KK Park မြေနေရာသည် KNU က လက်ညှိုးထိုးရောင်းစားခဲ့သော အစိုးရပိုင်မြေဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 2571

သန့်ဇင်(NP News)-အောက်တိုဘာ ၂၁
KK Park မြေနေရာသည် အစိုးရပိုင်မြေကို KNU ကလက်ညှိုးထိုးရောင်းစားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(အောက်တိုဘာ ၂၀ရက်)၊က မီဒီယာများ၏ မေးမြန်းမှုမပေါ်အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
KK Parkသည် မြဝတီမြို့၏တောင်ဘက် မယ်ထော်သလေးကျေးရွာအနီး ထိုင်း-မြန်မာန်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးတွင်တည်ရှိပြီး KNU တပ်မဟာ (၆) ၏လှုပ်ရှားနယ်မြေဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ပထမဆုံးတော့ KK Park ရဲ့ သမိုင်းကြောင်းနဲ့ KK park ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အားလုံး ရှင်းလင်းသွားမှာဖြစ်ပါတယ်။ KK Park ဆိုတာ မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာအနီး ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးမှာရှိပြီး KNUတပ် မဟာ (၆) ရဲ့လှုပ်ရှားနယ်မြေမှာ ရှိတာဖြစ်ပါတယ်။ BGF က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဆိုတာ မြဝတီမြို့ရဲ့မြောက်ဘက်မှာ ရှိတာဖြစ်ပါတယ်။ KK Park မြို့သစ်စီမံကိန်းရဲ့မြောက်ဘက်မှာတော့ လေးကေ့ကော်မြို့သစ်ရှိပါတယ်။ အဲဒီမှာတော့ ငြိမ်းချမ်းရေးကြိုးပမ်းမှု အထိန်းအမှတ်အဖြစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ KNU ယခင်ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ဟာ ယခင်ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ (၂၀၁၅)ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ထို့နောက် KNU များဝင်ရောက်သိမ်းပိုက်ပြီးနောက် နယ်ခံများအားနှင်ထုတ်ကာ KNU၊ PDF အဖွဲ့များနှင့် ၎င်းတို့အဖွဲ့အထောက် အကူပြုအဖွဲ့များက ယင်းနေရာတွင် ဆက်လက်နေထိုင်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ထို့နောက် KK Parkစီမံကိန်းကိုလုပ်ဆောင်ရန်အတွက် KNU၏ Mulaei Ahlin Company Limited (မုလအိအလင်းကုမ္ပဏီ) နှင့် ထိုင်း နိုင်ငံ ရှိကုမ္ပဏီတစ်ခုတို့ ကနဦးလုပ် ကွက်အတွက် လုပ်ငန်းမြေငှားရမ်းခ သဘောတူညီမှုကို (၂၀၂၀)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“အဲဒီသဘောတူစာချုပ်ရဲ့မြေငှားပေးသူ အသိသက်သေများမှာ မုလက်အိအလင်းဘက်က လက်ရှိ KNU ဥက္ကဋ္ဌ ဖဒို စောကွယ် ထူးဝင်းက KNU ဘဏ္ဍာရေးကော်မတီဗဟိုကော်မတီအနေနဲ့ လက်မှတ်ရေးထိုးထားပြီး ယခင် KNU ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးစောရော်ဂျာခင်ကလည်း KNU ဘဏ္ဍာရေးကော်မတီဗဟိုအနေနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
စာချုပ်တွင်ငှားရမ်းလိုသော မြေစာချုပ် ဧက (၁၀၀)ခန့်ကို နှစ်ပေါင်း (၃၀) ငှားရမ်းရန် သဘောတူထားခဲ့ကြောင်းကိုလည်း တွေ့ရှိရ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“စာချုပ်မှာငှားရမ်းလိုတဲ့မြေစာချုပ် ဧက (၁၀၀) ခန့်ကို နှစ်ပေါင်း (၃၀) ငှားရမ်းဖို့ သဘောတူထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီစာချုပ်တွေဟာ အခိုင်အမာရှိနေတဲ့ စာချုပ်တွေဖြစ်ပါတယ်။ စာချုပ်ပါ အချက်အလက်တွေအရဆိုရင် တစ်ဧကကို (၁)နှစ် ဘက်(၃၅၀၀၀)နှုန်းနဲ့ မြေ (၁၀၀)ဧက လျှင်တစ်နှစ်လျှင် ဘက် (၃)သန်းခွဲဖြစ်ပြီး (၆)လတစ်ကြိမ်ပေးချေပါမယ်လို့ ကတိပြုထားတာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ဧက (၃၀)အတွက် လုံခြုံရေးစောင်ရှောက်ခအဖြစ် KNU အတွက် တစ်လလျှင် ဘက် (၅)သိန်း သတ်မှတ်ထားပြီး စီမံကိန်းဧရိယာ အကျယ်အဝန်းများလာသည်နှင့်အမျှ လုံခြုံရေးစရိတ် တိုးမြှင့်ပေးရန်လည်း စာချုပ်တွင် ကတိပြုခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဆိုသည်။
“ဒါ့အပြင် ဧက (၃၀) အတွက် လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက် ဘက် (၅)သိန်းသတ်မှတ်ထားပြီး စီမံကိန်းဧရိယာကျယ် ဝန်းများလာတာနဲ့အမျှ လုံခြုံရေးစရိတ် တိုးမြှင့်ပေးမယ်လို့လည်း အဲဒီစာချုပ်မှာ ကတိပြုခဲ့တာတွေ့ရပါတယ်။ (၂၀၂၂)ခုနှစ်၊ မေလထဲမှာ KNU နဲ့ Trans Asia International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့ မုလအိအလင်းကုမ္ပဏီ မဟုတ်တော့ပဲနဲ့ KNU က ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စောနေလင်းလွင်ဦးစီးတဲ့ TROTH STAR COMPANY နဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့တာတွေ့ရပါတယ်။ ပြည်ပရင်းနှီး မြုပ်နှံသူထဲမှာတော့ ယခင်က ကုမ္ပဏီတစ်ခုနဲ့ ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဘေး စီးပွားရေးအသင်း တို့ပါဝင်တာကိုလည်း ဖော်ထုတ် သိရှိရပါတယ်။ ဒီသီဟာနုဘေးဆိုတာ ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုမြို့တော်ဖြစ်ပါတယ်။ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်က အွန်လိုင်းလောင်းကစားလုပ်ငန်းတွေအရေးယူတော့မယ်ဆိုပြီး (၂၀၁၉) ဩဂုတ်လ (၁၈) ရက်နေ့မှာကြော်ငြာပြီး လိုက်တဲ့နောက်ပိုင်းမှာ ဒီအွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်ဘက်ကို ပြောင်းရွေ့လာတယ်လို့လည်း သတင်းသိရှိရပါတယ်။ အဲဒီသတင်းအချက်အလက်တွေကိုကြည့်ရင် KK Parkစီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာတွေ့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် KNU သည် ငွေကြေးရယူလိုမှုတစ်ခုနှင့် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းမြေနေရာ နှင့်ပတ်သက်ပြီး တရားဝင်ခွင့်ပြုထားခြင်းမျိုးတစ်စုံတစ်ရာမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ငွေကြေးရယူလိုမှုတစ်နဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့ကသတင်းမှာ လည်းကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမြေနေရာနဲ့ပတ်သက်ပြီး ခွင့်ပြုထားတာတို့ လုပ်ဆောင်ထားတာတို့ တရားဝင်တစ်ခုမှမရှိကြောင်း တွေ့ရပါတယ်။ နောက်ပြီးတော့ အဲဒီမြေပေါ်မှာ လုပ်ဆောင်နေတဲ့လောင်း ကစားလုပ်ငန်းတွေကိုလည်း အခကြေးငွေယူပြီး ကြေးစားကာကွယ်မှုများလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းကရရှိတဲ့ ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ကာကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာအပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်အောင် လုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဒါက ပိုက်ဆံသာရမယ်ဆိုရင် တစ်နိုင်ငံလုံးကို လက်ညှိုးထိုးရောင်းစားဖို့ဝန်မလေးတဲ့ အကြီးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကို နိုင်ငံတကာနဲ့ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့ လိုကြောင်းပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Zawgyi Version:
KK Park ေျမေနရာသည္ KNU က လက္ညႇိဳးထိုးေရာင္းစားခဲ့ေသာ အစိုးရပိုင္ေျမျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၁

KK Park ေျမေနရာသည္ အစိုးရပိုင္ေျမကို KNU ကလက္ညႇိဳးထိုးေရာင္းစားခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရး ေကာ္မရွင္သတင္းထုတ္ျပန္ေရးအဖြဲေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ေအာက္တိုဘာ ၂၀ရက္)၊က မီဒီယာမ်ား၏ ေမးျမန္းမႈမေပၚအထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရသည္။
KK Parkသည္ ျမဝတီၿမိဳ႕၏ေတာင္ဘက္ မယ္ေထာ္သေလးေက်း႐ြာအနီး ထိုင္း-ျမန္မာန္စပ္၊ ေသာင္ရင္းျမစ္ကမ္းေဘးတြင္တည္ရွိၿပီး KNU တပ္မဟာ (၆) ၏လႈပ္ရွားနယ္ေျမျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ပထမဆုံးေတာ့ KK Park ရဲ႕ သမိုင္းေၾကာင္းနဲ႔ KK park ျဖစ္လာတဲ့ကိစၥေတြေျပာျပလိုက္ရင္အားလုံး ရွင္းလင္းသြားမွာျဖစ္ပါတယ္။ KK Park ဆိုတာ ျမဝတီၿမိဳ႕ေတာင္ဘက္ မယ္ေထာ္သေလးေက်း႐ြာအနီး ထိုင္း-ျမန္မာနယ္စပ္၊ ေသာင္ရင္းျမစ္ကမ္းေဘးမွာရွိၿပီး KNUတပ္ မဟာ (၆) ရဲ႕လႈပ္ရွားနယ္ေျမမွာ ရွိတာျဖစ္ပါတယ္။ BGF က ေ႐ႊကုကၠိဳလ္ၿမိဳ႕သစ္စီမံကိန္းဆိုတာ ျမဝတီၿမိဳ႕ရဲ႕ေျမာက္ဘက္မွာ ရွိတာျဖစ္ပါတယ္။ KK Park ၿမိဳ႕သစ္စီမံကိန္းရဲ႕ေျမာက္ဘက္မွာေတာ့ ေလးေက့ေကာ္ၿမိဳ႕သစ္ရွိပါတယ္။ အဲဒီမွာေတာ့ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈ အထိန္းအမွတ္အျဖစ္ ကရင္ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္နဲ႔ KNU ယခင္ဥကၠ႒ ေစာမူတူးေစးဖိုးတို႔ဟာ ယခင္ဂ်ပန္ႏိုင္ငံ၊ နီပြန္ေဖာင္ေဒးရွင္းရဲ႕အကူအညီနဲ႔ (၂၀၁၅)ခုႏွစ္က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
ထို႔ေနာက္ KNU မ်ားဝင္ေရာက္သိမ္းပိုက္ၿပီးေနာက္ နယ္ခံမ်ားအားႏွင္ထုတ္ကာ KNU၊ PDF အဖြဲ႕မ်ားႏွင့္ ၎တို႔အဖြဲ႕အေထာက္ အကူျပဳအဖြဲ႕မ်ားက ယင္းေနရာတြင္ ဆက္လက္ေနထိုင္ေနျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
ထို႔ေနာက္ KK Parkစီမံကိန္းကိုလုပ္ေဆာင္ရန္အတြက္ KNU၏ Mulaei Ahlin Company Limited (မုလအိအလင္းကုမၸဏီ) ႏွင့္ ထိုင္း ႏိုင္ငံ ရွိကုမၸဏီတစ္ခုတို႔ ကနဦးလုပ္ ကြက္အတြက္ လုပ္ငန္းေျမငွားရမ္းခ သေဘာတူညီမႈကို (၂၀၂၀)ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၇) ရက္ေန႔မွာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“အဲဒီသေဘာတူစာခ်ဳပ္ရဲ႕ေျမငွားေပးသူ အသိသက္ေသမ်ားမွာ ဥပေဒမုလက္အိအလင္းဘက္က လက္ရွိ KNU ဥကၠ႒ ဖဒို ေစာကြယ္ ထူးဝင္းက KNU ဘ႑ာေရးေကာ္မတီဗဟိုေကာ္မတီအေနနဲ႔ လက္မွတ္ေရးထိုးထားၿပီး ယခင္ KNU ကာကြယ္ေရးထဌာနတာဝန္ခံ ဗိုလ္မႉးႀကီးေစာေရာ္ဂ်ာခင္ကလည္း KNU ဘ႑ာေရးေကာ္မတီဗဟိုအေနနဲ႔ လက္မွတ္ေရးထိုးခဲ့ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
စာခ်ဳပ္တြင္ငွားရမ္းလိုေသာ ေျမစာခ်ဳပ္ ဧက (၁၀၀)ခန႔္ကို ႏွစ္ေပါင္း (၃၀) ငွားရမ္းရန္ သေဘာတူထားခဲ့ေၾကာင္းကိုလည္း ေတြ႕ရွိရ ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“စာခ်ဳပ္မွာငွားရမ္းလိုတဲ့ေျမစာခ်ဳပ္ ဧက (၁၀၀) ခန႔္ကို ႏွစ္ေပါင္း (၃၀) ငွားရမ္းဖို႔ သေဘာတူထားခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဒီစာခ်ဳပ္ေတြဟာ အခိုင္အမာရွိေနတဲ့ စာခ်ဳပ္ေတြျဖစ္ပါတယ္။ စာခ်ဳပ္ပါ အခ်က္အလက္ေတြအရဆိုရင္ တစ္ဧကကို (၁)ႏွစ္ ဘက္(၃၅၀၀၀)ႏႈန္းနဲ႔ ေျမ (၁၀၀)ဧက လွ်င္တစ္ႏွစ္လွ်င္ ဘက္ (၃)သန္းခြဲျဖစ္ၿပီး (၆)လတစ္ႀကိမ္ေပးေခ်ပါမယ္လို႔ ကတိျပဳထားတာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ ဧက (၃၀)အတြက္ လုံၿခဳံေရးေစာင္ေရွာက္ခအျဖစ္ KNU အတြက္ တစ္လလွ်င္ ဘက္ (၅)သိန္း သတ္မွတ္ထားၿပီး စီမံကိန္းဧရိယာ အက်ယ္အဝန္းမ်ားလာသည္ႏွင့္အမွ် လုံၿခဳံေရးစရိတ္ တိုးျမႇင့္ေပးရန္လည္း စာခ်ဳပ္တြင္ ကတိျပဳခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းက ဆိုသည္။
“ဒါ့အျပင္ ဧက (၃၀) အတြက္ လုံၿခဳံေရးေစာင့္ေရွာက္ခအျဖစ္ KNU အတြက္ ဘက္ (၅)သိန္းသတ္မွတ္ထားၿပီး စီမံကိန္းဧရိယာက်ယ္ ဝန္းမ်ားလာတာနဲ႔အမွ် လုံၿခဳံေရးစရိတ္ တိုးျမႇင့္ေပးမယ္လို႔လည္း အဲဒီစာခ်ဳပ္မွာ ကတိျပဳခဲ့တာေတြ႕ရပါတယ္။ (၂၀၂၂)ခုႏွစ္၊ ေမလထဲမွာ KNU နဲ႔ Trans Asia International Holding Group ၾကားမွာစာခ်ဳပ္ထပ္ခ်ဳပ္တာမွာေတာ့ မုလအိအလင္းကုမၸဏီ မဟုတ္ေတာ့ပဲနဲ႔ KNU က ဗိုလ္မႉးခ်ဳပ္အဆင့္ရွိတဲ့ ေစာေနလင္းလြင္ဦးစီးတဲ့ TROTH STAR COMPANY နဲ႔စာခ်ဳပ္ေျပာင္းလဲခ်ဳပ္ဆိုခဲ့တာေတြ႕ရပါတယ္။ ျပည္ပရင္းႏွီး ျမဳပ္ႏွံသူထဲမွာေတာ့ ယခင္က ကုမၸဏီတစ္ခုနဲ႔ ကေမာၻဒီးယားႏိုင္ငံ သီဟာႏုေဘး စီးပြားေရးအသင္း တို႔ပါဝင္တာကိုလည္း ေဖာ္ထုတ္ သိရွိရပါတယ္။ ဒီသီဟာႏုေဘးဆိုတဲ့ ကေမာၻဒီးယားႏိုင္ငံက ကာစီႏိုၿမိဳ႕ေတာ္ျဖစ္ပါတယ္။ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က အြန္လိုင္းေလာင္းကစားလုပ္ငန္းေတြအေရးယူေတာ့မယ္ဆိုၿပီး (၂၀၁၉) ဩဂုတ္လ (၁၈) ရက္ေန႔မွာေၾကာ္ျငာၿပီး လိုက္တဲ့ေနာက္ပိုင္းမွာ ဒီအြန္လိုင္းေလာင္းကစားလုပ္ငန္းေတြဟာ ျမန္မာႏိုင္ငံနဲ႔ ဖီလစ္ပိုင္ဘက္ကို ေျပာင္းေ႐ြ႕လာတယ္လို႔လည္း သတင္းသိရွိရပါတယ္။ အဲဒီသတင္းအခ်က္အလက္ေတြကိုၾကည့္ရင္ KK Parkစီမံကိန္းဆိုတာ KNU ကေခါင္းေဆာင္ေတြပါဝင္ပတ္သက္ေနတယ္ဆိုတာ ထင္ရွားစြာေတြ႕ရပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ေၾကာင့္ KNU သည္ ေငြေၾကးရယူလိုမႈတစ္ခုႏွင့္ ႏိုင္ငံေတာ္ပိုင္ေျမကို ဥပေဒမဲ့စြာအလြဲသုံးစားလုပ္ခဲ့ျခင္းျဖစ္ၿပီး ယင္းေျမေနရာ ႏွင့္ပတ္သက္ၿပီး တရားဝင္ခြင့္ျပဳထားျခင္းမ်ိဳးတစ္စုံတစ္ရာမရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ေငြေၾကးရယူလိုမႈတစ္နဲ႔ ႏိုင္ငံေတာ္ပိုင္ေျမကို ဥပေဒမဲ့စြအလြဲသုံးစားလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး မေန႔ကသတင္းမွာ လည္းကြၽန္ေတာ္တို႔ ထုတ္ျပန္ၿပီးျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေျမေနရာနဲ႔ပတ္သက္ၿပီး ခြင့္ျပဳထားတာတို႔ လုပ္ေဆာင္ထားတာတို႔ တရားဝင္တစ္ခုမွမရွိေၾကာင္း ေတြ႕ရပါတယ္။ ေနာက္ၿပီးေတာ့ အဲဒီေျမေပၚမွာ လုပ္ေဆာင္ေနတဲ့ေလာင္း ကစားလုပ္ငန္းေတြကိုလည္း အခေၾကးေငြယူၿပီး ေၾကးစားကာကြယ္မႈမ်ားလုပ္ေဆာင္ေပးေနတာပဲျဖစ္ပါတယ္။ ဒီလုပ္ငန္းကရရွိတဲ့ ေငြေၾကးေတြနဲ႔ ႏိုင္ငံေတာ္နဲ႔ တိုင္းရင္းသားျပည္သူလူထုအေပၚမွာ အၾကမ္းဖက္သတ္ျဖတ္မႈေတြက်ဴးလြန္ေနတာျဖစ္ပါတယ္။ အြန္လိုင္းေလာင္းကစားလုပ္ငန္းေတြကို ကာကြယ္ေပးထားၿပီး တ႐ုတ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံအပါအဝင္ ေဒသတြင္းႏိုင္ငံတကာအေပၚမွာ ရာဇဝတ္မႈေတြက်ဴးလြန္ေအာင္ လုပ္ေဆာင္ေပးေနတဲ့အဖြဲ႕အစည္းပဲျဖစ္ပါတယ္။ ဒါက ပိုက္ဆံသာရမယ္ဆိုရင္ တစ္ႏိုင္ငံလုံးကို လက္ညႇိဳးထိုးေရာင္းစားဖို႔ဝန္မေလးတဲ့ အႀကီးစားအၾကမ္းဖက္သမားေတြျဖစ္တဲ့ KNU အဖြဲ႕ကို ႏိုင္ငံတကာနဲ႔ တိုင္းရင္းသားမိဘျပည္သူတစ္ရပ္လုံးက ဝိုင္းဝန္းဆန႔္က်င္ၾကဖို႔ လိုေၾကာင္းေျပာၾကားလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

Picture

Tha Lwin

21/10/2025 15:05

👍👍👍မောင်မောင်ခေါ်တုန်းကဗျာမထူးတဲ့သူတွေ ငြိမ်းချမ်း ရေးစပွဲဝိုင်းခေါ်တာမလာမှတော့ အမြစ်ပြတ် ချေမှုန်းတာအကောင်းဆုံးပါ👍👍👍

Related news

© 2021. All rights reserved.