ငလျင်ဒဏ်သင့် လွှတ်တော်အဆောက်အအုံများ ပြန်လည်ပြင်ဆင်မှု ဖေဖော်ဝါရီလလယ်တွင် ရာနှုန်း ပြည့်ပြီးစီးမည်

367

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၈
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေမှ လွှတ်တော် အဆောက်အအုံများအား ပြန်လည်ပြင်ဆင်နေခြင်းမှာ လာမည့် ဖေဖော်ဝါလ (၁၅)ရက်တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်နောက် မတ်လအတွင်း လွှတ်တော်ခေါ်ယူမည်ဖြစ်ကာ NP News က စုံစမ်းသိရှိရသော အချက်အလက်များအရ လွှတ်တော်ခေါ်ယူသည့် လုပ်ငန်းစဉ်များကို မတ်လ (၂၀)ရက် နှောင်းပိုင်းတွင် စတင်မည်ဖြစ်သည်။
“ဖေဖော်ဝါရီလလယ်အပြီးလုပ်မှာပါ။ ဖေဖော်ဝါရီ (၁၅) လောက်ဆိုရင် အပြီးပေါ့။ (၁၀ဝ) ရာခိုင် နှုန်း အပြီးလုပ်မှာပါ။ ငလျင်တုန်းက လွှတ်တော်အဆောက်အအုံအကုန်လုံးထိတာပါ။ လွှတ်တော်တွေကို ဦးဆောင်လုပ်နေတာက ဆောက်လုပ်ရေးဒုဝန်ကြီး ဦးမျိုးမြင့်ကိုယ်တိုင်လုပ်နေတာ။ အဲဒီလွှတ်တော် တွေအတွက် ပြင်ထိန်းတွေပေးထားတာ။ ဒါကိုဖိဖိစီးစီးကြီးကြပ်နေတာက ဆောက်လုပ်ရေးဒုဝန်ကြီး ကြီးကြပ်လုပ်နေတာပါ”ဟု သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ထို့ပြင် လွှတ်တော်ပြင်ပ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများလည်း အများစုပြီးစီး နေပြီး လွှတ်တော်အစည်းအဝေးခန်းမများလည်း ပြုပြင်မှုပြီးစီးတော့မည်ဖြစ်ကြောင်း လွှတ်တော်ဝန် ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူက ဆိုသည်။“အစည်းဝေးခန်းမထဲမှာဆိုရင် အကုန်လုံးပြင်ဆင်နေတာ ပြီးသလောက်ဖြစ်သွားပြီ။ အစည်း အဝေးခန်းမကြီးကလည်း အရင်အတိုင်းပြန်ဖြစ်သွားပြီ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် မတ်လ(၂၈) ရက်တွင်လှုပ်ခတ်ခဲ့သည့် ပြင်းအား(၇ ဒသမ ၇)ရှိသည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများလည်း ပျက်စီး မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပျက်စီးသွားခဲ့သည့် လွှတ်တော်အဆောက်အအုံများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကိုယ်တိုင် ဧပြီလ(၁)ရက်တွင် သွားရောက်ကြည့်ရှုခဲ့ပြီး အဆောက်အအုံများကို စနစ်တကျ ပြန် လည်ပြုပြင်တည်ဆောက်သွားရန် မှာကြားခဲ့ဖူးသည်။
ထို့ပြင် လွှတ်တော်အဆောက်အအုံများ ပြန်လည်ပြင်ဆင်ခြင်းကို ငလျင်ကြီးအပြီး စတင်ဆောင် ရွက်လာခဲ့ရာ လက်ရှိအချိန်အထိ ပြီးစီးခြင်း မရှိသေးဘဲ (၁)နှစ်နီးပါးကြာမြင့်လာပြီဖြစ်ကြောင်း သိရ သည်။

Zawgyi Version;
ငလ်င္ဒဏ္သင့္ လႊတ္ေတာ္အေဆာက္အအုံမ်ား ျပန္လည္ျပင္ဆင္မႈ ေဖေဖာ္ဝါရီလလယ္တြင္ ရာႏႈန္း ျပည့္ၿပီးစီးမည္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၈
မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ လႊတ္ေတာ္ အေဆာက္အအုံမ်ားအား ျပန္လည္ျပင္ဆင္ေနျခင္းမွာ လာမည့္ ေဖေဖာ္ဝါလ (၁၅)ရက္တြင္ ရာႏႈန္းျပည့္ ၿပီးစီးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ေ႐ြးေကာက္ပြဲ က်င္းပၿပီးစီးသည့္ေနာက္ မတ္လအတြင္း လႊတ္ေတာ္ေခၚယူမည္ျဖစ္ကာ NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ လႊတ္ေတာ္ေခၚယူသည့္ လုပ္ငန္းစဥ္မ်ားကို မတ္လ (၂၀)ရက္ ေႏွာင္းပိုင္းတြင္ စတင္မည္ျဖစ္သည္။
“ေဖေဖာ္ဝါရီလလယ္အၿပီးလုပ္မွာပါ။ ေဖေဖာ္ဝါရီ (၁၅) ေလာက္ဆိုရင္ အၿပီးေပါ့။ (၁၀ဝ) ရာခိုင္ ႏႈန္း အၿပီးလုပ္မွာပါ။ ငလ်င္တုန္းက လႊတ္ေတာ္အေဆာက္အအုံအကုန္လုံးထိတာပါ။ လႊတ္ေတာ္ေတြကို ဦးေဆာင္လုပ္ေနတာက ေဆာက္လုပ္ေရးဒုဝန္ႀကီး ဦးမ်ိဳးျမင့္ကိုယ္တိုင္လုပ္ေနတာ။ အဲဒီလႊတ္ေတာ္ ေတြအတြက္ ျပင္ထိန္းေတြေပးထားတာ။ ဒါကိုဖိဖိစီးစီးႀကီးၾကပ္ေနတာက ေဆာက္လုပ္ေရးဒုဝန္ႀကီး ႀကီးၾကပ္လုပ္ေနတာပါ”ဟု သတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
ထို႔ျပင္ လႊတ္ေတာ္ျပင္ပ ျပန္လည္ျပဳျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ားလည္း အမ်ားစုၿပီးစီး ေနၿပီး လႊတ္ေတာ္အစည္းအေဝးခန္းမမ်ားလည္း ျပဳျပင္မႈၿပီးစီးေတာ့မည္ျဖစ္ေၾကာင္း လႊတ္ေတာ္ဝန္ ထမ္းအသိုင္းအဝိုင္းႏွင့္ နီးစပ္သူက ဆိုသည္။“အစည္းေဝးခန္းမထဲမွာဆိုရင္ အကုန္လုံးျပင္ဆင္ေနတာ ၿပီးသေလာက္ျဖစ္သြားၿပီ။ အစည္း အေဝးခန္းမႀကီးကလည္း အရင္အတိုင္းျပန္ျဖစ္သြားၿပီ”ဟု ၎က ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ မတ္လ(၂၈) ရက္တြင္လႈပ္ခတ္ခဲ့သည့္ ျပင္းအား(၇ ဒသမ ၇)ရွိသည့္ အင္အားျပင္း မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္အအုံမ်ားလည္း ပ်က္စီး မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ပ်က္စီးသြားခဲ့သည့္ လႊတ္ေတာ္အေဆာက္အအုံမ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ကိုယ္တိုင္ ဧၿပီလ(၁)ရက္တြင္ သြားေရာက္ၾကည့္ရႈခဲ့ၿပီး အေဆာက္အအုံမ်ားကို စနစ္တက် ျပန္ လည္ျပဳျပင္တည္ေဆာက္သြားရန္ မွာၾကားခဲ့ဖူးသည္။
ထို႔ျပင္ လႊတ္ေတာ္အေဆာက္အအုံမ်ား ျပန္လည္ျပင္ဆင္ျခင္းကို ငလ်င္ႀကီးအၿပီး စတင္ေဆာင္ ႐ြက္လာခဲ့ရာ လက္ရွိအခ်ိန္အထိ ၿပီးစီးျခင္း မရွိေသးဘဲ (၁)ႏွစ္နီးပါးၾကာျမင့္လာၿပီျဖစ္ေၾကာင္း သိရ သည္။