ရုပ်ရှင်နှင့်သက်ဆိုင်သော နည်းပညာများအတွက် အခြေခံအုတ်မြစ်ခိုင်မာရန် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းနှင့် MOU ရေးထိုးခဲ့ဟုဆို

 173

သန့်ဇင်(NP News)-အောက်တိုဘာ ၃၀
ရုပ်ရှင်နှင့်သက်ဆိုင်သော နည်းပညာများအတွက် အခြေခံအုတ်မြစ်ခိုင်မာရန် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံတို့ MOU ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးချမ်းသာကြည်စိုးက NP News သို့ပြောသည်။
အဆိုပါ MOU ရေးထိုးပွဲကို ယနေ့( အောက်တိုဘာ ၃၀ရက်)၊ နံနက် ၁၀ နာရီခွဲက ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များအသင်းနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးမှာ အခြေပြုတဲ့ နည်းပညာဆိုင်ရာ လှုပ်ရှားမှုတွေအတွက် ကျွန်တော်တို့က ရည်ရွယ်ပြီးတော့ လုပ်တယ်။ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့ ရုပ်ရှင်ဘက်နေပြီးတော့ မျိုးဆက်သစ်လူငယ်ကို ကျွန်တော်တို့ သင်တန်းတွေ မွေးထုတ်ပေးဖို့လည်းရည်ရွယ်တယ်။ အဓိကကတော့ လူ့စွမ်းအားအရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင်ပေါ့နော်။ လူ့စွမ်းအားအရင်းမြစ်တွေမှာဆိုရင် ရုပ်ရှင်နဲ့ဆိုင်တဲ့ နည်းပညာတွေ အခြေခံအုတ်မြစ်တွေကို ခိုင်မာအောင်ချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပေါ့”ဟု ဦးချမ်းသာကြည်စိုးက ပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၄ရက်ကလည်း ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် ဆောင်လုပ်ရေးဆိုင်ရာ ဗဟုသုတများ အပြန်အလှန် ကူညီရန် ဆောင်လုပ်ရေးလုပ်ငန်းရှင်အသင်း (MCEF)နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့မနှစ်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့လည်း MOU ထိုးခဲ့တယ်။သူ့ရဲ့ရည်ရွယ်ချက်ကလည်း သိတဲ့အတိုင်းပဲ ရုပ်ရှင်မြို့တော် ဖော်ဆောင်ရတဲ့စီမံကိန်းလေးတွေရှိတယ်။ အဲဒါကြောင့်မို့ ဆောင်လုပ်ရေးပိုင်းဆိုင်ရာ Knowledgeတွေနဲ့ အပြန်အလှန် ကူညီရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့လည်း MOU ထိုးခဲ့တယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် ကိုဗစ်-၁၉ကာလနောက်ပိုင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအနေဖြင့် နားလည်မှုစာချွန်စာ(MOU)ရေးထိုးခဲ့သည့် အသင်းအဖွဲ့(၂) ခုရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အမှုဆောင်အဖွဲ့ ဒီကိုဗစ် -၁၉နောက်ပိုင်းမှာ လက်မှတ်ရေးထိုးထားတာ ဒါက ဒုတိယမြောက်အသင်းပါ။ သို့သော် နီးနီးကပ်ကပ်နဲ့အမြဲဆောင်ရွက်နေတဲ့ ညီနောင်အသင်းတွေကတော့ ရှိပါတယ်။ ဒါကတော့ လက်မှတ်‌ရေးထိုးစရာမလိုပဲနဲ့ ညီနောင်အသင်းတွေဖြစ်နေတာပါ။ သဘင်အစည်းအရုံးတို့၊ ဂီတအစည်းအရုံးတို့၊ နောက်တစ်ခါ သတင်းမီဒီယာကောင်စီတို့ဆိုရင် ကျွန်တော်တို့ နီးနီးကပ်ကပ်ဆောင်ရွက်နေရတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်”ဟု ဦးချမ်းသာကြည်စိုးက ပြောသည်။

Zawgyi Version:
႐ုပ္ရွင္ႏွင့္သက္ဆိုင္ေသာ နည္းပညာမ်ားအတြက္ အေျခခံအုတ္ျမစ္ခိုင္မာရန္ ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာဝါသနာရွင္အသင္းႏွင့္ MOU ေရးထိုးခဲ့ဟုဆို
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၃၀
႐ုပ္ရွင္ႏွင့္သက္ဆိုင္ေသာ နည္းပညာမ်ားအတြက္ အေျခခံအုတ္ျမစ္ခိုင္မာရန္ ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာဝါသနာရွင္အသင္းႏွင့္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံတို႔ MOU ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံးမွ တြဲဖက္အတြင္းေရးမႉး ဦးခ်မ္းသာၾကည္စိုးက NP News သို႔ေျပာသည္။
အဆိုပါ MOU ေရးထိုးပြဲကို ယေန႔( ေအာက္တိုဘာ ၃၀ရက္)၊ နံနက္ ၁၀ နာရီခြဲက ဗဟန္းၿမိဳ႕နယ္၊ ဝကၤပါလမ္းရွိ ႐ုပ္ရွင္အစည္းအ႐ုံးတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီေန႔ကေတာ့ ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာဝါသနာရွင္မ်ားအသင္းနဲ႔ ကြၽန္ေတာ္တို႔ ရန္ကုန္တိုင္းေဒသႀကီးမွာ အေျချပဳတဲ့ နည္းပညာဆိုင္ရာ လႈပ္ရွားမႈေတြအတြက္ ကြၽန္ေတာ္တို႔က ရည္႐ြယ္ၿပီးေတာ့ လုပ္တယ္။ လုပ္တဲ့အခါမွာလည္း ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ဘက္ေနၿပီးေတာ့ မ်ိဳးဆက္သစ္လူငယ္ကို ကြၽန္ေတာ္တို႔ သင္တန္းေတြ ေမြးထုတ္ေပးဖို႔လည္းရည္႐ြယ္တယ္။ အဓိကကေတာ့ လူ႔စြမ္းအားအရင္းျမစ္ေတြ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေပါ့ေနာ္။ လူ႔စြမ္းအားအရင္းျမစ္ေတြမွာဆိုရင္ ႐ုပ္ရွင္နဲ႔ဆိုင္တဲ့ နည္းပညာေတြ အေျခခံအုတ္ျမစ္ေတြကို ခိုင္မာေအာင္ခ်မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔လုပ္တာေပါ့”ဟု ဦးခ်မ္းသာၾကည္စိုးက ေျပာသည္။
အလားတူ ၿပီးခဲ့သည့္ မတ္လ ၄ရက္ကလည္း ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြက္ ေဆာင္လုပ္ေရးဆိုင္ရာ ဗဟုသုတမ်ား အျပန္အလွန္ ကူညီရန္ ေဆာင္လုပ္ေရးလုပ္ငန္းရွင္အသင္း (MCEF)ႏွင့္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးတို႔ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔မႏွစ္က ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းနဲ႔လည္း MOU ထိုးခဲ့တယ္။သူ႔ရဲ႕ရည္႐ြယ္ခ်က္ကလည္း သိတဲ့အတိုင္းပဲ ႐ုပ္ရွင္ၿမိဳ႕ေတာ္ ေဖာ္ေဆာင္ရတဲ့စီမံကိန္းေလးေတြရွိတယ္။ အဲဒါေၾကာင့္မို႔ ေဆာင္လုပ္ေရးပိုင္းဆိုင္ရာ Knowledgeေတြနဲ႔ အျပန္အလွန္ ကူညီရေအာင္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းနဲ႔လည္း MOU ထိုးခဲ့တယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ေၾကာင့္ ကိုဗစ္-၁၉ကာလေနာက္ပိုင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအေနျဖင့္ နားလည္မႈစာခြၽန္စာ(MOU)ေရးထိုးခဲ့သည့္ အသင္းအဖြဲ႕(၂) ခုရွိခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ အမႈေဆာင္အဖြဲ႕ ဒီကိုဗစ္ -၁၉ေနာက္ပိုင္းမွာ လက္မွတ္ေရးထိုးထားတာ ဒါက ဒုတိယေျမာက္အသင္းပါ။ သို႔ေသာ္ နီးနီးကပ္ကပ္နဲ႔အၿမဲေဆာင္႐ြက္ေနတဲ့ ညီေနာင္အသင္းေတြကေတာ့ ရွိပါတယ္။ ဒါကေတာ့ လက္မွတ္‌ေရးထိုးစရာမလိုပဲနဲ႔ ညီေနာင္အသင္းေတြျဖစ္ေနတာပါ။ သဘင္အစည္းအ႐ုံးတို႔၊ ဂီတအစည္းအ႐ုံးတို႔၊ ေနာက္တစ္ခါ သတင္းမီဒီယာေကာင္စီတို႔ဆိုရင္ ကြၽန္ေတာ္တို႔ နီးနီးကပ္ကပ္ေဆာင္႐ြက္ေနရတဲ့ အဖြဲ႕အစည္းေတြျဖစ္ပါတယ္”ဟု ဦးခ်မ္းသာၾကည္စိုးက ေျပာသည္။

Related news

© 2021. All rights reserved.