြယ္ရာဘာသာျဖစ္ေၾကာင္း အသိအမွတ္ျပဳတယ္။ တျခားဘာသာေတြကို ႏွိမ့္ခ်ျခင္း ခြဲျခားဆက္ဆံျခင္း မျပဳ၊ ဘာသာေရးကို ႏိုင္ငံေရးအရ အလြဲသုံးစားျခင္းမွ တားျမစ္၊ (ပုဒ္မ-၁၃) ႏိုင္ငံသားအားလုံး ဥပေဒအရ တန္းတူညီမွ်ၿပီး ေမြးဖြားမႈ၊ ဘာသာေရး၊ လိင္ ဒါမွမ ဟုတ္ လူမ်ိဳးေရးအရခြဲျခားမႈမရွိေစရလို႔ ျပ႒ာန္းထား ပါတယ္။
ဆ႒မေျမာက္ သဂၤါယနာ ဒါယကာႀကီး ဦးႏု ဖဆပလ အစိုးရရဲ႕ ဗုဒၶဘာသာကို ႏိုင္ငံေတာ္ဘာ သာ State Religion အျဖစ္ ျပ႒ာန္းျခင္းဟာ (၁၉၆၂) ခုႏွစ္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း အာဏာသိမ္းျခင္းျဖင့္ နိဂုံး ခ်ဳပ္သြားပါတယ္။ ဗုဒၶဘာသာကို ႏိုင္ငံေတာ္ဘာသာ သတ္မွတ္မည္ဆိုျခင္းေၾကာင့္ KIA ကခ်င္သူပုန္ေပၚ ေပါက္လာရသည္ဆိုလွ်င္ ဒီေန႔ေခတ္ KIA ကေတာ့ ဘယ္အစိုးရတက္တက္ လက္နက္ကိုင္ သူပုန္ထေနဦး မယ့္အဖြဲ႕သာျဖစ္ေၾကာင္း ခုေနာက္ပိုင္း ပိုမို သိသာ လာပါတယ္။
အဲဒီ အျမင္သေဘာထားဟာ ဆက္လက္ တည္ရွိေနၿပီး ဒီေန႔ လက္ရွိ (၂၀ဝ၈)ခုႏွစ္ အေျခခံဥပ ေဒမွာ (ပုဒ္မ-၃၄) လြတ္လပ္စြာကိုးကြယ္ႏိုင္၊ အခြင့္ အေရး အညီအမွ်ရရွိ၊ (ပုဒ္မ-၃၆၁) ဗုဒၶဘာသာသည္ ႏိုင္ငံသားအမ်ားစုကိုးကြယ္ရာျဖစ္ေသာ ဂုဏ္ထူး ဝိေသသနဲ႔ျပည့္စုံ၊ (ပုဒ္မ-၃၆၂) ခရစ္ယာန္-အစၥ လာမ္-ဟိႏၵဴနဲ႔ နတ္ကိုးကြယ္မႈစသည့္ ကိုးကြယ္ရာ ဘာသာမ်ားကို အသိအမွတ္ျပဳ။ (ပုဒ္မ -၃၆၄) ႏိုင္ငံ ေရးအတြက္ ဘာသာသာသနာကို အလြဲသုံးစားမျပဳရ၊ (ပုဒ္မ-၃၆၈) ပညာထူးခြၽန္သူႏိုင္ငံသားအားလုံး လူ မ်ိဳး-ဘာသာ-က်ားမ မခြဲျခားဘဲ အရည္အခ်င္းအ လိုက္ ေထာက္ပံ့၊ (ပုဒ္မ-၄၀၇(ဂ) ဘာသာေရးအေျခ ျပဳ ႏိုင္ငံေရးပါတီဖြဲ႕စည္းျခင္းကိုတားျမစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
သမိုင္းတစ္ေလွ်ာက္ ဘာသာေရးဟာ ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ စည္းလုံးညီၫြတ္မႈအတြက္ အေရးပါတဲ့ ယဥ္ေက်းမႈဆိုင္ရာမ႑ိဳင္တစ္ခုျဖစ္ခဲ့တာ အမွန္ပါပဲ။ အဲဒီေနာက္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စည္းလုံးညီၫြတ္မႈကို ဆက္လက္ထိန္းသိမ္းရာမွာ ဘုံယဥ္ေက်းမႈနဲ႔ ယုံၾကည္ ကိုးကြယ္မႈဆိုင္ရာ စံတန္ဖိုးေတြလိုအပ္လာပါတယ္။ ႏိုင္ငံေတာ္ဘာသာသတ္မွတ္ျခင္းဟာ အတိတ္ကာလ သမိုင္းအေျခအေနအရ ၿမိဳ႕ျပေတြစုစည္းရာမွာ အ ေထာက္အကူျပဳခဲ့တာမွန္ေပမယ့္ မ်က္ေမွာက္ေခတ္ မွာ အလုပ္ျဖစ္တယ္လို႔မေျပာႏိုင္ေတာ့ပါဘူး။ လူနည္း စုဘာသာဝင္ေတြအေပၚ ခြဲျခားဆက္ဆံမႈကိုဦးတည္ ေစႏိုင္ၿပီး လူမႈေရးပဋိပကၡေတြကို ပိုမိုဆိုး႐ြားေစႏိုင္ပါ တယ္။ ဒါေၾကာင့္ (၁၈)ရာစုႏိုင္ငံေရးမွာ ဘာသာေရး ေရာယွက္မႈမရွိတဲ့တိုင္းျပည္ Non-Secular Country ေတြေပၚလာရပါတယ္။ မည္သည့္ဘာသာမွ် ကိုး ကြယ္ျခင္းမရွိတဲ့ Irreligious နဲ႔ ထာဝရဖန္ဆင္းရွင္ ကိုျငင္းပယ္ျခင္း Atheism ေတြလည္း တစ္ေန႔တျခား တိုးပြားလာေနပါတယ္။ ဒီေန႔ေခတ္ အီရန္-ပါကစၥ တန္-ေဆာ္ဒီအာေရးဗ်- အာဖဂန္နစၥတန္-(ဟူသီ) ယီမင္-ဆူဒန္-ေမာ္ရီေတးနီးယားတို႔က အစၥလာမ္ ဘာသာကိုလည္းေကာင္း၊ ဗာတီကန္စီးတီးက ခရစ္ ယာန္ဘာသာကိုလည္းေကာင္း ႏိုင္ငံေတာ္ဘာသာအ ျဖစ္သတ္မွတ္ထားၿပီး ဘာသာေရးဆိုင္ရာပုဂၢိဳလ္မ်ား ဩဇာေညာင္းပါတယ္။ ဥပေဒျပဳျခင္း၊ တရားစီရင္ျခင္း ေတြမွာ ဘာသာေရးအရျဖစ္ပါတယ္။ ႏိုင္ငံတခ်ိဳ႕ဟာ ႏိုင္ငံေရးမွာ ဘာသာေရးေရာေႏွာျခင္းမရွိတဲ့တိုင္း ျပည္ေတြအျဖစ္ သူတို႔ဘာသာေႂကြးေၾကာ္ေနေပမယ့္ ဒီေန႔ အေမရိကန္၊ ျပင္သစ္တို႔ဟာ ထိပ္တန္း (၁၀) ႏိုင္ငံစာရင္းမွာမပါပါ။ ယူေကမွာ အဂၤလန္ဘုရား ေက်ာင္းေတာ္ေတြကို ဦးစားေပးရပါတယ္။
ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာဟာ ပညာေရး မွာ သမိုင္းစဥ္လာအလြန္ႀကီးမားတဲ့မ႑ိဳင္ႀကီးျဖစ္ပါ တယ္။ ရွင္ဘုရင္ေရာ လယ္သမားပါ ဘုန္းေတာ္ႀကီး ေက်ာင္းထြက္ေတြျဖစ္ၾကေပမယ့္ တျခားကိုးကြယ္ရာ ဘာသာႀကီးေတြလို အိမ္ေထာင္သားေမြး၊ လင္ကြာ မယားကြာ၊ အေမြခြဲ၊ စစ္တိုက္၊ ျပစ္ဒဏ္စီရင္ပုံေတြ မပါရွိပါ။ လက္ရွိ ျမန္မာႏိုင္ငံမွာ ေထရဝါဒဗုဒၶဘာသာ ဂိုဏ္းႀကီး(၉)ဂိုဏ္းမွာ သာသနာပိုင္အသီးသီးရွိၾကပါ တယ္။ သာသနာပိုင္ဆရာေတာ္ႀကီးေတြဟာ စာသင္၊ စာခ်၊ ေဟာေျပာျခင္း သာသနာ့တာဝန္မ်ားအျပင္ သံဃာအခ်င္းခ်င္းအျငင္းပြားျခင္းနဲ႔ ဝိနည္းဆိုင္ရာကိစၥ ရပ္မ်ားသာလွ်င္ ေဆာင္႐ြက္ေတာ္မူၾကပါတယ္။ ေလာကီလူ႔ေဘာင္ ကိေလသာအညစ္အေၾကးေတြကို စက္ဆုပ္႐ြံရွာစြာေက်ာခိုင္းၿပီး သာသနာ့ေဘာင္မွာ ဝိနည္းနဲ႔အညီေပ်ာ္ေမြ႕ေနသူမ်ားသာျဖစ္ၿပီး ႏိုင္ငံ ေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးတို႔မွာ ႀကိဳးကိုင္သူ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ ဒီအတြက္ “ႏိုင္ငံေတာ္ဘာသာ” ျပ႒ာန္းလွ်င္ အခက္ေတြ႕ႏိုင္ပါတယ္။