ပထမဦးဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်သည့် ဘရူနိုင်းမင်းသားတို့စုံတွဲ

325

Pika (NP News) - အောက်တိုဘာ ၂၇
အသက်(၃၄)နှစ်အရွယ် ဘရူနိုင်းမင်းသား အဘ်ဒူလ်မာတင်းနှင့် အသက်(၃၀)နှစ်အရွယ်ဇနီး ဖြစ်သူမင်းသမီး အန်နီရှာရို့စ်နာ့တို့သည် ၎င်းတို့၏ပထဦးဆုံးရင်သွေးကို လွယ်ထားရပြီဖြစ်ကြောင်း သိရသည်။ အဘ်ဒူလ်မာတင်းနှင့် အန်နီရှာရို့စ်နာ့တို့သည် ၎င်းတို့၏ ပထမဦးဆုံးရင်သွေးလေးအကြောင်းကို အင်စတာဂရမ်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။
အဘ်ဒူလ်မာတင်းက ‘ကျွန်တော်တို့ မိသားစုလေးက သုံးယောက်ဖြစ်လာပါတော့မယ်’ဟု ရေးသားဖော်ပြခဲ့ သည်။ အဘ်ဒူလ်မာတင်းနှင့် အန်နီရှာရို့စ်နာ့တို့သည် (၂၀၂၄)ခုနှစ် ဇန်နဝါရီလ တွင် (၁၀)ရက်ကြာမြင့်ခဲ့သည့် မင်္ဂလာပွဲ ကို ကျင်းပခဲ့ပြီးနောက် အချိန်တစ်နှစ်ခန့်အကြာတွင် ၎င်းတို့၏ပထမဦးဆုံးရင်သွေးလေးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဂုဏ်ပြုကြောင်းစာများကို မလေးရှားနိုင်ငံဖွား ရုပ်ရှင်မင်းသား ဟင်နရီဂိုးလ် ဒင်းအပါအဝင် ပရိသတ်များနှင့် အနုပညာရှင်အများအပြားက ရေးသားဖော်ပြခဲ့ကြ ကြောင်းလည်းသိရသည်။ ဘရူနိုင်း မင်းသား အဘ်ဒူလ်မာတင်းသည် ဘရူနိုင်းဘုရင် Hassanal Bolkiah ၏ (၁၀)ယောက်မြောက်ကလေးဖြစ်ပြီး အာရှတိုက်၏ အရည်အချင်းအရှိဆုံးအမျိုးသားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရဖူးကြောင်းသိရသည်။ အဘ်ဒူလ်မာတင်း သည် (၂၀၁၇)ခုနှစ်နှင့် (၂၀၁၉)ခုနှစ်တွင်ကျင်းပခဲ့သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲများအတွင်း polo အား ကစားတွင် ဘရူနိုင်းနိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ဖူးပြီး ၎င်း၏အသင်းသည် ကြေးတံဆိပ်ကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူး နိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ပထမဦးဆုံးရင္ေသြးေလးကို လြယ္ထားရၿပီျဖစ္သည့္ ဘ႐ူႏိုင္းမင္းသားတို႔စုံတြဲ
Pika (NP News) - ေအာက္တိုဘာ ၂၇
အသက္(၃၄)ႏွစ္အ႐ြယ္ ဘ႐ူႏိုင္းမင္းသား အဘ္ဒူလ္မာတင္းႏွင့္ အသက္(၃၀)ႏွစ္အ႐ြယ္ဇနီး ျဖစ္သူမင္းသမီး အန္နီရွာ႐ို႕စ္နာ့တို႔သည္ ၎တို႔၏ပထဦးဆုံးရင္ေသြးကို လြယ္ထားရၿပီျဖစ္ေၾကာင္း သိရသည္။ အဘ္ဒူလ္မာတင္းႏွင့္ အန္နီရွာ႐ို႕စ္နာ့တို႔သည္ ၎တို႔၏ ပထမဦးဆုံးရင္ေသြးေလးအေၾကာင္းကို အင္စတာဂရမ္တြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္း ျဖစ္ ေၾကာင္းသိရသည္။
အဘ္ဒူလ္မာတင္းက ‘ကြၽန္ေတာ္တို႔ မိသားစုေလးက သုံးေယာက္ျဖစ္လာပါေတာ့မယ္’ဟု ေရးသားေဖာ္ျပခဲ့ သည္။ အဘ္ဒူလ္မာတင္းႏွင့္ အန္နီရွာ႐ို႕စ္နာ့တို႔သည္ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလ တြင္ (၁၀)ရက္ၾကာျမင့္ခဲ့သည့္ မဂၤလာပြဲ ကို က်င္းပခဲ့ၿပီးေနာက္ အခ်ိန္တစ္ႏွစ္ခန႔္အၾကာတြင္ ၎တို႔၏ပထမဦးဆုံးရင္ေသြးေလးကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။
အဆိုပါသတင္းႏွင့္ပတ္သက္ၿပီး ဂုဏ္ျပဳေၾကာင္းစာမ်ားကို မေလးရွားႏိုင္ငံဖြား ႐ုပ္ရွင္မင္းသား ဟင္နရီဂိုးလ္ ဒင္းအပါအဝင္ ပရိသတ္မ်ားႏွင့္ အႏုပညာရွင္အမ်ားအျပားက ေရးသားေဖာ္ျပခဲ့ၾက ေၾကာင္းလည္းသိရသည္။ ဘ႐ူႏိုင္း မင္းသား အဘ္ဒူလ္မာတင္းသည္ ဘ႐ူႏိုင္းဘုရင္ Hassanal Bolkiah ၏ (၁၀)ေယာက္ေျမာက္ကေလးျဖစ္ၿပီး အာရွတိုက္၏ အရည္အခ်င္းအရွိဆုံးအမ်ိဳးသားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရဖူးေၾကာင္းသိရသည္။ အဘ္ဒူလ္မာတင္း သည္ (၂၀၁၇)ခုႏွစ္ႏွင့္ (၂၀၁၉)ခုႏွစ္တြင္က်င္းပခဲ့ေသာ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲမ်ားအတြင္း polo အား ကစားတြင္ ဘ႐ူႏိုင္းႏိုင္ငံ ကိုယ္စားျပဳအျဖစ္ ပါဝင္ခဲ့ဖူးၿပီး ၎၏အသင္းသည္ ေၾကးတံဆိပ္ကို ႏွစ္ႀကိမ္တိုင္တိုင္ ဆြတ္ခူး ႏိုင္ခဲ့ေၾကာင္းသိရသည္။