ဟားမက်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ မိတ်ဖက်နိုင်ငံတွေက အဆင်သင့်ဖြစ်နေပြီလို့ ဒေါ်နယ်ထရမ့်သတိပေး

264

Pika (NP News)- အောက်တိုဘာ ၂၃
အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ဂါဇာကမ်းမြောင်ဒေသကို တပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့ အဆင်သင့်ရှိနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ချိုးဖောက်နေတာတွေ မရပ်တန့်ဘူးဆိုရင် ရင်ဆိုင်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် ၎င်းကတောင်းဆိုလိုက်တာနဲ့ ဂါဇာကို မိတ်ဖက်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေရောက်လာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်မဖော်ဘူးဆိုရင် ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က”အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ဂါဇာကို တပ်ဖွဲ့တွေပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ကျွန်တော်တောင်းဆိုလိုက်တာတဲ့ ဂါဇာကို တပ်ဖွဲ့တွေ ရောက်လာပါလိမ့်မယ်။ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်နှောင့်ယှက်နေမယ်ဆိုရင် ၎င်းတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ နိုင်ငံတကာတပ်ဖွဲ့တွေ ဂါဇာကို ရောက်လာပါလိမ့်မယ်။”လို့ သတိပေးပြောဆိုခဲ့ပါတယ်။ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် အမေရိကန်က သံတမန်ရေးခြေလှမ်းတွေကို အရှိန်မြှင့်တင်နေချိန်မှာပဲ ယခုလိုခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ဟားမက္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းဖို႔ မိတ္ဖက္ႏိုင္ငံေတြက အဆင္သင့္ျဖစ္ေနၿပီလို႔ ေဒၚနယ္ထရမ့္သတိေပး
Pika (NP News)- ေအာက္တိုဘာ ၂၃
အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ အေမရိကန္ရဲ႕ မိတ္ဖက္ႏိုင္ငံေတြဟာ ဂါဇာကမ္းေျမာင္ေဒသကို တပ္ဖြဲ႕ဝင္ေတြေစလႊတ္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ကို ခ်ိဳးေဖာက္ေနတာေတြ မရပ္တန႔္ဘူးဆိုရင္ ရင္ဆိုင္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ၎ကေတာင္းဆိုလိုက္တာနဲ႔ ဂါဇာကို မိတ္ဖက္ႏိုင္ငံေတြရဲ႕ တပ္ဖြဲ႕ဝင္ေတြေရာက္လာလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ကို ဆက္လက္အေကာင္အထည္မေဖာ္ဘူးဆိုရင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းသြားမယ္လို႔ ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ မိတ္ဖက္ႏိုင္ငံေတြဟာ ဂါဇာကို တပ္ဖြဲ႕ေတြပို႔ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ကြၽန္ေတာ္ေတာင္းဆိုလိုက္တာတဲ့ ဂါဇာကို တပ္ဖြဲ႕ေတြ ေရာက္လာပါလိမ့္မယ္။ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ကို ဆက္လက္ေႏွာင့္ယွက္ေနမယ္ဆိုရင္ ၎တို႔ကို အျမစ္ျပတ္ေခ်မႈန္းဖို႔ ႏိုင္ငံတကာတပ္ဖြဲ႕ေတြ ဂါဇာကို ေရာက္လာပါလိမ့္မယ္။”လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ကို ဆက္လက္အေကာင္အထည္ေဖာ္ဖို႔အတြက္ အေမရိကန္က သံတမန္ေရးေျခလွမ္းေတြကို အရွိန္ျမႇင့္တင္ေနခ်ိန္မွာပဲ ယခုလိုၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။