တင်းမာမှုတွေ လျှော့ချဖို့အတွက် အမေရိကန်နဲ့နျူကလီးယားဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ရုရှားကမ်းလှမ်း

78

Pika(NP News)-နိုဝင်ဘာ ၁၃
အင်အားကြီးနိုင်ငံနှစ်နိုင်ငံအကြား တင်းမာမှုတွေကို လျှော့ချဖို့အတွက် လျှို့ဝှက်မြေအောက်နျူကလီးယားစမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ရုရှားအစိုးရက ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရုရှားဟာ နျူကလီးယားစွမ်းအင်သုံး၊နျူကလီးယားစွမ်းရည်တွေရှိတဲ့ လက်နက်စနစ်တွေကို စမ်းသပ်ခဲ့ပေမယ့်လည်း နျူကလီးယားပစ္စည်းတစ်ခုကို လျှို့ဝှက်စွာဖောက်ခွဲခဲ့တယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ စွပ်စွဲပြောဆိုချက်တွေကိုတော့ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ဒါ့ပြင် ရုရှားနဲ့တရုတ်တို့က မြေအောက်နျူကလီးယားစမ်းသပ်မှုတွေ လျှို့ဝှက်လုပ်ဆောင်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကု ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။အမေရိကန်က နျူကလီးယားစမ်းသပ်မှုတွေ တားမြစ်တဲ့စာချုပ်ကို မချိုးဖောက်သရွေ့ ရုရှားကလည်း ချိုးဖောက်သွားမှာမဟုတ်ဘူးလို့ ရုရှားအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ပြီးတော့ နျူကလီးယားစမ်းသပ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပါတယ်။ဆာဂေးလာရော့ဗ်က”ကျွန်တော်တို့က မြေအောက်နျူကလီးယားစမ်းသပ်မှုတွေ လျှို့ဝှက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ဆွေးနွေးပြီးဖြေရှင်းဖို့ အဆင်သင့်ရှိနေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔အတြက္ အေမရိကန္နဲ႔န်ဴကလီးယားေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ႐ုရွားကမ္းလွမ္း
Pika(NP News)-ႏိုဝင္ဘာ ၁၃
အင္အားႀကီးႏိုင္ငံႏွစ္ႏိုင္ငံအၾကား တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ လွ်ိဳ႕ဝွက္ေျမေအာက္န်ဴကလီးယားစမ္းသပ္မႈေတြ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ အေမရိကန္ရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ႐ုရွားအစိုးရက ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ႐ုရွားဟာ န်ဴကလီးယားစြမ္းအင္သုံး၊န်ဴကလီးယားစြမ္းရည္ေတြရွိတဲ့ လက္နက္စနစ္ေတြကို စမ္းသပ္ခဲ့ေပမယ့္လည္း န်ဴကလီးယားပစၥည္းတစ္ခုကို လွ်ိဳ႕ဝွက္စြာေဖာက္ခြဲခဲ့တယ္ဆိုတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကိုေတာ့ ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ဒါ့ျပင္ ႐ုရွားနဲ႔တ႐ုတ္တို႔က ေျမေအာက္န်ဴကလီးယားစမ္းသပ္မႈေတြ လွ်ိဳ႕ဝွက္လုပ္ေဆာင္ခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ န်ဴကလီးယားစမ္းသပ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ကု ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။အေမရိကန္က န်ဴကလီးယားစမ္းသပ္မႈေတြ တားျမစ္တဲ့စာခ်ဳပ္ကို မခ်ိဳးေဖာက္သေ႐ြ႕ ႐ုရွားကလည္း ခ်ိဳးေဖာက္သြားမွာမဟုတ္ဘူးလို႔ ႐ုရွားအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ၿပီးေတာ့ န်ဴကလီးယားစမ္းသပ္မႈဆိုင္ရာ စိုးရိမ္ပူပန္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ကမ္းလွမ္းခဲ့တယ္လို႔လည္း သိရပါတယ္။ဆာေဂးလာေရာ့ဗ္က”ကြၽန္ေတာ္တို႔က ေျမေအာက္န်ဴကလီးယားစမ္းသပ္မႈေတြ လွ်ိဳ႕ဝွက္လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ အေမရိကန္ရဲ႕ စြပ္စြဲခ်က္ေတြကို ေဆြးေႏြးၿပီးေျဖရွင္းဖို႔ အဆင္သင့္ရွိေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။