ခေတ်သစ်ရေးတဲ့ ဒိန်း‌ဒေါင်ရဲ့ မွေးနေ့ပျော်ရွှင်ပွဲ (၇)ရက်

 1223

အိဖြူ (NP News) - ဒီဇင်ဘာ ၂၁

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် သက်ကြီးဂီတပညာရှင်များအတွက် ကန်တော့ ပွဲကျင်းပ၊ “ခေတ်သစ်ရေးတဲ့ ဒိန်းဒေါင်ရဲ့မွေးနေ့ပျော်ပွဲရွှင်ပွဲ (၇)ရက်” စတဲ့ အနုပညာ ဆက်စပ်သတင်းတွေကို ဖော်ပြ ပေးသွားပါမယ်။

(၁၅) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲကျင်းပခဲ့

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ရဲ့ “(၁၅) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲ အခမ်း အနား”ကို ဒီဇင်ဘာလ (၁၅) ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Dolphin ခန်းမဆောင်မှာ ကျင်းပခဲ့ကြပါတယ်။
သက်ကြီး ဂီတပညာရှင်တွေအတွက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှ မိသားစုက ငွေကျပ် သိန်း(၁၀ဝ) တိတိပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနဲ့ အလှူရှင်တွေက ကန်တော့ခံ သက်ကြီး ဂီတပညာရှင်တို့အတွက် အလှူငွေများ အသီးသီးလှူဒါန်းခဲ့ကြပါတယ်။
အဆိုပါအလှူငွေများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များကန်တော့ပွဲကို အသက်(၇၅) နှစ်အထက် ဂီတပညာရှင် စုစုပေါင်း (၁၅၆) ဦးရှိရာ ကန်တော့ပွဲအခမ်းအနားကို စည်သူဒေါ်တင်တင်မြ၊ တေးသံရှင် နွဲ့ယဉ်ဝင်၊ တေးသံရှင် ချိုပြုံးစတဲ့ သက်ကြီးဝါကြီး ဂီတပညာရှင်များ (၃၆) ဦးသာ တက်ရောက်နိုင်ခဲ့ကြပြီး ကျန်ရှိသည့် သက်ကြီးဂီတပညာရှင်တွေအတွက် ဂီတအစည်းအရုံးမှတာဝန်ရှိပုဂ္ဂိုလ်တို့က အိမ်တိုင်ရာရောက် သွားရောက်ကာ ကန်တော့ခံပစ္စည်းတွေနဲ့ ဂါရဝပြု ဂုဏ်ပြုငွေသားတွေ ပေးအပ်ကန်တော့ခဲ့ကြခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပ ခဲ့ရာ (၂၀၂၅) ခုနှစ်မှာ (၁၅)ကြိမ်မြောက် ပွဲအခမ်းအနားကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ရုပ်ရှင်ဆိုင်ရာလုပ်ငန်းများ လိုင်စင်ရယူဖို့ ပြန်ကြားရေးဝန်ကြီးဌာနအသိပေး

ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်ဆိုင်ရာလုပ်ငန်းတွေဖြစ်တဲ့ ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ရုပ်ရှင် ရိုက်ကူးရေးသုံးပစ္စည်းများငှားရမ်းခြင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းလုပ် ဆောင်ခြင်း၊ ရုပ်ရှင် စတူဒီယို တည်ထောင်လုပ်ကိုင်ခြင်း၊ ရုပ်ရှင်ကား ရုပ်/အသံ ကူးပြောင်းမှုနဲ့ အထူးပြုလုပ်ချက်များဆောင်ရွက်ခြင်း၊ အွန်လိုင်းရုပ်ရှင်ရုံတည်ထောင်ခြင်း၊ အက်ပလီကေးရှင်းများ အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း၊ အွန်လိုင်း ပလက်ဖောင်းများအသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားထုတ်လွှင့်ပြသခြင်း စတဲ့လုပ်ငန်းတွေအနေနဲ့ လိုင်စင်တွေရယူပြီးမှ လုပ်ဆောင်ရမှာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာ(၁၇)ရက် ဗုဒ္ဓဟူးနေ့က ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉) အရ (၂၀-၁၂-၂၀၂၄) ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၉/၂၀၂၄) နဲ့ ရုပ်ရှင်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။
ထုတ်ပြန်ကြေညာချက်အရ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ရုပ်ရှင်ဥပဒေပုဒ်မ (၄၉) ပုဒ်မခွဲ(က)အရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ(၃) ရက်မှာ အမိန့်ကြေငြာစာအမှတ် (၁၄၉/၂၀၂၅) နဲ့ ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ ကို ထုတ်ပြန်ပြီးလည်းဖြစ်ပါတယ်။
မူလရုပ်ရှင်လုပ်ငန်းအမျိုးအစား(၈)မျိုးအပြင် အခုထုတ်ပြန်လိုက်တဲ့ရုပ်ရှင်ဆိုင်ရာလုပ်ငန်းတွေကိုလည်း ပြန် ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနကို လုပ်ငန်းလိုင်စင်တွေ လျှောက်ထားရယူပြီးမှ ဆောင်ရွက်ရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ရုပ်ရှင်ရုံလိုင်စင်အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းတွေကိုလည်း သက်ဆိုင်ရာ ပြည် ထောင်စု နယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး/ပြည်နယ် ပြန်ကြားရေး နဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွေကို လျှောက်ထားရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း အသေးစိတ်အချက်အလက်များကိုဖော်ပြထားပါတယ်။

(၇)ရက်တိုင်တိုင် ကျင်းပမယ့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ မွေးနေ့အလှူ

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဒိန်းဒေါင်က အသက်(၅၂) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲအခမ်းအနားကို ခုနစ်ရက်တိုင်တိုင် ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။
ဆိုရှယ်လူမှုကွန်ရက်တစ်ခွင်မှာတော့ ပြည်ပြေးမီဒီယာတစ်ခုရဲ့ရေးသားချက်အရ ဒိန်းဒေါင်က မွေးနေ့ပွဲကို ခုနစ်ရက်တိတိကျင်းပမယ့်အပြင် ၎င်းအတွက် တည်ဆဲအစိုးရက လုံခြုံရေးသီးသန့်ယူပေးမှုတွေ ရှိကြောင်းပါ ရေးသား ဖော်ပြခဲ့ပါတယ်။ တကယ်တမ်း မွေးနေ့ပွဲကျင်းပမယ့်ရက်က ခုနစ်ရက်ဆိုတာ မှန်ကန်ပေမယ့် ၎င်းရဲ့မွေးနေ့ ပျော်ပွဲရွှင်ပွဲတစ်ခုအတွက်မဟုတ်ဘဲ ထေရဝါရဗုဒ္ဓဘာသာဝင်တို့ရဲ့ဓလေ့ထုံးတမ်း အစဉ်အလာအရ ခင်ပွန်းကြီးဆယ်ပါး ဦးထိပ်ထားလျက် အနန္တော အနန္တငါးပါးနဲ့ မိခင်ကြီး ‌ဒေါ်တင်ထွေးကို အမှူးထားပြီး ရဟန်းတကာ၊ ရဟန်းအမ ခံယူကာ ရဟန်းခံ၊ရှင်ပြု၊ နားသအလှူတော်မင်္ဂလာ တရားပွဲအခမ်းအနားကြီးကို ကျင်းပကာ ခုနစ်ရက်တိုင်တိုင် အလှူပြုမှာ ဖြစ်ပါတယ်။
‘(၂၅) ရက်ကနေ (၃၁) ရက်အထိ ကျင်းပမယ့် (၅၂) နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာမှာ (၇)ရက် သားသမီး များအားလုံးကို ထပ်တူ ကုသိုလ်ပေးပါတယ်။ တရားပွဲ၊ ရဟန်းခံရှင်ပြု၊ နားသအလှူတော်မင်္ဂလာပွဲတွေလည်းပါတယ်။ ဖျော်ဖြေပွဲတွေလည်း ပါဝင်ပါတယ်။ အားလုံးကိုလည်း ဖိတ်ကြားအပ်ပါတယ်’’လို့ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဒိန်းဒေါင်က NP News က တစ်ဆင့် (၇)ရက်သားသမီးအားလုံး အလှူပွဲအခမ်းအနားကို လာရောက်ကြဖို့ ဖိတ်ကြားခဲ့ ခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဒိန်းဒေါင်ရဲ့မွေးနေ့ရက်မြတ်က ဒီဇင်ဘာလ (၂၉) ရက်မှာ ကျရောက်မှာဖြစ်ပြီး ၎င်းရဲ့မွေးနေ့အလှူအဖြစ် “ရဟန်းခံ ရှင်ပြု၊ နားသ၊ အလှူတော်မင်္ဂလာ တရားပွဲနဲ့ ဖျော်ဖြေပွဲများ ကျင်းပခြင်း” ကို နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ မြတ်လေးဖြူလမ်းသွယ်ရှိ မြန်မာနိုင်ငံဟာသအစည်းအရုံး(ဗဟို) မှာ ဒီဇင်ဘာလ (၂၅) ရက်ကစတင်ပြီး ဒီဇင်ဘာလ (၃၀) ရက်အထိ အလှူပွဲအခမ်အနားကြီး ကျင်းပသွားမှာဖြစ်ရာ ညပိုင်းမှာလည်း နိုင်ငံကျော်အနုပညာရှင် တို့က ဖျော်ဖြေတင်ဆက်မှုအစီအစဉ်တွေ ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။
ဒီဇင်ဘာလ၊ (၃၁)ရက် ည(၇) နာရီမှာတော့ အလှူရှင်၊ အလှူ့အမတို့နဲ့ခုနှစ်ရက်သားသမီးတို့က ဆရာတော်ကြီး များရဲ့ဓမ္မပူဇာတရားတော်များကို ခံယူကာ စုပေါင်းမေတ္တာပို့သတရားပွဲတော်ကိုလည်း ကျင်းပသွားမှာဖြစ်တာမို့ အလှူတော်တရားပွဲကို လာရောက်ကြဖို့လည်း ဖိတ်ကြားထားပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့နားခွင့်ပြုပါ။

Zawgyi Version:
ေခတ္သစ္ေရးတဲ့ ဒိန္း‌ေဒါင္ရဲ႕ ေမြးေန႔ေပ်ာ္႐ႊင္ပြဲ (၇)ရက္
အိျဖဴ (NP News) - ဒီဇင္ဘာ ၂၁

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ သက္ႀကီးဂီတပညာရွင္မ်ားအတြက္ ကန္ေတာ့ ပြဲက်င္းပ၊ “ေခတ္သစ္ေရးတဲ့ ဒိန္းေဒါင္ရဲ႕ေမြးေန႔ေပ်ာ္ပြဲ႐ႊင္ပြဲ (၇)ရက္” စတဲ့ အႏုပညာ ဆက္စပ္သတင္းေတြကို ေဖာ္ျပ ေပးသြားပါမယ္။
(၁၅) ႀကိမ္ေျမာက္ သက္ႀကီးဂီတပညာရွင္မ်ား ကန္ေတာ့ပြဲက်င္းပခဲ့
ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး(ဗဟို)ရဲ႕ “(၁၅) ႀကိမ္ေျမာက္ သက္ႀကီးဂီတပညာရွင္မ်ား ကန္ေတာ့ပြဲ အခမ္း အနား”ကို ဒီဇင္ဘာလ (၁၅) ရက္က ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိ Dolphin ခန္းမေဆာင္မွာ က်င္းပခဲ့ၾကပါတယ္။
သက္ႀကီး ဂီတပညာရွင္ေတြအတြက္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဇနီးေဒၚၾကဴၾကဴလွ မိသားစုက ေငြက်ပ္ သိန္း(၁၀ဝ) တိတိေပးအပ္လႉဒါန္းခဲ့ၿပီး ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးရဲတင့္၊ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕ဝင္ လူမႈေရးရာဝန္ႀကီးနဲ႔ အလႉရွင္ေတြက ကန္ေတာ့ခံ သက္ႀကီး ဂီတပညာရွင္တို႔အတြက္ အလႉေငြမ်ား အသီးသီးလႉဒါန္းခဲ့ၾကပါတယ္။
အဆိုပါအလႉေငြမ်ားကို ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးရဲတင့္က ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး (ဗဟို) ဥကၠ႒ထံ ေပးအပ္လႉဒါန္းခဲ့ပါတယ္။ (၁၅)ႀကိမ္ေျမာက္ သက္ႀကီးဂီတပညာရွင္မ်ားကန္ေတာ့ပြဲကို အသက္(၇၅) ႏွစ္အထက္ ဂီတပညာရွင္ စုစုေပါင္း (၁၅၆) ဦးရွိရာ ကန္ေတာ့ပြဲအခမ္းအနားကို စည္သူေဒၚတင္တင္ျမ၊ ေတးသံရွင္ ႏြဲ႕ယဥ္ဝင္၊ ေတးသံရွင္ ခ်ိဳၿပဳံးစတဲ့ သက္ႀကီးဝါႀကီး ဂီတပညာရွင္မ်ား (၃၆) ဦးသာ တက္ေရာက္ႏိုင္ခဲ့ၾကၿပီး က်န္ရွိသည့္ သက္ႀကီးဂီတပညာရွင္ေတြအတြက္ ဂီတအစည္းအ႐ုံးမွတာဝန္ရွိပုဂၢိဳလ္တို႔က အိမ္တိုင္ရာေရာက္ သြားေရာက္ကာ ကန္ေတာ့ခံပစၥည္းေတြနဲ႔ ဂါရဝျပဳ ဂုဏ္ျပဳေငြသားေတြ ေပးအပ္ကန္ေတာ့ခဲ့ၾကျခင္းျဖစ္ပါတယ္။
ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး(ဗဟို)က သက္ႀကီးဂီတပညာရွင္မ်ား ကန္ေတာ့ပြဲအခမ္းအနားကို ႏွစ္စဥ္က်င္းပ ခဲ့ရာ (၂၀၂၅) ခုႏွစ္မွာ (၁၅)ႀကိမ္ေျမာက္ ပြဲအခမ္းအနားကိုလည္း ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။

႐ုပ္ရွင္ဆိုင္ရာလုပ္ငန္းမ်ား လိုင္စင္ရယူဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာနအသိေပး
ျပန္ၾကားေရးဝန္ႀကီးဌာနက ႐ုပ္ရွင္ဆိုင္ရာလုပ္ငန္းေတြျဖစ္တဲ့ ႐ုပ္ရွင္သင္တန္းေက်ာင္းဖြင့္လွစ္ျခင္း၊ ႐ုပ္ရွင္ ႐ိုက္ကူးေရးသုံးပစၥည္းမ်ားငွားရမ္းျခင္း၊ ႐ုပ္ရွင္ထုတ္လုပ္ေရးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းလုပ္ ေဆာင္ျခင္း၊ ႐ုပ္ရွင္ စတူဒီယို တည္ေထာင္လုပ္ကိုင္ျခင္း၊ ႐ုပ္ရွင္ကား ႐ုပ္/အသံ ကူးေျပာင္းမႈနဲ႔ အထူးျပဳလုပ္ခ်က္မ်ားေဆာင္႐ြက္ျခင္း၊ အြန္လိုင္း႐ုပ္ရွင္႐ုံတည္ေထာင္ျခင္း၊ အက္ပလီေကးရွင္းမ်ား အသုံးျပဳၿပီး ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္း၊ အြန္လိုင္း ပလက္ေဖာင္းမ်ားအသုံးျပဳၿပီး ႐ုပ္ရွင္ဇာတ္ကားထုတ္လႊင့္ျပသျခင္း စတဲ့လုပ္ငန္းေတြအေနနဲ႔ လိုင္စင္ေတြရယူၿပီးမွ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမွာ (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာ(၁၇)ရက္ ဗုဒၶဟူးေန႔က ထည့္သြင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္ပါတယ္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ (၄၁၉) အရ (၂၀-၁၂-၂၀၂၄) ရက္က ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥပေဒအမွတ္ (၅၉/၂၀၂၄) နဲ႔ ႐ုပ္ရွင္ဥပေဒကို ျပင္ဆင္တဲ့ဥပေဒကို ျပ႒ာန္းခဲ့ၿပီး ျဖစ္ပါတယ္။
ထုတ္ျပန္ေၾကညာခ်က္အရ ျပန္ၾကားေရးဝန္ႀကီးဌာနအေနနဲ႔လည္း ႐ုပ္ရွင္ဥပေဒပုဒ္မ (၄၉) ပုဒ္မခြဲ(က)အရ အပ္ႏွင္းထားတဲ့လုပ္ပိုင္ခြင့္ေတြကိုက်င့္သုံးၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕သေဘာတူညီခ်က္နဲ႔ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ(၃) ရက္မွာ အမိန႔္ေၾကျငာစာအမွတ္ (၁၄၉/၂၀၂၅) နဲ႔ ႐ုပ္ရွင္နည္းဥပေဒမ်ားကို ျပင္ဆင္သည့္နည္းဥပေဒမ်ား ကို ထုတ္ျပန္ၿပီးလည္းျဖစ္ပါတယ္။
မူလ႐ုပ္ရွင္လုပ္ငန္းအမ်ိဳးအစား(၈)မ်ိဳးအျပင္ အခုထုတ္ျပန္လိုက္တဲ့႐ုပ္ရွင္ဆိုင္ရာလုပ္ငန္းေတြကိုလည္း ျပန္ ၾကားေရးႏွင့္ျပည့္သူ႔ဆက္ဆံေရးဦးစီးဌာနကို လုပ္ငန္းလိုင္စင္ေတြ ေလွ်ာက္ထားရယူၿပီးမွ ေဆာင္႐ြက္ရမွာျဖစ္တယ္လို႔ အသိေပးထားပါတယ္။
ဒါ့အျပင္ ႐ုပ္ရွင္႐ုံလိုင္စင္အသစ္ေလွ်ာက္ထားျခင္း၊ သက္တမ္းတိုးျမႇင့္ျခင္းေတြကိုလည္း သက္ဆိုင္ရာ ျပည္ ေထာင္စု နယ္ေျမ(ေနျပည္ေတာ္)၊ တိုင္းေဒသႀကီး/ျပည္နယ္ ျပန္ၾကားေရး နဲ႔ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနေတြကို ေလွ်ာက္ထားရမွာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း အေသးစိတ္အခ်က္အလက္မ်ားကိုေဖာ္ျပထားပါတယ္။

(၇)ရက္တိုင္တိုင္ က်င္းပမယ့္ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ ဒိန္းေဒါင္ရဲ႕ ေမြးေန႔အလႉ
ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ဥကၠ႒ ႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ဒိန္းေဒါင္က အသက္(၅၂) ႏွစ္ျပည့္ေမြးေန႔အထိမ္းအမွတ္အျဖစ္ ရဟန္းခံရွင္ျပဳအလႉေတာ္မဂၤလာပြဲအခမ္းအနားကို ခုနစ္ရက္တိုင္တိုင္ က်င္းပျပဳ လုပ္သြားမွာျဖစ္ပါတယ္။
ဆိုရွယ္လူမႈကြန္ရက္တစ္ခြင္မွာေတာ့ ျပည္ေျပးမီဒီယာတစ္ခုရဲ႕ေရးသားခ်က္အရ ဒိန္းေဒါင္က ေမြးေန႔ပြဲကို ခုနစ္ရက္တိတိက်င္းပမယ့္အျပင္ ၎အတြက္ တည္ဆဲအစိုးရက လုံၿခဳံေရးသီးသန႔္ယူေပးမႈေတြ ရွိေၾကာင္းပါ ေရးသား ေဖာ္ျပခဲ့ပါတယ္။ တကယ္တမ္း ေမြးေန႔ပြဲက်င္းပမယ့္ရက္က ခုနစ္ရက္ဆိုတာ မွန္ကန္ေပမယ့္ ၎ရဲ႕ေမြးေန႔ ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုအတြက္မဟုတ္ဘဲ ေထရဝါရဗုဒၶဘာသာဝင္တို႔ရဲ႕ဓေလ့ထုံးတမ္း အစဥ္အလာအရ ခင္ပြန္းႀကီးဆယ္ပါး ဦးထိပ္ထားလ်က္ အနေႏၲာ အနႏၲငါးပါးနဲ႔ မိခင္ႀကီး ‌ေဒၚတင္ေထြးကို အမႉးထားၿပီး ရဟန္းတကာ၊ ရဟန္းအမ ခံယူကာ ရဟန္းခံ၊ရွင္ျပဳ၊ နားသအလႉေတာ္မဂၤလာ တရားပြဲအခမ္းအနားႀကီးကို က်င္းပကာ ခုနစ္ရက္တိုင္တိုင္ အလႉျပဳမွာ ျဖစ္ပါတယ္။
‘(၂၅) ရက္ကေန (၃၁) ရက္အထိ က်င္းပမယ့္ (၅၂) ႏွစ္ျပည့္ ေမြးေန႔အလႉေတာ္မဂၤလာမွာ (၇)ရက္ သားသမီး မ်ားအားလုံးကို ထပ္တူ ကုသိုလ္ေပးပါတယ္။ တရားပြဲ၊ ရဟန္းခံရွင္ျပဳ၊ နားသအလႉေတာ္မဂၤလာပြဲေတြလည္းပါတယ္။ ေဖ်ာ္ေျဖပြဲေတြလည္း ပါဝင္ပါတယ္။ အားလုံးကိုလည္း ဖိတ္ၾကားအပ္ပါတယ္’’လို႔ ႐ုပ္ရွင္ႏွင့္ဗီဒီယိုသ႐ုပ္ေဆာင္ ဒိန္းေဒါင္က NP News က တစ္ဆင့္ (၇)ရက္သားသမီးအားလုံး အလႉပြဲအခမ္းအနားကို လာေရာက္ၾကဖို႔ ဖိတ္ၾကားခဲ့ ျခင္းျဖစ္ပါတယ္။
ဥကၠ႒ ဒိန္းေဒါင္ရဲ႕ေမြးေန႔ရက္ျမတ္က ဒီဇင္ဘာလ (၂၉) ရက္မွာ က်ေရာက္မွာျဖစ္ၿပီး ၎ရဲ႕ေမြးေန႔အလႉအျဖစ္ “ရဟန္းခံ ရွင္ျပဳ၊ နားသ၊ အလႉေတာ္မဂၤလာ တရားပြဲနဲ႔ ေဖ်ာ္ေျဖပြဲမ်ား က်င္းပျခင္း” ကို ေနျပည္ေတာ္၊ ဒကၡိဏ သီရိၿမိဳ႕နယ္၊ ျမတ္ေလးျဖဴလမ္းသြယ္ရွိ ျမန္မာႏိုင္ငံဟာသအစည္းအ႐ုံး(ဗဟို) မွာ ဒီဇင္ဘာလ (၂၅) ရက္ကစတင္ၿပီး ဒီဇင္ဘာလ (၃၀) ရက္အထိ အလႉပြဲအခမ္အနားႀကီး က်င္းပသြားမွာျဖစ္ရာ ညပိုင္းမွာလည္း ႏိုင္ငံေက်ာ္အႏုပညာရွင္ တို႔က ေဖ်ာ္ေျဖတင္ဆက္မႈအစီအစဥ္ေတြ ထည့္သြင္းထားတယ္လို႔ သိရွိရပါတယ္။
ဒီဇင္ဘာလ၊ (၃၁)ရက္ ည(၇) နာရီမွာေတာ့ အလႉရွင္၊ အလႉ႔အမတို႔နဲ႔ခုႏွစ္ရက္သားသမီးတို႔က ဆရာေတာ္ႀကီး မ်ားရဲ႕ဓမၼပူဇာတရားေတာ္မ်ားကို ခံယူကာ စုေပါင္းေမတၱာပို႔သတရားပြဲေတာ္ကိုလည္း က်င္းပသြားမွာျဖစ္တာမို႔ အလႉေတာ္တရားပြဲကို လာေရာက္ၾကဖို႔လည္း ဖိတ္ၾကားထားပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.