ရှမ်းနီပြဿနာကြောင့် မြစ်ကြီးနားမှ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ၏ ဇနီးဖြစ်သူကို KIA ကဖမ်းဆီး
1001
သန့်ဇင်(NP News)-ဒီဇင်ဘာ ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရှမ်းနီပြဿနာကြောင့် ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ၏ ဇနီးဖြစ်သူကို KIA ကဖမ်းဆီးသွားကြောင်း ဒေသခံကချင်အမျိုးသားတစ်ဦးက NP News ကိုပြောသည်။
အမျိုးသမီးသည် ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ စိုင်းအောင်မျိုး၏ ဇနီးဖြစ်သူဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၃၁ရက်၊ နံနက်ပိုင်းက မြစ်ကြီးနား မြို့၊ ရမ်ပူရပ်ကွက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“မြစ်ကြီးနားမှာဖြစ်တာ။ ရှမ်းနီပြဿနာနဲ့ဖမ်းတယ်လို့သိရတယ်။ အတင်းဖမ်းသွားတာပေါ့။ ဘယ်သူတွေက လမ်းညွှန်လည်းမသိဘူး။ လက်နက်တွေနဲ့ Land Cruiser လာဖမ်းသွားတာ။ ရမ်ပူရပ်ကွက်ဆိုတာ မပခနဲ့ နီးနီးလေး။ အဲဒါကြီးကို ဒီလိုကြီးဝင်ခေါ်သွားတာ ဆိုတော့”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးသည် ယခင်က ပညာရေးဝန်ထမ်းတစ်ဦး ၂၀၂၉ ခုနှစ်မှစတင်ကာ အနားယူခဲ့ပြီးနောက် အထည်ဆိုဖွင်ကာ သား၊ သမီး (၂)ဦးနှင့်အတူ နေထိုင်သူဖြစ်ကြောင်းသိရသည်။
၎င်း၏ အမျိုးသားဖြစ်သူ ဦးစိုင်းအောင်မျိုးသည်လည်း မြစ်ကြီးနားမြို့ရှမ်းနီစာ/ယာဉ်အရေးများအား ဆောင်ရွက်နေသူဖြစ်ပြီး တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ရဲ့ ပါတီဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ရှမ်းနီပြဿနာကြောင့် မြစ်ကြီးနားမှ ရှမ်းနီအရေးတတ်ကြွလှုပ်ရှားသူ၏ ဇနီးဖြစ်သူကို KIA ကဖမ်းဆီး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရှမ်းနီပြဿနာကြောင့် ရှမ်းနီအရေးတတ်ကြွလှုပ်ရှားသူ၏ ဇနီးဖြစ်သူကို KIA ကဖမ်းဆီးသွားကြောင်း ဒေသခံကချင်အမျိုးသားတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အမျိုးသမီးသည် ယခင်က ပညာရေးဝန်ထမ်းတစ်ဦး ၂၀၂၉ ခုနှစ်မှစတင်ကာ အနားယူခဲ့ပြီးနောက် အထည်ဆိုဖွင်ကာ သား၊ သမီး (၂၀ ဦးနှင့်အတူ နေထိုင်သူဖြစ်ကြောင်းသိရသည်။
၎င်း၏ အမျိုးသားဖြစ်သူ ဦးစိုင်းအောင်မျိုးသည်လည်း မြစ်ကြီးနားမြို့ရှမ်းနီစာယာဉ်အရေးမျးအား ဆောင်ရွက်နေသူဖြစ်ပြီး တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ရဲ့ ပါတီဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။