Asia Artist Award (AAA) ဆုပေးပွဲမှာ IU က စုစုပေါင်း ဆု (၅) ဆုရရှိပြီး အများဆုံး ဆုရသူဖြစ်လာ

258

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂
တောင်ကိုရီးယား ဖျော်ဖြေရေးလုပ်ငန်းရဲ့ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ Asia Artist Award(AAA) ဆုပေးပွဲ မှာ တောင်ကိုရီးယား အဆိုတော်၊ သရုပ်ဆောင် IU(အမည်ရင်း လီဂျီအွန်း) က ဆု (၅) ဆုထိ ဆွတ်ခူးခဲ့ပြီး ဆု အများဆုံးရရှိတဲ့ အနုပညာရှင်ဖြစ်ခဲ့ပါတယ်။
အဆိုတော်၊ သရုပ်ဆောင် မင်းသမီး IU (လီဂျီအွန်း)က "When Life Gives You Tangerines" ဇာတ်ကား နဲ့ တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင် (Daesang) ဆု၊ တစ်နှစ်တာ အကောင်းဆုံး သရုပ်ဆောင်ဆု၊ သရုပ်ဆောင် ပက်ခ်ဘိုဂမ်နဲ့အတူ အကောင်းဆုံး စုံတွဲ ဆု၊ AAA 10 Legendary Solo (Female) ဆုနဲ့ Hot Trend ဆု စုစုပေါင်း ဆု ၅ ဆုထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် သရုပ်ဆောင် ပက်ခ်ဘိုဂမ် ဟာလည်း တစ်နှစ်တာ အကောင်းဆုံးသရုပ်ဆောင်ဆု၊ သရုပ်ဆောင် ကင်ယိုဂျွန်နဲ့အတူ Legandry Couple ဆု၊ အဆိုတော်၊ သရုပ်ဆောင် IU နဲ့အတူ တစ်နှစ်တာ အကောင်းဆုံး စုံတွဲဆု ကို ရရှိခဲ့ပါတယ်။
ယခုနှစ်အတွက် Asia Astist Award ဆုပေးပွဲ ကို ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်၊ Kaohsiung အမျိုးသားအားကစားကွင်းမှာ စနေနေ့ (ဒီဇင်ဘာ ၆ ရက်) က ကျင်းပခဲ့ပါတယ်။ IVE အဖွဲ့ဝင် ဂျန်ဝမ်ယောင်း နဲ့ အမျိုးသား K Pop အဖွဲ့ 2PM ရဲ့အဖွဲ့ဝင် လီဂျွန်ဟိုတို့က အခန်းအနားမှူးတွေအဖြစ် ကျင်းပခဲ့ပြီး တက်ရောက်သူ ၅၀,၀၀၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
Asia Artist Award (AAA) ဆုေပးပြဲမွာ IU က စုစုေပါင္း ဆု (၅) ဆုရရွိၿပီး အမ်ားဆုံး ဆုရသူျဖစ္လာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
ေတာင္ကိုရီးယား ေဖ်ာ္ေျဖေရးလုပ္ငန္းရဲ႕ ႏွစ္စဥ္က်င္းပျပဳလုပ္ေလ့ရွိတဲ့ Asia Artist Award(AAA) ဆုေပးပြဲ မွာ ေတာင္ကိုရီးယား အဆိုေတာ္၊ သ႐ုပ္ေဆာင္ IU(အမည္ရင္း လီဂ်ီအြန္း) က ဆု (၅) ဆုထိ ဆြတ္ခူးခဲ့ၿပီး ဆု အမ်ားဆုံးရရွိတဲ့ အႏုပညာရွင္ျဖစ္ခဲ့ပါတယ္။
အဆိုေတာ္၊ သ႐ုပ္ေဆာင္ မင္းသမီး IU (လီဂ်ီအြန္း)က "When Life Gives You Tangerines" ဇာတ္ကား နဲ႔ တစ္ႏွစ္တာ အေကာင္းဆုံး အႏုပညာရွင္ (Daesang) ဆု၊ တစ္ႏွစ္တာ အေကာင္းဆုံး သ႐ုပ္ေဆာင္ဆု၊ သ႐ုပ္ေဆာင္ ပက္ခ္ဘိုဂမ္နဲ႔အတူ အေကာင္းဆုံး စုံတြဲ ဆု၊ AAA 10 Legendary Solo (Female) ဆုနဲ႔ Hot Trend ဆု စုစုေပါင္း ဆု ၅ ဆုထိ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါအျပင္ သ႐ုပ္ေဆာင္ ပက္ခ္ဘိုဂမ္ ဟာလည္း တစ္ႏွစ္တာ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆု၊ သ႐ုပ္ေဆာင္ ကင္ယိုဂြၽန္နဲ႔အတူ Legandry Couple ဆု၊ အဆိုေတာ္၊ သ႐ုပ္ေဆာင္ IU နဲ႔အတူ တစ္ႏွစ္တာ အေကာင္းဆုံး စုံတြဲဆု ကို ရရွိခဲ့ပါတယ္။
ယခုႏွစ္အတြက္ Asia Astist Award ဆုေပးပြဲ ကို ပထမဆုံးအႀကိမ္အျဖစ္ ထိုင္ဝမ္၊ Kaohsiung အမ်ိဳးသားအားကစားကြင္းမွာ စေနေန႔ (ဒီဇင္ဘာ ၆ ရက္) က က်င္းပခဲ့ပါတယ္။ IVE အဖြဲ႕ဝင္ ဂ်န္ဝမ္ေယာင္း နဲ႔ အမ်ိဳးသား K Pop အဖြဲ႕ 2PM ရဲ႕အဖြဲ႕ဝင္ လီဂြၽန္ဟိုတို႔က အခန္းအနားမႉးေတြအျဖစ္ က်င္းပခဲ့ၿပီး တက္ေရာက္သူ ၅၀,၀၀၀ ခန႔္ ရွိခဲ့တယ္လို႔ သိရပါတယ္။