KIA ၏ စည်းကမ်းမဲ့ရွှေတူးဖော်ခြင်းကြောင့် မြန်မာ့အမွေအနှစ် အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကို ပြန်လည်ထိန်းသိမ်းပေးရန် ဒေသခံများဆန္ဒရှိ

174

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၄
KIA ၏စည်းကမ်းမဲ့ရွှေတူးဖော်ခြင်း ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခဲ့သည့် မြန်မာ့ အမွေအနှစ် အင်းတော်ကြီးဒေသကို ပြန်လည်ထိန်း သိမ်းစေလိုကြောင်း ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၀)ပြည့်နှစ်က စတင်ကာ အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးဖော်မှုများ တဖြည်းဖြည်းများပြားလာခဲ့ခြင်းဖြစ်ပြီး KIA ခွင့်ပြုချက်ဖြင့် စည်းကမ်းမဲ့ရွှေတူးဖော်ခြင်းများကို ယင်းဒေသရှိ မမုံကိုင်၊ မိုင်းနောင် ကျေးရွာပတ်ဝန်း ကျင်များတွင် အများစုလုပ်ကိုင်ခဲ့ကြောင်း သိရသည်။
" အဲဒါကကြာပြီ။ ဘက်ဟိုးအစီးရာနဲ့ချီလုပ် တာ။ အင်းတော်ကြီးက မမုံကိုင်ဆိုတာ တကယ့်နာ မည်ကြီးပဲ။ ရွှေကပိုးစိုးပတ်စက်ကျတာ။ ဒါပေမဲ့ ကျင်းတစ်ကျင်းကိုလည်း သိန်းထောင်ချီပြီးပေးရတယ်။ အရင်က KIA ကိုင်တာ"ဟု ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။
အထက်ပါဒေသကို KIA ဦးစီးကာ ရွှေတူးဖော်မှုများလုပ်ကိုင်စဉ်က ကျေးရွာများ၊ လယ်ယာမြေများနှင့် တောတောင်များပါမချန် တူးဖော်ခဲ့ပြီး နေ့စဉ်ရွှေပိဿာချီ ထွက်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အင်းတော်ကြီးဒေသကို SNA ပြန်လည်ထိန်းချုပ်ထားပြီး KIA ဦးစီးလုပ် ကိုင်ခဲ့သည့် ရွှေလုပ်ကွက်များကိုလည်း လက်ဆင့် ကမ်း လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် (၆)နှစ်အတိုင်းအတာအထိ စည်းကမ်းမဲ့ရွှေတူးဖော်ခြင်းများကြောင့် သဘာဝပတ် ဝန်းကျင်ပျက်စီးခဲ့ရသည့် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် အင်းတော်ကြီးဒေသကို ပြန်လည်ကုစားထိန်းသိမ်း စေလိုကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။
" အရမ်းကို နှမြောစရာကောင်းပါတယ် အဲဒီ အင်းတော်ကြီးဒေသက။ ဒါပေမဲ့ ဒီအချိန်မှာတော့ ဘယ်သူမှထိန်းသိမ်းမှာမဟုတ်ဘူး။ ရွှေတွေ အဲဒီလောက်ထွက်နေတော့။ လူတွေလောဘကတော့ ဘာမှဂရုစိုက်တာမဟုတ်ဘူး။ ဒါပေမဲ့ မလုပ် ကြရင် တော့ကောင်းတာပေါ့။ KIA လုပ်တုန်းက ဘာမှမပြော ပဲနဲ့ SNA ကျမှဆိုရင်လည်း မမျှတဘူးပေါ့။ သူတို့ လည်းလုပ်စားချင်မှာပဲ။ ဘာညာအကုန်ကုန်ကျ နေတာကိုး။ မလုပ်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အကုန်လုံးက ဒီအချိန်မှာ ဂရုစိုက်ကြတာမဟုတ်တော့ ဘယ်တတ်နိုင်မလဲ။ ကမ္ဘာ့အမွေအနှစ်နေရာဆိုတော့ သဘာဝပတ်ဝန်းကျင်ပြန်ထိန်းသိမ်းစေချင်တယ်" ဟု ၎င်းကပြောသည်။
အဆိုပါ အင်းတော်ကြီးဒေသတွင် ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်၊ ဇွန်လကပင် တရားမဝင် ရွှေတူးဖော်မှုလုပ်ကွက်ပေါင်း (၇၀)ကျော်ရှိခဲ့ပြီး ဘက်ဖိုး အစီးရေ(၃၀ဝ)ကျော်ဖြင့် နေ့ညမပြတ် စည်းကမ်းမဲ့ တူးဖော်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ရှင်ဗွေ ယန်မြို့ နယ်ခွဲ၊ မိုးညှင်း စသည့်မြို့နယ်များတွင်လည်း ရွှေလုပ်ကွက်များ စွာရှိနေပြီး မေခ၊ မလိခနှင့် ဧရာဝတီမြစ်များ အတွင်း၌လည်း KIA ခွင့်ပြုချက်ဖြင့် တရားမဝင် ရွှေမျောဖောင်များစွာ ရှိနေကြောင်း သိရသည်။

Zawgyi Version:
KIA ၏ စည္းကမ္းမဲ့ေ႐ႊတူးေဖာ္ျခင္းေၾကာင့္ ျမန္မာ့အေမြအႏွစ္ အင္းေတာ္ႀကီးေဒသ
သဘာဝပတ္ဝန္းက်င္ပ်က္စီးျခင္းကို ျပန္လည္ထိန္းသိမ္းေပးရန္ ေဒသခံမ်ားဆႏၵရွိ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၄
KIA ၏စည္းကမ္းမဲ့ေ႐ႊတူးေဖာ္ျခင္း ေၾကာင့္ သဘာဝပတ္ဝန္းက်င္ပ်က္စီးခဲ့သည့္ ျမန္မာ့ အေမြအႏွစ္ အင္းေတာ္ႀကီးေဒသကို ျပန္လည္ထိန္း သိမ္းေစလိုေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၀)ျပည့္ႏွစ္က စတင္ကာ အင္းေတာ္ႀကီးေဒသတြင္ တရားမဝင္ေ႐ႊတူးေဖာ္မႈမ်ား တျဖည္းျဖည္းမ်ားျပားလာခဲ့ျခင္းျဖစ္ၿပီး KIA ခြင့္ျပဳခ်က္ျဖင့္ စည္းကမ္းမဲ့ေ႐ႊတူးေဖာ္ျခင္းမ်ားကို ယင္းေဒသရွိ မမုံကိုင္၊ မိုင္းေနာင္ ေက်း႐ြာပတ္ဝန္း က်င္မ်ားတြင္ အမ်ားစုလုပ္ကိုင္ခဲ့ေၾကာင္း သိရသည္။
" အဲဒါကၾကာၿပီ။ ဘက္ဟိုးအစီးရာနဲ႔ခ်ီလုပ္ တာ။ အင္းေတာ္ႀကီးက မမုံကိုင္ဆိုတာ တကယ့္နာ မည္ႀကီးပဲ။ ေ႐ႊကပိုးစိုးပတ္စက္က်တာ။ ဒါေပမဲ့ က်င္းတစ္က်င္းကိုလည္း သိန္းေထာင္ခ်ီၿပီးေပးရတယ္။ အရင္က KIA ကိုင္တာ"ဟု ေဒသခံအမ်ိဳးသား တစ္ဦးက ဆိုသည္။
အထက္ပါေဒသကို KIA ဦးစီးကာ ေ႐ႊတူးေဖာ္မႈမ်ားလုပ္ကိုင္စဥ္က ေက်း႐ြာမ်ား၊ လယ္ယာေျမမ်ားႏွင့္ ေတာေတာင္မ်ားပါမခ်န္ တူးေဖာ္ခဲ့ၿပီး ေန႔စဥ္ေ႐ႊပိႆာခ်ီ ထြက္ရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အင္းေတာ္ႀကီးေဒသကို SNA ျပန္လည္ထိန္းခ်ဳပ္ထားၿပီး KIA ဦးစီးလုပ္ ကိုင္ခဲ့သည့္ ေ႐ႊလုပ္ကြက္မ်ားကိုလည္း လက္ဆင့္ ကမ္း လုပ္ကိုင္ေနလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ (၆)ႏွစ္အတိုင္းအတာအထိ စည္းကမ္းမဲ့ေ႐ႊတူးေဖာ္ျခင္းမ်ားေၾကာင့္ သဘာဝပတ္ ဝန္းက်င္ပ်က္စီးခဲ့ရသည့္ ကမာၻ႔အေမြ အႏွစ္စာရင္းဝင္ အင္းေတာ္ႀကီးေဒသကို ျပန္လည္ကုစားထိန္းသိမ္း ေစလိုေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။
" အရမ္းကို ႏွေျမာစရာေကာင္းပါတယ္ အဲဒီ အင္းေတာ္ႀကီးေဒသက။ ဒါေပမဲ့ ဒီအခ်ိန္မွာေတာ့ ဘယ္သူမွထိန္းသိမ္းမွာမဟုတ္ဘူး။ ေ႐ႊေတြ အဲဒီေလာက္ထြက္ေနေတာ့။ လူေတြေလာဘကေတာ့ ဘာမွဂ႐ုစိုက္တာမဟုတ္ဘူး။ ဒါေပမဲ့ မလုပ္ ၾကရင္ ေတာ့ေကာင္းတာေပါ့။ KIA လုပ္တုန္းက ဘာမွမေျပာ ပဲနဲ႔ SNA က်မွဆိုရင္လည္း မမွ်တဘူးေပါ့။ သူတို႔ လည္းလုပ္စားခ်င္မွာပဲ။ ဘာညာအကုန္ကုန္က် ေနတာကိုး။ မလုပ္ရင္ေတာ့ ေကာင္းတာေပါ့။ ဒါေပမဲ့ အကုန္လုံးက ဒီအခ်ိန္မွာ ဂ႐ုစိုက္ၾကတာမဟုတ္ေတာ့ ဘယ္တတ္ႏိုင္မလဲ။ ကမာၻ႔အေမြအႏွစ္ေနရာဆိုေတာ့ သဘာဝပတ္ဝန္းက်င္ျပန္ထိန္းသိမ္းေစခ်င္တယ္" ဟု ၎ကေျပာသည္။
အဆိုပါ အင္းေတာ္ႀကီးေဒသတြင္ ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္၊ ဇြန္လကပင္ တရားမဝင္ ေ႐ႊတူးေဖာ္မႈလုပ္ကြက္ေပါင္း (၇၀)ေက်ာ္ရွိခဲ့ၿပီး ဘက္ဖိုး အစီးေရ(၃၀ဝ)ေက်ာ္ျဖင့္ ေန႔ညမျပတ္ စည္းကမ္းမဲ့ တူးေဖာ္ခဲ့ေၾကာင္း သိရသည္။
ကခ်င္ျပည္နယ္ရွိ ပူတာအို၊ မခ်မ္းေဘာ၊ ဆြမ္ပရာဘြမ္၊ တႏိုင္း၊ ရွင္ေဗြ ယန္ၿမိဳ႕ နယ္ခြဲ၊ မိုးညႇင္း စသည့္ၿမိဳ႕နယ္မ်ားတြင္လည္း ေ႐ႊလုပ္ကြက္မ်ား စြာရွိေနၿပီး ေမခ၊ မလိခႏွင့္ ဧရာဝတီျမစ္မ်ား အတြင္း၌လည္း KIA ခြင့္ျပဳခ်က္ျဖင့္ တရားမဝင္ ေ႐ႊေမ်ာေဖာင္မ်ားစြာ ရွိေနေၾကာင္း သိရသည္။