မုံရွာမြို့အတွင်း ပြန်ပေးဆွဲရန် ဝင်ရောက်လာသော အကြမ်းဖက်သမားများကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

515

Pearl (NP News) - ဖေဖော်ဝါရီ ၄
မုံရွာမြို့အတွင်း ပြန်ပေးဆွဲရန် ဝင်ရောက်လာသော အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်)၊ နံနက် ၀၉ နာရီ ၁ဝ မိနစ် အချိန်ခန့်တွင် မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ပိတ်ဆို့စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် Mark II ခဲရောင်ယာဉ်အမှတ် MDY-12/ 2D-7117 မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အစစ်ဆေးမခံဘဲ မောင်းပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းမော်တော်ယာဉ်သည် သာစည်လမ်း၊ ပညာရေးဒီဂရီကောလိပ်အနီးအရောက်တွင် ယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ လက်ပစ်ဗုံးတို့ဖြင့်ပစ်ခတ်၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းယာဉ်သည် ချမ်းမြသာစည်ရပ်ကွက်၊ မီးပွိုင့်အနီးသို့အရောက် ယာဉ်အား ရပ်တန့်၍ ယာဉ်ပေါ်မှ PDF အကြမ်းဖက်သမားအချို့သည် ဆင်းပြေသွားကြောင်း သိရသည်။
ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်၌ PDF အကြမ်းဖက်တစ်ဦး သေဆုံလျက် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ PDF မုံရွာခရိုင်တပ်ရင်း ၂၇ အမှတ်တံဆိပ်တစ်ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၄ တောင့်၊ ဖုန်း ၂ လုံး၊ သေဆုံး PDF ၏ မှတ်ပုံတင်တစ်ခု သိမ်းဆည်းရမိခဲ့ပါသည်။
စိစစ်ချက်အရ ၎င်း PDF သည် ကချင်ပြည်နယ်၊ ဆင်ဘိုဒေသမှ မုံရွာမြို့သို့ ဝင်ရောက်တိမ်းရှောင်ပြီး ဒေသခံ PDF များအား ဦးဆောင်၍ ဒုစရိုက်လုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်ပြီး ၎င်းတို့အဖွဲ့အတွင်း မကျေနပ်သူ ပြည်သူအချို့၏ လျှို့ဝှက်သတင်းပေးမှုကြောင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက် PDF တို့ စီးနင်းလာသည့် ယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် သုံးဘီးဆိုက်တွဲပေါ်မှ ဦးကျော်ဆန်း (၆၇) နှစ်၊ ၊ ဒေါ်ခင်စန်းဝင်း (၅၃) နှစ် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သဖြင့် မုံရွာမြို့၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ၁၁၁၅ အချိန်ရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက် ၁ဝ နာရီခန့်က မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ပြည်ထောင်စုလမ်းပေါ်တွင် မြောက်မှတောင်သို့ အမျိုးသမီး ၂ ဦးသည် ဆိုင်ကယ်စီးလာစဉ် ၎င်းတို့လက်ဆွဲအိတ်အား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် KENBO 125 နီနက်ကြား ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသွားကြောင်း သတင်းရ၍ မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးရာ သန္တာလမ်းသွယ် အရောက် လုယူထွက်ပြေး သူများနှင့် ပုံစံတူစုံတွဲအား တွေ့ရှိသဖြင့် ရပ်တန့်ပြီး ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ ငွေကျပ် ၂၀၃၀၀၀၀ ကျပ်အား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ လုယက်တရားခံများဖြစ်သော ချစ်ဝိုင်း၊ ၂၅ နှစ်နှင့် ၎င်း၏ ဇနီး ကြူကြူဝင်း (ခ) မိပေါက်တို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။
စစ်မေးဖော်ထုတ်ချက်အရ ၎င်းပိုက်ဆံများသည် ပြည်ထောင်စုလမ်းမပေါ်တွင် အမျိုးသမီး ၂ ဦးထံမှ လုယူလာသော ငွေများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး လက်ရှိတွင် ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Zawgyi Version:
မုံ႐ြာၿမိဳ႕အတြင္း ျပန္ေပးဆြဲရန္ ဝင္ေရာက္လာေသာ အၾကမ္းဖက္သမားမ်ားကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ အေသဖမ္းဆီးရမိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၄
မုံ႐ြာၿမိဳ႕အတြင္း ျပန္ေပးဆြဲရန္ ဝင္ေရာက္လာေသာ အၾကမ္းဖက္သမားမ်ားအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ အေသဖမ္းဆီးရမိခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၃ ရက္)၊ နံနက္ ၀၉ နာရီ ၁ဝ မိနစ္ အခ်ိန္ခန႔္တြင္ ၿမိဳ႕အတြင္း လွည့္ကင္းေဆာင္႐ြက္ေနေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ ပိတ္ဆို႔ေစာင့္ဆိုင္းေနစဥ္ မသကၤာဖြယ္ Mark II ခဲေရာင္ယာဥ္အမွတ္ MDY-12/ 2D-7117 ေမာ္ေတာ္ယာဥ္အား စစ္ေဆးရန္ ရပ္တန႔္ေစခဲ့ရာ အစစ္ေဆးမခံဘဲ ေမာင္းေျပးသည့္အတြက္ လိုက္လံဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
၎ေမာ္ေတာ္ယာဥ္သည္ သာစည္လမ္း၊ ပညာေရးဒီဂရီေကာလိပ္အနီးအေရာက္တြင္ ယာဥ္ေပၚမွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ငယ္၊ လက္ပစ္ဗုံးတို႔ျဖင့္ပစ္ခတ္၍ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ၎ယာဥ္သည္ ခ်မ္းျမသာစည္ရပ္ကြက္၊ မီးပြိဳင့္အနီးသို႔အေရာက္ ယာဥ္အား ရပ္တန႔္၍ ယာဥ္ေပၚမွ PDF အၾကမ္းဖက္သမားအခ်ိဳ႕သည္ ဆင္းေျပသြားေၾကာင္း သိရသည္။
ယာဥ္အားစစ္ေဆးရာ ယာဥ္ေပၚ၌ PDF အၾကမ္းဖက္တစ္ဦး ေသဆုံလ်က္ ဖမ္းဆီးရမိခဲ့ၿပီး ၎ႏွင့္အတူ PDF မုံ႐ြာခ႐ိုင္တပ္ရင္း ၂၇ အမွတ္တံဆိပ္တစ္ခု၊ လက္ပစ္ဗုံး ၁ လုံး၊ က်ည္ ၄ ေတာင့္၊ ဖုန္း ၂ လုံး၊ ေသဆုံး PDF ၏ မွတ္ပုံတင္တစ္ခု သိမ္းဆည္းရမိခဲ့ပါသည္။
စိစစ္ခ်က္အရ ၎ PDF သည္ ကခ်င္ျပည္နယ္၊ ဆင္ဘိုေဒသမွ မုံ႐ြာၿမိဳ႕သို႔ ဝင္ေရာက္တိမ္းေရွာင္ၿပီး ေဒသခံ PDF မ်ားအား ဦးေဆာင္၍ ဒုစ႐ိုက္လုပ္ငန္းမ်ား ေဆာင္႐ြက္ေနသူျဖစ္ၿပီး ၎တို႔အဖြဲ႕အတြင္း မေက်နပ္သူ ျပည္သူအခ်ိဳ႕၏ လွ်ိဳ႕ဝွက္သတင္းေပးမႈေၾကာင့္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ အၾကမ္းဖက္ PDF တို႔ စီးနင္းလာသည့္ ယာဥ္ျဖင့္ ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ သုံးဘီးဆိုက္တြဲေပၚမွ ဦးေက်ာ္ဆန္း (၆၇) ႏွစ္၊ ၊ ေဒၚခင္စန္းဝင္း (၅၃) ႏွစ္ မစိုးရိမ္ရ ဒဏ္ရာ ရရွိခဲ့သျဖင့္ မုံ႐ြာၿမိဳ႕၊ ခုတင္ ၅၀၀ ဆံ့ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ၁၁၁၅ အခ်ိန္ေရာက္ရွိကာ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ယေန႔ ေဖေဖာ္ဝါရီလ ၄ ရက္ မနက္ ၁ဝ နာရီခန႔္က မုံ႐ြာၿမိဳ႕၊ ေဒါနၿခံရပ္ကြက္၊ ျပည္ေထာင္စုလမ္းေပၚတြင္ ေျမာက္မွေတာင္သို႔ အမ်ိဳးသမီး ၂ ဦးသည္ ဆိုင္ကယ္စီးလာစဥ္ ၎တို႔လက္ဆြဲအိတ္အား အမ်ိဳးသား ၁ ဦး၊ အမ်ိဳးသမီး ၁ ဦးတို႔သည္ KENBO 125 နီနက္ၾကား ဆိုင္ကယ္ျဖင့္ လုယူထြက္ေျပးသြားေၾကာင္း သတင္းရ၍ ၿမိဳ႕အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနေသာ ပူးေပါင္းလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားျဖင့္ ပိတ္ဆို႔ရွာေဖြစစ္ေဆးရာ သႏၲာလမ္းသြယ္ အေရာက္ လုယူထြက္ေျပး သူမ်ားႏွင့္ ပုံစံတူစုံတြဲအား ေတြ႕ရွိသျဖင့္ ရပ္တန႔္ၿပီး ရွာေဖြစစ္ေဆးခဲ့ရာ ၎တို႔ထံမွ ေငြက်ပ္ ၂၀၃၀၀၀၀ က်ပ္အား ေတြ႕ရွိသျဖင့္ စစ္ေဆးေမးျမန္းရာ လုယက္တရားခံမ်ားျဖစ္ေသာ ခ်စ္ဝိုင္း၊ ၂၅ ႏွစ္ႏွင့္ ၎၏ ဇနီး ၾကဴၾကဴဝင္း (ခ) မိေပါက္တို႔ႏွစ္ဦးအား ဖမ္းဆီးရမိခဲ့ပါသည္။
စစ္ေမးေဖာ္ထုတ္ခ်က္အရ ၎ပိုက္ဆံမ်ားသည္ ျပည္ေထာင္စုလမ္းမေပၚတြင္ အမ်ိဳးသမီး ၂ ဦးထံမွ လုယူလာေသာ ေငြမ်ားျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ၿပီး လက္ရွိတြင္ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။