တစ်ရက်လျှင် ကယ်လိုရီ (၁၀ဝဝဝ)ကျော်ရှိသော အစားအစာများကို တစ်လကြာအောင် စားသုံးခဲ့ပြီးနောက် သေဆုံးသွားခဲ့သည့် ရုရှားအမျိုးသား

 237

Pika (NP News) - ဒီဇင်ဘာ ၇

ရုရှားနိုင်ငံ၊ Orenburg မြို့မှ အသက်(၃၀)အရွယ် Dmitry Nuyanzin ဆိုသည့်အမျိုးသားသည် ခန္ဓာကိုယ် အလေးချိန်(၂၅)ကီလိုဂရမ် တက်လာစေရန်အတွက် နေ့စဉ်ကယ်လိုရီ(၁၀ဝဝဝ)ကျော်ရှိသော အစားအစာများကို သီတင်းပတ်အနည်းငယ်ကြာ အောင်စားသုံးပြခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ Dmitry Nuyanzin မနက်စာအတွက် ပေါင်မုန့်နှင့်ကိတ်မု့န်များ၊နေ့လည်စာအတွက် မရောနိစ်နှင့်စိမ်ထားသည့် မုန့်(၂)ပေါင်နီး ပါး၊ ညစာ အတွက် ဟမ်ဘာဂါနှင့်ပီဇာ၊အာလူးကြော်နှင့် အခြားကယ်လိုရီများသည့် မုန့်များကို စားသုံးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
Dmitry Nuyanzin သည် ခန္ဓာကိုယ် အလေးချိန်တက်လာစေရန်အတွက် အဆိုပါအစား အစာများကို တစ်လခန့် စားသုံးခဲ့ပြီးနောက် အလေး ချိန်(၁၃)ကီလိုဂရမ်တက်လာ ခဲ့ကြောင်းသိရသည်။ ထို့နောက် Dmitry Nuyanzin သည် ၎င်း၏ကိုယ်အလေးချိန်တိုးတက်မှုများကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Dmitry Nuyanzin သည် လူငယ်များအတွက် ခန္ဓာကိုယ် တည်ဆောက်ရေးနည်းပြအဖြစ် လုပ်ကိုင် နေခြင်းဖြစ် ပြီး သင်တန်းတွင် ကိုယ်အလေးချိန်တက် လာစေမည့် နည်းလမ်းများကို သင်တန်းသားများအား သက်သေပြ ရန်အတွက် ယခုလိုစားသုံးပြခဲ့ပြီးနောက် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Dmitry Nuyanzin သည် မသေခင် ရက်ပိုင်းအလိုတွင် နေမကောင်းဖြစ်နေခြင်းကြောင့် သင် တန်းကိုခဏနား ထားမည်ဖြစ်ကြောင်း သင်တန်းသားများကို ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် နှလုံးရပ်ကာသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ Dmitry Nuyanzin သည် အဝလွန်နေသူများထက် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပိုမိုကောင်းမွန် သော်လည်း သီတင်းပတ်များစွာကြာအောင် လုပ်ဆောင်ခဲ့သော အလွန်အကျွံစားသောက်မှုက ၎င်း၏ အတွင်းပိုင်းအင်္ဂါများ အထူးသဖြင့် နှလုံးကိုထိခိုက် စေခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် ပြောဆိုထား ကြသည်။

Zawgyi Version:
တစ္ရက္လွ်င္ ကယ္လိုရီ (၁၀ဝဝဝ)ေက်ာ္ရွိေသာ အစားအစာမ်ားကို တစ္လၾကာေအာင္ စားသုံးခဲ့ၿပီးေနာက္ ေသဆုံးသြားခဲ့သည့္ ႐ုရွားအမ်ိဳးသား
Pika (NP News) - ဒီဇင္ဘာ ၇
႐ုရွားႏိုင္ငံ၊ Orenburg ၿမိဳ႕မွ အသက္(၃၀)အ႐ြယ္ Dmitry Nuyanzin ဆိုသည့္အမ်ိဳးသားသည္ ခႏၶာကိုယ္ အေလးခ်ိန္(၂၅)ကီလိုဂရမ္ တက္လာေစရန္အတြက္ ေန႔စဥ္ကယ္လိုရီ(၁၀ဝဝဝ)ေက်ာ္ရွိေသာ အစားအစာမ်ားကို သီတင္းပတ္အနည္းငယ္ၾကာ ေအာင္စားသုံးျပခဲ့ၿပီးေနာက္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ Dmitry Nuyanzin မနက္စာအတြက္ ေပါင္မုန႔္ႏွင့္ကိတ္မု႔န္မ်ား၊ေန႔လည္စာအတြက္ မေရာနိစ္ႏွင့္စိမ္ထားသည့္ မုန႔္(၂)ေပါင္နီး ပါး၊ ညစာ အတြက္ ဟမ္ဘာဂါႏွင့္ပီဇာ၊အာလူးေၾကာ္ႏွင့္ အျခားကယ္လိုရီမ်ားသည့္ မုန႔္မ်ားကို စားသုံးခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။
Dmitry Nuyanzin သည္ ခႏၶာကိုယ္ အေလးခ်ိန္တက္လာေစရန္အတြက္ အဆိုပါအစား အစာမ်ားကို တစ္လခန႔္ စားသုံးခဲ့ၿပီးေနာက္ အေလး ခ်ိန္(၁၃)ကီလိုဂရမ္တက္လာ ခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ Dmitry Nuyanzin သည္ ၎၏ကိုယ္အေလးခ်ိန္တိုးတက္မႈမ်ားကို ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္အနည္းငယ္ အၾကာတြင္ ေသဆုံးသြား ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Dmitry Nuyanzin သည္ လူငယ္မ်ားအတြက္ ခႏၶာကိုယ္ တည္ေဆာက္ေရးနည္းျပအျဖစ္ လုပ္ကိုင္ ေနျခင္းျဖစ္ ၿပီး သင္တန္းတြင္ ကိုယ္အေလးခ်ိန္တက္ လာေစမည့္ နည္းလမ္းမ်ားကို သင္တန္းသားမ်ားအား သက္ေသျပ ရန္အတြက္ ယခုလိုစားသုံးျပခဲ့ၿပီးေနာက္ ေသဆုံးသြား ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
Dmitry Nuyanzin သည္ မေသခင္ ရက္ပိုင္းအလိုတြင္ ေနမေကာင္းျဖစ္ေနျခင္းေၾကာင့္ သင္ တန္းကိုခဏနား ထားမည္ျဖစ္ေၾကာင္း သင္တန္းသားမ်ားကို ေျပာၾကားခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ ႏွလုံးရပ္ကာေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။ Dmitry Nuyanzin သည္ အဝလြန္ေနသူမ်ားထက္ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန ပိုမိုေကာင္းမြန္ ေသာ္လည္း သီတင္းပတ္မ်ားစြာၾကာေအာင္ လုပ္ေဆာင္ခဲ့ေသာ အလြန္အကြၽံစားေသာက္မႈက ၎၏ အတြင္းပိုင္းအဂၤါမ်ား အထူးသျဖင့္ ႏွလုံးကိုထိခိုက္ ေစခဲ့ျခင္းျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္ ေျပာဆိုထား ၾကသည္။

Related news

© 2021. All rights reserved.