အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးပြီး (၃)ဦးပျောက်ဆုံးနေ

231

Pika (NP news)- ဇန်နဝါရီ ၈
အင်ဒိုနီးရှားနိုင်ငံ Siau ကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးပြီး အခြားလူ(၃)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီလ(၇)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် ဆူလာဝေစီပြည်နယ် မြောက်ဘက်မှာရှိတဲ့ ကျွန်းငယ်လေးပေါ်က မြို့လေးမြို့ရေနစ်မြုပ်ခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက”မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူ(၃)ဦးကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရေကြီးမှုတွေကေကြာင့် လူ(၂၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာသား(၇၀၀)လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက”မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုတွေနဲ့အတူ မြစ်ရေတွေရုတ်တရက်မြင့်လာခဲ့ပြီး နေအိမ်တွေကို နစ်မြုပ်သွားစေခဲ့တာပဲဖြစ်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version: