ဟောင်ကောင်မီးဘေးနှင့်ပတ်သက်ပြီး K-pop အဖွဲ့အများအပြားက အလှူငွေများ လှူဒါန်း

192

Pika (NP News) - ဒီဇင်ဘာ ၇
ဟောင်ကောင်မြို့တွင်ဖြစ်ပွားခဲ့သော လူ (၁၂၈)ဦးသေဆုံးစေခဲ့သည့် မီးလောင်မှုနှင့် ပတ်သက်ပြီး မီးဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့ ရန်အတွက် အလှူငွေများပေးအပ်သွားမည်ဖြစ်ကြောင်း K-pop အဖွဲ့အများအပြားက ထုတ်ပြန် ကြေညာခဲ့သည်။ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Aespau ၎င်းတို့သည် ဟောင်ကောင် ကြက် ခြေနီအသင်းကို ဟောင်ကောင်ဒေါ်လာ(၅)သိန်းလှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
Aespau က ‘ဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုသတင်းနဲ့ပတ်သက်ပြီး ကျွန်မတို့ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်’ဟု ပြောဆိုခဲ့သည်။ တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ Stray Kids သည် ယာယီအိမ်ရာနှင့် မီးဘေးသင့်ခဲ့သော ကလေးငယ်များနှင့်ဒေသခံများ အတွက် ထောက်ပံ့မှုအနေဖြင့် World Vision Hong Kong အဖွဲ့အစည်းမှတစ်ဆင့် ဟောင်ကောင် ဒေါ်လာ(၁)သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ကတိ ပြုခဲ့သည်။
Stray Kids အဖွဲ့က ‘ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ မီးဘေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းကိုဝမ်းနည်းမိပါ တယ်။ ကျွန်တော်တို့ တတ်နိုင်သမျှအရာအားလုံးကို ကူညီပံ့ပိုးပေးသွားမှာပါ’ ဟု ပြောဆိုခဲ့သည်။ ထို့ပြင် တောင်ကိုရီးယား၏ အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီနှစ်ခုဖြစ်သည့် SM နှင့် JYP တို့သည် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဟောင်ကောင် ဒေါ်လာ(၃)သန်းလှူဒါန်းခဲ့ကြောင်းသိရသည်။
အလှူငွေများ လှူဒါန်းမည်ဟု ကတိပြုထားသော အခြား K-pop အဖွဲ့များမှာ Riize, EXO-CBX နှင့် KickFlip တို့ဖြစ်ပြီး World Vision Hong Kong မှတစ်ဆင့် ဟောင်ကောင် ဒေါ်လာ (၁)သိန်း လှူဒါန်းခဲ့ကြကြောင်းသိရသည်။

Zawgyi Version:
ေဟာင္ေကာင္မီးေဘးႏွင့္ပတ္သက္ၿပီး K-pop အဖြဲ႕အမ်ားအျပားက အလႉေငြမ်ား လႉဒါန္း
Pika (NP News) - ဒီဇင္ဘာ ၇
ေဟာင္ေကာင္ၿမိဳ႕တြင္ျဖစ္ပြားခဲ့ေသာ လူ (၁၂၈)ဦးေသဆုံးေစခဲ့သည့္ မီးေလာင္မႈႏွင့္ ပတ္သက္ၿပီး မီးေဘးသင့္ ျပည္သူမ်ားကို ကူညီေထာက္ပံ့ ရန္အတြက္ အလႉေငြမ်ားေပးအပ္သြားမည္ျဖစ္ေၾကာင္း K-pop အဖြဲ႕အမ်ားအျပားက ထုတ္ျပန္ ေၾကညာခဲ့သည္။ ေတာင္ကိုရီးယားအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ Aespau ၎တို႔သည္ ေဟာင္ေကာင္ ၾကက္ ေျခနီအသင္းကို ေဟာင္ေကာင္ေဒၚလာ(၅)သိန္းလႉဒါန္းသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာ ခဲ့သည္။
Aespau က ‘ေဟာင္ေကာင္မွာျဖစ္ပြားခဲ့တဲ့ အဆိုး႐ြားဆုံးမီးေလာင္ကြၽမ္းမႈသတင္းနဲ႔ပတ္သက္ၿပီး ကြၽန္မတို႔ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္’ဟု ေျပာဆိုခဲ့သည္။ ေတာင္ကိုရီးယားအမ်ိဳးသား အဆိုေတာ္အဖြဲ႕ Stray Kids သည္ ယာယီအိမ္ရာႏွင့္ မီးေဘးသင့္ခဲ့ေသာ ကေလးငယ္မ်ားႏွင့္ေဒသခံမ်ား အတြက္ ေထာက္ပံ့မႈအေနျဖင့္ World Vision Hong Kong အဖြဲ႕အစည္းမွတစ္ဆင့္ ေဟာင္ေကာင္ ေဒၚလာ(၁)သန္း လႉဒါန္းသြားမည္ျဖစ္ေၾကာင္း ကတိ ျပဳခဲ့သည္။
Stray Kids အဖြဲ႕က ‘ေဟာင္ေကာင္မွာ ျဖစ္ပြားခဲ့တဲ့ မီးေဘးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ အရမ္းကိုဝမ္းနည္းမိပါ တယ္။ ကြၽန္ေတာ္တို႔ တတ္ႏိုင္သမွ်အရာအားလုံးကို ကူညီပံ့ပိုးေပးသြားမွာပါ’ ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ေတာင္ကိုရီးယား၏ အႀကီးဆုံးေဖ်ာ္ေျဖေရးကုမၸဏီႏွစ္ခုျဖစ္သည့္ SM ႏွင့္ JYP တို႔သည္ အေရးေပၚကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ေဟာင္ေကာင္ ေဒၚလာ(၃)သန္းလႉဒါန္းခဲ့ေၾကာင္းသိရသည္။
အလႉေငြမ်ား လႉဒါန္းမည္ဟု ကတိျပဳထားေသာ အျခား K-pop အဖြဲ႕မ်ားမွာ Riize, EXO-CBX ႏွင့္ KickFlip တို႔ျဖစ္ၿပီး World Vision Hong Kong မွတစ္ဆင့္ ေဟာင္ေကာင္ ေဒၚလာ (၁)သိန္း လႉဒါန္းခဲ့ၾကေၾကာင္းသိရသည္။