ဘုရားသုံးဆူဒေသမှ နေရာ(၅) နေရာခန့်တွင် အွန်လိုင်းလိမ်လည်သည့် လုပ်ငန်း (၂၃) ခုအထိရှိနေဟုဆို

 585

သန့်ဇင် (NP News) - ဇန်နဝါရီ ၁
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ရှိ နေရာ(၅)နေရာတွင် အွန်လိုင်း လိမ်လည်သည့် လုပ်ငန်း (၂၃) ခုအထိရှိနေကြောင်း သိရှိသူတစ်ဦးက NP News သို့ ပြောသည်။ ပြီးခဲ့သည့်ကာလကပင် ဘုရားသုံးဆူမြို့သို့ အွန်လိုင်းငွေလိမ်လုပ်ငန်းများ တစ်စတစ်စပြောင်း ရွှေ့လာနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး နောက် လက်ရှိတွင် ဘုရားသုံးဆူမြို့နယ်တွင်းရှိ ကျိန်းချောင်ကျေးရွာ၊ လေးဝဖလိုကျေးရွာ၊ ထီ့ လောင်ယှူးရေတံခွန်၊ A1 ရေတံခွန် အပန်းဖြေစခန်း နှင့် ရွာသစ်ကျေးရွာသဘာဝရေကူးကန်တို့တွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ကာ ယင်း လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း သိရသည်။
" နေရာ (၅)ခုမှာ စုစုပေါင်းကျွန်တော်အဲဒီကနေမလာခင်အထိကို အွန်လိုင်းငွေလိမ်ဆိုက် ပေါင်း (၂၃)ဆိုက်ရှိတယ်။ သူတို့က Sector အလိုက် ကြီးဗျ။ အဲဒီမှာအကုန်လုံးကပေါင်းစားနေသလိုဖြစ် နေတာ။ ဘုရားသုံးဆူမြို့မှာက K တို့၊ Happy Water တို့နဲ့ မူးယစ်ဆေးမြို့တော်ကြီးကိုဖြစ်နေတာ။ အဲဒီမြို့မှာ လူငယ်တွေအားလုံးကအလုပ်မလုပ်ကြဘူး။ (၁၀)လပိုင်းတုန်းကဆိုရင် လူဦးရေ(၄၀ဝဝ) ဝန်းကျင်လောက်ပေါ့နော်။ ဘုရားသုံးဆူကိုပြောင်းလာ တာရှိတယ်။ ဥရောပသားတွေကနည်းတယ်။ အတန်းအစားအမျိုးမျိုးရှိတယ်"ဟု အထက်ပါသ တင်းရင်းမြစ်က ပြောသည်။ ထို့ပြင် မြန်မာ-ထိုင်းနယ် စပ်ခြံစည်းရိုးအနီး ရပ်ကွက်(၄)၊ ရက်ကွက်(၃)တို့တွင်လည်း ကာစီနို၊ လောင်းကစားလုပ်ငန်းနှင့်ယှက် နွှယ်ပေါင်းကူးလုပ်ကိုင်နေသော အွန်လိုင်းငွေလိမ် လုပ်ငန်းများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအတွင်း တရုတ် လူမျိုးမှာ (၈၀) ရာခိုင်နှုန်းနှင့် အခြားသောနိုင်ငံခြားသား (၂၀) ရာခိုင်နှုန်းလည်းပါဝင်လုပ်ကိုင်နေကြောင်း ၎င်းကဆိုသည်။
" တရုတ်ကအများဆုံးပဲ။ (၁၃/)ပိုများတယ်။ ကိုးကန့်များတယ်။ နောက်ပြီး တရုတ်ဆိုရင် ကွမ်းတုံမျိုးတွေလည်းများတယ်။ ပြည်မကြီးစကားပြောတဲ့ တရုတ်နည်းတယ်။ တရုတ် က (၈၀)ရာခိုင်နှုန်းနဲ့ တခြားနိုင်ငံသားက (၂၀) ရာခိုင်နှုန်းပေါ့။ နောက်ပြီး မြန်မာက ထမင်းချက်၊ တံမြက်စည်းလှဲပေါ့"ဟု ၎င်းကဆိုသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများဝင်ရောက်လာသည့် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် နိုဝင်ဘာလကပင် မြို့တွင်းရောင်းရန် အလွန် ခက်ခဲသည့် အိမ်ခြံမြေများကို တရုတ်လူမျိုးများက တစ်လလျှင် အနည်းဆုံး ထိုင်းဘတ်(၃၀ဝဝ)နှင့် အထက် ငှားရမ်းခြင်းများရှိခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင်မူ ပြောင်းရွှေ့လာ သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် အမျိုးမျိုး သောလူများ၏ပြောင်းရွှေ့လာမှုကြောင့် မြို့တွင်း အိမ်ငှား၊ အိမ်ဝယ်ဈေးများလည်း မြင့်တက်လာပြီး တစ်လလျှင် ထိုင်းဘတ်(၁၀ဝဝဝ)အထိပင် ပေါက် ဈေးရှိနေကြောင်း သိရသည်။]]မြို့နေပြည်သူအဓိက ရင်ဆိုင်ရတာ ဘာလဲမေးရင် မြို့ကပျက်စီးတာပဲ။ မြို့ရဲ့စနစ်တွေ အကုန်ပျက်စီးတာ။ အရင်တုန်းက အိမ်ငှားခက ဘတ်(၅၀ဝ)နဲ့ငှားတဲ့အိမ်က အခုဆိုရင် ဘတ် (၁၀ဝဝဝ) လောက်ဖြစ်သွားပြီ။ အိမ်ငှားတာတင် မြန်မာငွေကျပ် (၁၅)သိန်းဝန်းကျင်ဖြစ်သွားပြီ။ နောက်ပြီး သေနတ်ပါတဲ့လူမှန်သမျှအကုန်ကြောက်ရတယ်။ ဘယ်အဖွဲ့အစည်းမှန်းလဲမသိဘူး"ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဘုရားသုံးဆူမြို့နယ်အတွင်း ကာစီနိုလုပ်ငန်းများလည်းများစွာတည်ဆောက်လည်ပတ် နေပြီး ပြည်ပနိုင်ငံသူ ပြည့်တန်ဆာများလည်းရှိနေ ကြောင်း သိရသည်။

Zawgyi Version:
ဘုရားသုံးဆူေဒသမွ ေနရာ(၅) ေနရာခန႔္တြင္ အြန္လိုင္းလိမ္လည္သည့္ လုပ္ငန္း (၂၃) ခုအထိရွိေနဟုဆို
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁
ျမန္မာ-ထိုင္းနယ္စပ္ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕နယ္ရွိ ေနရာ(၅)ေနရာတြင္ အြန္လိုင္း လိမ္လည္သည့္ လုပ္ငန္း (၂၃) ခုအထိရွိေနေၾကာင္း သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။ ၿပီးခဲ့သည့္ကာလကပင္ ဘုရားသုံးဆူၿမိဳ႕သို႔ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ား တစ္စတစ္စေျပာင္း ေ႐ႊ႕လာေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီး ေနာက္ လက္ရွိတြင္ ဘုရားသုံးဆူၿမိဳ႕နယ္တြင္းရွိ က်ိန္းေခ်ာင္ေက်း႐ြာ၊ ေလးဝဖလိုေက်း႐ြာ၊ ထီ့ ေလာင္ယႉးေရတံခြန္၊ A1 ေရတံခြန္ အပန္းေျဖစခန္း ႏွင့္ ႐ြာသစ္ေက်း႐ြာသဘာဝေရကူးကန္တို႔တြင္ အေဆာက္အအုံမ်ား တိုးခ်ဲ႕ေဆာက္လုပ္ကာ ယင္း လုပ္ငန္းမ်ားကို လုပ္ကိုင္ေနၾကေၾကာင္း သိရသည္။
" ေနရာ (၅)ခုမွာ စုစုေပါင္းကြၽန္ေတာ္အဲဒီကေနမလာခင္အထိကို အြန္လိုင္းေငြလိမ္ဆိုက္ ေပါင္း (၂၃)ဆိုက္ရွိတယ္။ သူတို႔က Sector အလိုက္ ႀကီးဗ်။ အဲဒီမွာအကုန္လုံးကေပါင္းစားေနသလိုျဖစ္ ေနတာ။ ဘုရားသုံးဆူၿမိဳ႕မွာက K တို႔၊ Happy Water တို႔နဲ႔ မူးယစ္ေဆးၿမိဳ႕ေတာ္ႀကီးကိုျဖစ္ေနတာ။ အဲဒီၿမိဳ႕မွာ လူငယ္ေတြအားလုံးကအလုပ္မလုပ္ၾကဘူး။ (၁၀)လပိုင္းတုန္းကဆိုရင္ လူဦးေရ(၄၀ဝဝ) ဝန္းက်င္ေလာက္ေပါ့ေနာ္။ ဘုရားသုံးဆူကိုေျပာင္းလာ တာရွိတယ္။ ဥေရာပသားေတြကနည္းတယ္။ အတန္းအစားအမ်ိဳးမ်ိဳးရွိတယ္"ဟု အထက္ပါသ တင္းရင္းျမစ္က ေျပာသည္။ ထို႔ျပင္ ျမန္မာ-ထိုင္းနယ္ စပ္ၿခံစည္း႐ိုးအနီး ရပ္ကြက္(၄)၊ ရက္ကြက္(၃)တို႔တြင္လည္း ကာစီႏို၊ ေလာင္းကစားလုပ္ငန္းႏွင့္ယွက္ ႏႊယ္ေပါင္းကူးလုပ္ကိုင္ေနေသာ အြန္လိုင္းေငြလိမ္ လုပ္ငန္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ားအတြင္း တ႐ုတ္ လူမ်ိဳးမွာ (၈၀) ရာခိုင္ႏႈန္းႏွင့္ အျခားေသာႏိုင္ငံျခားသား (၂၀) ရာခိုင္ႏႈန္းလည္းပါဝင္လုပ္ကိုင္ေနေၾကာင္း ၎ကဆိုသည္။
" တ႐ုတ္ကအမ်ားဆုံးပဲ။ (၁၃/)ပိုမ်ားတယ္။ ကိုးကန႔္မ်ားတယ္။ ေနာက္ၿပီး တ႐ုတ္ဆိုရင္ ကြမ္းတုံမ်ိဳးေတြလည္းမ်ားတယ္။ ျပည္မႀကီးစကားေျပာတဲ့ တ႐ုတ္နည္းတယ္။ တ႐ုတ္ က (၈၀)ရာခိုင္ႏႈန္းနဲ႔ တျခားႏိုင္ငံသားက (၂၀) ရာခိုင္ႏႈန္းေပါ့။ ေနာက္ၿပီး ျမန္မာက ထမင္းခ်က္၊ တံျမက္စည္းလွဲေပါ့"ဟု ၎ကဆိုသည္။
အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားဝင္ေရာက္လာသည့္ ဘုရားသုံးဆူၿမိဳ႕တြင္ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာလကပင္ ၿမိဳ႕တြင္းေရာင္းရန္ အလြန္ ခက္ခဲသည့္ အိမ္ၿခံေျမမ်ားကို တ႐ုတ္လူမ်ိဳးမ်ားက တစ္လလွ်င္ အနည္းဆုံး ထိုင္းဘတ္(၃၀ဝဝ)ႏွင့္ အထက္ ငွားရမ္းျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ လက္ရွိတြင္မူ ေျပာင္းေ႐ႊ႕လာ သည့္ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားႏွင့္ အမ်ိဳးမ်ိဳး ေသာလူမ်ား၏ေျပာင္းေ႐ႊ႕လာမႈေၾကာင့္ ၿမိဳ႕တြင္း အိမ္ငွား၊ အိမ္ဝယ္ေဈးမ်ားလည္း ျမင့္တက္လာၿပီး တစ္လလွ်င္ ထိုင္းဘတ္(၁၀ဝဝဝ)အထိပင္ ေပါက္ ေဈးရွိေနေၾကာင္း သိရသည္။]]ၿမိဳ႕ေနျပည္သူအဓိက ရင္ဆိုင္ရတာ ဘာလဲေမးရင္ ၿမိဳ႕ကပ်က္စီးတာပဲ။ ၿမိဳ႕ရဲ႕စနစ္ေတြ အကုန္ပ်က္စီးတာ။ အရင္တုန္းက အိမ္ငွားခက ဘတ္(၅၀ဝ)နဲ႔ငွားတဲ့အိမ္က အခုဆိုရင္ ဘတ္ (၁၀ဝဝဝ) ေလာက္ျဖစ္သြားၿပီ။ အိမ္ငွားတာတင္ ျမန္မာေငြက်ပ္ (၁၅)သိန္းဝန္းက်င္ျဖစ္သြားၿပီ။ ေနာက္ၿပီး ေသနတ္ပါတဲ့လူမွန္သမွ်အကုန္ေၾကာက္ရတယ္။ ဘယ္အဖြဲ႕အစည္းမွန္းလဲမသိဘူး"ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
ထို႔ျပင္ ဘုရားသုံးဆူၿမိဳ႕နယ္အတြင္း ကာစီႏိုလုပ္ငန္းမ်ားလည္းမ်ားစြာတည္ေဆာက္လည္ပတ္ ေနၿပီး ျပည္ပႏိုင္ငံသူ ျပည့္တန္ဆာမ်ားလည္းရွိေန ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.