ရွှေဘို-စဉ့်ကူးလမ်းပေါ်ရှိ ရတနာသိင်္ခတံတားကို TNLA နှင့် MDF – PDF က မိုင်းခွဲခဲ့ရာ ပြည်သူများ အခက်ကြုံ
                        
                            
                             
 1466
 
                             
                            
                            
                         
                        
သန့်ဇင်(NP News)-အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တို့ဆက်သွယ်ထားသော လမ်းပေါ်ရှိ ရတနာသိင်္ခ ဧရာဝတီ မြစ်ကူးတံတားကြီးကို PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် (၂)ပိုင်းကျိုးကျ ပျက်စီးသွားခဲ့ပြီး ဒေသခံများ အတွက်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားတော့မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ 
အဆိုပါ တံတားကြီးကို PDF အဖွဲ့က ယနေ့(အောက်တိုဘာ ၂၉ရက်)၊ နံနက်အစောပိုင်း  ၂ နာရီခန့်က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တံတားက အရှေ့ဘက်ခြမ်းအချိုးခံရတယ်ဗျ။ ရတနာသိင်္ခတံတားဆိုတော့ ကျောက်မြောင်းနဲ့ စဉ့်ကူးနဲ့ကြားထဲက တံတားတစ် စင်းပေါ့ နော်။ PDF တွေက ချိုးသွားတာ။ ဒီနေ့ မနက်အစော (၂) နာရီလောက်က အချိုးခံရတယ်လို့ ခန့်မှန်းရတယ်။ (၂) ပိုင်းကျိုးသွားတာ။ အရှေ့ ဘက်ခြမ်းက (၂) ပိုင်းပိုင်းသွားတာ။ အရှေ့ဘက်မှာဆိုလို့ရှိရင်လည်း မန္တလေး PDFနဲ့ ပလောင်နဲ့က အဲဒီဘက်မှာရှိတယ်ပေါ့ဗျာ။ ကျောက်မြောင်းမှာက တပ်ရှိတာကိုး။ PDF တွေက သူတို့ဘက်ကိုလာရင် အခက်အခဲဖြစ်အောင်ချိုးတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး၏ အရှေ့ဘက် နှင့် တံတားအလယ်တိုင်နေရာ (၂) နေရာတွင် ထပ်ပိုင်းကျိုးကျ ပျက်စီး သွားခဲ့ရကြောင်း သိရသည်။
“တံတားကမြစ်ကူးတံတားကြီးဗျ။ အဲဒီလိုကျိုးကျသွားတော့ မြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ကူးလို့မရတော့ဘူးလေ။ အဲဒီတံတာားက ရွှေဘိုကနေ စဉ့်ကူးကိုလာလို့ရတယ်ဗျ။ အရေးပါတဲ့တံတားကြီးပေါ့” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တံတားကြီးကို သမ္မတဟောင်းဦးသိန်းစိန်လက်ထက်က တည်ဆောက်ခဲ့um ပေ (၂၄၈ဝ) အရှည်ရှိ တံတားကြီးတစ်စင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တံတားမိုင်းခွဲဖျက်ဆီးခံရသဖြင့် ဒေသခံများသွားလာရာတွင် အခက်ခဲများဖြစ်ပေါ်နေကြောင်းလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
“အခုတော့ တံတားအချိုးခံတော့ အခက်အခဲဖြစ်သွားတာပေါ့။ အဓိကမြစ်ကူးတံတားက အရေးပါတာကိုး။ အဲဒီလိုကြီးဖြစ်သွားတော့ ကျွန်တော်တို့က ဇက်တို့ဘာတို့နဲ့ပဲကူးလို့ရမှာ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
                     
                        
                                                                    
Zawgyi Version:
ေ႐ႊဘို-စဥ့္ကူးလမ္းေပၚရွိ ရတနာသိခၤတံတားကို TNLA ႏွင့္ MDF – PDF က မိုင္းခြဲခဲ့ရာ ျပည္သူမ်ား အခက္ႀကဳံ 
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၉
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕ႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကူးၿမိဳ႕တို႔ဆက္သြယ္ထားေသာ လမ္းေပၚရွိ ရတနာသိခၤ ဧရာဝတီ ျမစ္ကူးတံတားႀကီးကို PDF အဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့သျဖင့္ (၂)ပိုင္းက်ိဳးက် ပ်က္စီးသြားခဲ့ၿပီး ေဒသခံမ်ား အတြက္လည္း လမ္းပန္းဆက္သြယ္ေရး ခက္ခဲသြားေတာ့မည္ ျဖစ္ေၾကာင္း ေဒသခံ တစ္ဦးက ေျပာသည္။ 
အဆိုပါ တံတားႀကီးကို PDF အဖြဲ႕က ယေန႔(ေအာက္တိုဘာ ၂၉ရက္)၊ နံနက္အေစာပိုင္း  ၂ နာရီခန႔္က မိုင္းခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တံတားက အေရွ႕ဘက္ျခမ္းအခ်ိဳးခံရတယ္ဗ်။ ရတနာသိခၤတံတားဆိုေတာ့ ေက်ာက္ေျမာင္းနဲ႔ စဥ့္ကူးနဲ႔ၾကားထဲက တံတားတစ္ စင္းေပါ့ ေနာ္။ PDF ေတြက ခ်ိဳးသြားတာ။ ဒီေန႔ မနက္အေစာ (၂) နာရီေလာက္က အခ်ိဳးခံရတယ္လို႔ ခန႔္မွန္းရတယ္။ (၂) ပိုင္းက်ိဳးသြားတာ။ အေရွ႕ ဘက္ျခမ္းက (၂) ပိုင္းပိုင္းသြားတာ။ အေရွ႕ဘက္မွာဆိုလို႔ရွိရင္လည္း မႏၲေလး PDFနဲ႔ ပေလာင္နဲ႔က အဲဒီဘက္မွာရွိတယ္ေပါ့ဗ်ာ။ ေက်ာက္ေျမာင္းမွာက တပ္ရွိတာကိုး။ PDF ေတြက သူတို႔ဘက္ကိုလာရင္ အခက္အခဲျဖစ္ေအာင္ခ်ိဳးတာ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ရတနာသိခၤတံတားႀကီး၏ အေရွ႕ဘက္ ႏွင့္ တံတားအလယ္တိုင္ေနရာ (၂) ေနရာတြင္ ထပ္ပိုင္းက်ိဳးက် ပ်က္စီး သြားခဲ့ရေၾကာင္း သိရသည္။
“တံတားကျမစ္ကူးတံတားႀကီးဗ်။ အဲဒီလိုက်ိဳးက်သြားေတာ့ ျမစ္အေရွ႕ဘက္နဲ႔ အေနာက္ဘက္ကူးလို႔မရေတာ့ဘူးေလ။ အဲဒီတံတာားက ေ႐ႊဘိုကေန စဥ့္ကူးကိုလာလို႔ရတယ္ဗ်။ အေရးပါတဲ့တံတားႀကီးေပါ့” ဟု ၎က ဆက္ေျပာသည္။
အဆိုပါ တံတားႀကီးကို သမၼတေဟာင္းဦးသိန္းစိန္လက္ထက္က တည္ေဆာက္ခဲ့um ေပ (၂၄၈ဝ) အရွည္ရွိ တံတားႀကီးတစ္စင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ တံတားမိုင္းခြဲဖ်က္ဆီးခံရသျဖင့္ ေဒသခံမ်ားသြားလာရာတြင္ အခက္ခဲမ်ားျဖစ္ေပၚေနေၾကာင္းလည္း အထက္ပါ ေဒသခံက ဆက္ေျပာသည္။
“အခုေတာ့ တံတားအခ်ိဳးခံေတာ့ အခက္အခဲျဖစ္သြားတာေပါ့။ အဓိကျမစ္ကူးတံတားက အေရးပါတာကိုး။ အဲဒီလိုႀကီးျဖစ္သြားေတာ့ ကြၽန္ေတာ္တို႔က ဇက္တို႔ဘာတို႔နဲ႔ပဲကူးလို႔ရမွာ”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။