ကေတီပယ်ရီ နဲ့ ချစ်သူ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင်ထရူဒိုတို့နှစ်ယောက် ပထမဆုံးအကြိမ် ပရိသတ်ရှေ့ စုံတွဲအနေနဲ့ ထွက်လာ

147

ရောင်နီ (NP News) - အောက်တိုဘာ ၂၉
ကမ္ဘာကျော် ပေါ့စ်အဆိုတော် ကေတီပယ်ရီနဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင်ထရူဒို တို့စုံတွဲဟာ ပထမဆုံးအကြိမ် စုံတွဲတစ်တွဲအနေနဲ့ အများပြည်သူရှေ့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
ကေတီဟာ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင်ထရူဒိုနဲ့အတူ အောက်တိုဘာ ၂၅ ရက် က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Crazy Horse မှာ သူမရဲ့ (၄၁) နှစ်မြောက် မွေးနေ့ပွဲအတူ ကျင်းပခဲ့ကြပါတယ်။ သတင်းဓာတ်ပုံတွေအရ စုံတွဲဟာ ပြင်သစ်ဖျော်ဖြေပွဲမှ လက်တွဲပြီး ပြုံးရွှင်စွာ ထွက်လာတာ ပြသထားပြီး ကေတီက အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အသက် ၅၃ နှစ်အရွယ် ထရူဒို ကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။
ကေတီပယ်ရီဟာ ဇွန်လက သရုပ်ဆောင် အော်လန်ဒိူဘလွန်းနဲ့လမ်းခွဲခဲ့ပြီးနောက် ဒီနှစ် နွေရာသီမှာပဲ ထရူဒို နဲ့ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မှာ ချိန်းတွေ့ကာ လက်တွဲခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း Santa Barbara ကမ်းရိုးတန်းက ရွက်လှေတစ်စင်းပေါ်မှာ သူတို့စုံတွဲ နမ်းနေတဲ့ဓာတ်ပုံကို တွေ့ရှိခဲ့ရဖူးပါတယ်။
ထရူဒို မှာ ၂၀၂၃ ခုနှစ်က ကွာရှင်းခဲ့တဲ့ အိမ်ထောင်ဟောင်းနဲ့ ရှီဗာအယ်လာဂရေ့ (၁၆ နှစ်) နဲ့ ဟာဒီရန် (၁၁ နှစ်) ဆိုတဲ့ သားနဲ့သမီးရှိပြီး ကေတီ ကတော့ ဘလွန်းနဲ့ မွေးဖွားခဲ့တဲ့ ငါးနှစ်အရွယ် သမီး ဒေစီကို ရရှိပိုင်ဆိုင်ထားပါတယ်။သတင်းရင်းမြစ်တွေအရ ကိုယ်ပိုင်တာဝန်ဝတ္တရားတွေကြောင့် သူတို့နှစ်ဦး ဆက်ဆံရေးမှာ အေးဆေးနေပေမယ့် နားလည်မှုရှိစွာနဲ့ လက်တွဲနေတယ်လို့ သိရပါတယ်။

Zawygi Version:
ေကတီပယ္ရီ နဲ႔ ခ်စ္သူ ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်က္စတင္ထ႐ူဒိုတို႔ႏွစ္ေယာက္ ပထမဆုံးအႀကိမ္ ပရိသတ္ေရွ႕ စုံတြဲအေနနဲ႔ ထြက္လာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၉
ကမာၻေက်ာ္ ေပါ့စ္အဆိုေတာ္ ေကတီပယ္ရီနဲ႔ ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်က္စတင္ထ႐ူဒို တို႔စုံတြဲဟာ ပထမဆုံးအႀကိမ္ စုံတြဲတစ္တြဲအေနနဲ႔ အမ်ားျပည္သူေရွ႕ ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။
ေကတီဟာ ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်က္စတင္ထ႐ူဒိုနဲ႔အတူ ေအာက္တိုဘာ ၂၅ ရက္ က ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕ရွိ Crazy Horse မွာ သူမရဲ႕ (၄၁) ႏွစ္ေျမာက္ ေမြးေန႔ပြဲအတူ က်င္းပခဲ့ၾကပါတယ္။ သတင္းဓာတ္ပုံေတြအရ စုံတြဲဟာ ျပင္သစ္ေဖ်ာ္ေျဖပြဲမွ လက္တြဲၿပီး ၿပဳံး႐ႊင္စြာ ထြက္လာတာ ျပသထားၿပီး ေကတီက အနီေရာင္ဝတ္စုံကိုဝတ္ဆင္ထားကာ အသက္ ၅၃ ႏွစ္အ႐ြယ္ ထ႐ူဒို ကေတာ့ အနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ထားပါတယ္။
ေကတီပယ္ရီဟာ ဇြန္လက သ႐ုပ္ေဆာင္ ေအာ္လန္ဒိူဘလြန္းနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ ဒီႏွစ္ ေႏြရာသီမွာပဲ ထ႐ူဒို နဲ႔ ကေနဒါႏိုင္ငံ၊ မြန္ထရီရယ္မွာ ခ်ိန္းေတြ႕ကာ လက္တြဲခဲ့ၾကတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လကလည္း Santa Barbara ကမ္း႐ိုးတန္းက ႐ြက္ေလွတစ္စင္းေပၚမွာ သူတို႔စုံတြဲ နမ္းေနတဲ့ဓာတ္ပုံကို ေတြ႕ရွိခဲ့ရဖူးပါတယ္။
ထ႐ူဒို မွာ ၂၀၂၃ ခုႏွစ္က ကြာရွင္းခဲ့တဲ့ အိမ္ေထာင္ေဟာင္းနဲ႔ ရွီဗာအယ္လာဂေရ႕ (၁၆ ႏွစ္) နဲ႔ ဟာဒီရန္ (၁၁ ႏွစ္) ဆိုတဲ့ သားနဲ႔သမီးရွိၿပီး ေကတီ ကေတာ့ ဘလြန္းနဲ႔ ေမြးဖြားခဲ့တဲ့ ငါးႏွစ္အ႐ြယ္ သမီး ေဒစီကို ရရွိပိုင္ဆိုင္ထားပါတယ္။သတင္းရင္းျမစ္ေတြအရ ကိုယ္ပိုင္တာဝန္ဝတၱရားေတြေၾကာင့္ သူတို႔ႏွစ္ဦး ဆက္ဆံေရးမွာ ေအးေဆးေနေပမယ့္ နားလည္မႈရွိစြာနဲ႔ လက္တြဲေနတယ္လို႔ သိရပါတယ္။