နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုများနှင့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်မှုမရှိစေရေး ထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ဆွေးနွေး

 323

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၃
နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုများနှင့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center Neighboring Countries Coordination Center (NCCC) ဌာန၏ အကြီးအကဲ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့(ဇန်နဝါရီ ၂၂ ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ် ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ (NCCC) ဌာန၏အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Pongphan Puttha နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးနှင့် (NCCC) ဌာနတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံတပ်မတော်အကြီးအကဲများ၏ ဦးဆောင်မှုဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်း နှီးမှုများ တိုးတက်လျက်ရှိသည့်အခြေအနေများနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ နှစ်နိုင်ငံကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် နယ်စပ်ဒေသများတွင် တရား မဝင်ကုန် သွယ်မှုများနှင့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့်အခြေအနေများလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ တစ်ကျော့ပြန်မပေါ်ပေါက်လာစေရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက် ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် နှစ်နိုင်ငံသတင်းအချက်အလက်များ ဖလှယ်ခြင်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) နှင့်အပိုင်း (၂) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ သည့်အခြေအနေများနှင့် လာမည့်ဇန်နဝါရီ ၂၅ ရက်နေ့တွင် အပိုင်း (၃) ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက် ၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
နယ္စပ္ေဒသ တရားမဝင္ကုန္သြယ္မႈမ်ားႏွင့္ တရားမဝင္လုပ္ငန္းမ်ား လုပ္ကိုင္မႈမရွိေစေရး ထိန္းသိမ္း ေဆာင္႐ြက္ရန္ ျမန္မာ-ထိုင္း တပ္မေတာ္ႏွစ္ရပ္ေဆြးေႏြး
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၃
နယ္စပ္ေဒသ တရားမဝင္ကုန္သြယ္မႈမ်ားႏွင့္ တရားမဝင္လုပ္ငန္းမ်ား လုပ္ကိုင္မႈမရွိေစေရး ထိန္းသိမ္းေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ထိုင္းဘုရင့္ၾကည္းတပ္ဦးစီးခ်ဳပ္႐ုံး၊ Army Operation Center Neighboring Countries Coordination Center (NCCC) ဌာန၏ အႀကီးအကဲ General Direk Bongkarn ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕တို႔ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲကို ယမန္ေန႔(ဇန္နဝါရီ ၂၂ ရက္) မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ ျပဳလုပ္ခဲ့ၿပီး ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ ဒုတိယဗိုလ္ ခ်ဳပ္ႀကီး ၫြန႔္ဝင္းေဆြႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ထိုင္းဘုရင့္ၾကည္းတပ္ဦးစီးခ်ဳပ္႐ုံး၊ (NCCC) ဌာန၏အႀကီးအကဲႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းဘုရင့္ၾကည္းတပ္စစ္သံမႉး Senior Colonel Pongphan Puttha ႏွင့္ ထိုင္းဘုရင့္ၾကည္းတပ္ဦးစီးခ်ဳပ္႐ုံးႏွင့္ (NCCC) ဌာနတို႔မွ တာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ေဆြးေႏြးပြဲတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္အႀကီးအကဲမ်ား၏ ဦးေဆာင္မႈျဖင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးေကာင္းမြန္လ်က္ရွိၿပီး ခ်စ္ၾကည္ရင္း ႏွီးမႈမ်ား တိုးတက္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ေရရွည္တည္တံ့ခိုင္ၿမဲေအာင္ ဆက္လက္ေဆာင္႐ြက္ သြားမည့္ အေျခအေနမ်ားလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏွစ္ႏိုင္ငံအၾကား သေဘာတူညီခ်က္မ်ားအား ဆက္လက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္သည့္အေျခအေနမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးတက္ေကာင္းမြန္ေနေစေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္သည့္အေျခအေနမ်ားလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ ႏွစ္ႏိုင္ငံကုန္သြယ္မႈ၊ ကုန္စည္စီးဆင္းမႈမ်ား ျပန္လည္ေကာင္းမြန္ေရးအတြက္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးကို ႏွစ္ႏိုင္ငံ အစိုးရႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္း၍ ထိန္းသိမ္းေဆာင္႐ြက္သြားႏိုင္မည့္အေျခအေနမ်ားႏွင့္ နယ္စပ္ေဒသမ်ားတြင္ တရား မဝင္ကုန္ သြယ္မႈမ်ားႏွင့္ တရားမဝင္လုပ္ငန္းမ်ား လုပ္ကိုင္မႈမရွိေစေရး ထိန္းသိမ္းေဆာင္႐ြက္သြားရန္လိုအပ္သည့္အေျခအေနမ်ားလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ား တစ္ေက်ာ့ျပန္မေပၚေပါက္လာေစေရးႏွင့္ မူးယစ္ေဆးဝါး တိုက္ဖ်က္ ေရး လုပ္ငန္းစဥ္မ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ခံယူ၍ အင္တိုက္အားတိုက္ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ႏွစ္ႏိုင္ငံသတင္းအခ်က္အလက္မ်ား ဖလွယ္ျခင္းမ်ားအပါအဝင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားႏိုင္မည့္အေျခအေနမ်ားလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ ၂၀၂၅ ခုႏွစ္၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအပိုင္း (၁) ႏွင့္အပိုင္း (၂) ကို ေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့ သည့္အေျခအေနမ်ားႏွင့္ လာမည့္ဇန္နဝါရီ ၂၅ ရက္ေန႔တြင္ အပိုင္း (၃) ကို ဆက္လက္က်င္းပသြားမည္ျဖစ္သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္ ၍လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.