ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းက အနိုင်ရမှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော

326

Pika (NP News)-အောက်တိုဘာ ၂၃
ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းက အနိုင်ရရှိလိမ့်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယုံကြည်နေတယ်လို့ သိရပါတယ်။ဒေါ်နယ်ထရမ့်က”ယူကရိန်းက ရုရှားနဲ့စစ်ပွဲမှာ အနိုင်ရလိမ့်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ဒါပေမယ့်လည်း ဘာမဆိုဖြစ်သွားနိုင်တဲ့အတွက် ယူကရိန်းက နိုင်သွားတာလည်း ဖြစ်သွားနိုင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်နဲ့ ဖုန်းခေါ်ဆိုမှုအပြင် ယူကရိန်းသမ္မတဇီလန်စကီးကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါ့ပြင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ယူကရိန်းဟာ နယ်မြေအချို့ကို စွန့်လွှတ်ပေးရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က”စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် ယူကရိန်းက စွန့်လွှတ်မှုအချို့ကို ပြုလုပ်ရပါလိမ့်မယ်။ရုရှားသမ္မတပူတင်က တစ်ခုခုကိုတော့ ယူပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့ သဘောတူညီချက်တွေကို ရယူနိုင်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း အကျဉ်းသားအပြန်အလှန်လဲလှယ်ရေးနဲ့ သေဆုံးခဲ့တဲ့ စစ်သားတွေရဲ့ ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်ဖို့ သဘောတူညီချက်တွေကိုသာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔စစ္ပြဲမွာ ယူကရိန္းက အႏိုင္ရမွာမဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News)-ေအာက္တိုဘာ ၂၃
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ယူကရိန္းက အႏိုင္ရရွိလိမ့္မွာ မဟုတ္ဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ယုံၾကည္ေနတယ္လို႔ သိရပါတယ္။ေဒၚနယ္ထရမ့္က”ယူကရိန္းက ႐ုရွားနဲ႔စစ္ပြဲမွာ အႏိုင္ရလိမ့္မွာမဟုတ္ဘူးလို႔ ထင္ပါတယ္။ဒါေပမယ့္လည္း ဘာမဆိုျဖစ္သြားႏိုင္တဲ့အတြက္ ယူကရိန္းက ႏိုင္သြားတာလည္း ျဖစ္သြားႏိုင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတပူတင္နဲ႔ ဖုန္းေခၚဆိုမႈအျပင္ ယူကရိန္းသမၼတဇီလန္စကီးကို အိမ္ျဖဴေတာ္မွာ လက္ခံေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ဒါ့ျပင္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ယူကရိန္းဟာ နယ္ေျမအခ်ိဳ႕ကို စြန႔္လႊတ္ေပးရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က”စစ္ပြဲကို အဆုံးသတ္ဖို႔ဆိုရင္ ယူကရိန္းက စြန႔္လႊတ္မႈအခ်ိဳ႕ကို ျပဳလုပ္ရပါလိမ့္မယ္။႐ုရွားသမၼတပူတင္က တစ္ခုခုကိုေတာ့ ယူပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့ သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း အက်ဥ္းသားအျပန္အလွန္လဲလွယ္ေရးနဲ႔ ေသဆုံးခဲ့တဲ့ စစ္သားေတြရဲ႕ ႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္ဖို႔ သေဘာတူညီခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။