လူရွှင်တော်ဝိုင်းချစ်ဖမ်းဆီးခံရခြင်း မရှိဟု ကောင်းကျော်ဆို

 1080

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၈
လူရွှင်တော်ဝိုင်းချစ် ဖမ်းဆီးခံရသည်မှာ မဟုတ်မှန်ကြောင်း ယခင်ရွှေညီကိုအဖွဲ့တွင် ဝိုင်းချစ်နှင့်တစ်ဖွဲ့တည်း ဖျော်ဖြေခဲ့သည့် လူရွှင်တော်ကောင်းကျော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။
လူရွှင်တော်ဝိုင်းချစ်နှင့် ဆိုင်းဆရာအပါအဝင် အလှူရှင်များကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်၊ ညနေပိုင်းက မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်း တောင်း မြို့နယ်၊ ဒေါင်းလည်းကျေးရွာတွင် အလှူပွဲကျင်းပနေစဉ် ညောင်ဦး PDF အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် အဆိုပါသတင်းမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ကောင်းကျော်မှ ဝိုင်းချစ်သို့ သတင်းကြား၍ ဖုန်းဆက်ရာတွင် ဝိုင်းချစ်မှာ ၎င်း၏အိမ်တွင် ရှိနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
“ဒီသတင်းက ပုံနဲ့အတူတက်လာတာမြင်ရလို့ မိတ်ဆွေအတော်များများက ဖုန်ဆက်လာမေးကြလို့ ကိုယ်ပါ စိတ်ပူပြီး သူငယ်ချင်းဝိုင်းချစ်ကို ဖုန်းဆက် ကြည့်လိုက်တော့ ဝိုင်းချစ်က အိမ်မှာ ရှိနေပါတယ်။ အခြား နာမည်တူ ဝိုင်းချစ်များလား တော့ မသိပါဘူး ဗျာ ။ စိတ်ပူပြီးမေးကြတဲ့ မိတ်ဆွေများ အတွက် ရွှေညီကို အဖွဲ့က သူငယ်ချင်း ဝိုင်းချစ် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်”ဟု လူရွှင်တော်ကောင်းကျော်က ၎င်း၏လူမှုကွန်ယက် ဖေ့ဘွတ်စ်စာမျက်နှာတွင် အသိပေးထားသည်။

Zawgyi Version:
လူ႐ႊင္ေတာ္ဝိုင္းခ်စ္ဖမ္းဆီးခံရျခင္း မရွိသု ေကာင္းေက်ာ္ဆို
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၈
လူ႐ႊင္ေတာ္ဝိုင္းခ်စ္ ဖမ္းဆီးခံရသည္မွာ မဟုတ္မွန္ေၾကာင္း ယခင္ေ႐ႊညီကိုအဖြဲ႕တြင္ ဝိုင္းခ်စ္ႏွင့္တစ္ဖြဲ႕တည္း ေဖ်ာ္ေျဖခဲ့သည့္ လူ႐ႊင္ေတာ္ေကာင္းေက်ာ္က ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပေရးသားထားသည္။
လူ႐ႊင္ေတာ္ဝိုင္းခ်စ္ႏွင့္ ဆိုင္းဆရာအပါအဝင္ အလႉရွင္မ်ားကို ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၆ ရက္၊ ညေနပိုင္းက မႏၲေလး တိုင္းေဒသႀကီး၊ ေက်ာက္ပန္း ေတာင္း ၿမိဳ႕နယ္၊ ေဒါင္းလည္းေက်း႐ြာတြင္ အလႉပြဲက်င္းပေနစဥ္ ေညာင္ဦး PDF အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။
သို႔ေသာ္ အဆိုပါသတင္းမွာ ဟုတ္မွန္ျခင္းမရွိေၾကာင္း ေကာင္းေက်ာ္မွ ဝိုင္းခ်စ္သို႔ သတင္းၾကား၍ ဖုန္းဆက္ရာတြင္ ဝိုင္းခ်စ္မွာ ၎၏အိမ္တြင္ ရွိေနေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္ဟု သိရသည္။
“ဒီသတင္းက ပုံနဲ႔အတူတက္လာတာျမင္ရလို႔ မိတ္ေဆြအေတာ္မ်ားမ်ားက ဖုန္ဆက္လာေမးၾကလို႔ ကိုယ္ပါ စိတ္ပူၿပီး သူငယ္ခ်င္းဝိုင္းခ်စ္ကို ဖုန္းဆက္ ၾကည့္လိုက္ေတာ့ ဝိုင္းခ်စ္က အိမ္မွာ ရွိေနပါတယ္။ အျခား နာမည္တူ ဝိုင္းခ်စ္မ်ားလား ေတာ့ မသိပါဘူး ဗ်ာ ။ စိတ္ပူၿပီးေမးၾကတဲ့ မိတ္ေဆြမ်ား အတြက္ ေ႐ႊညီကို အဖြဲ႕က သူငယ္ခ်င္း ဝိုင္းခ်စ္ မဟုတ္ပါေၾကာင္း အသိေပးအပ္ပါသည္”ဟု လူ႐ႊင္ေတာ္ေကာင္းေက်ာ္က ၎၏လူမႈကြန္ယက္ ေဖ့ဘြတ္စ္စာမ်က္ႏွာတြင္ အသိေပးထားသည္။

Related news

© 2021. All rights reserved.