စျေးနှုန်းကွာဟမှုကြောင့် ဧရာဝတီတိုင်းတွင် တရားဝင်သစ်စက်လုပ်ငန်း လုပ်ကိုင်သူများ အရောင်းပါးလာ

373

Pearl (NP News) - ဇန်နဝါရီ ၂၈
စျေးနှုန်းကွာဟမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် တရားဝင်သစ်စက်လုပ်ငန်း လုပ်ကိုင်သူများ အရောင်းပါး လာကြောင်း သစ်စက်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက NP News သို့ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် နှင့် မော်ကျွန်းမြို့နယ် အပါအဝင် မြို့နယ်အချို့တွင် တရားမဝင် သစ်စက်များ ပိုများလာပြီး တရားဝင်သစ်စက် မှ ရောင်းချသည့် သစ်များ နှင့် တရားမဝင်သစ်စက်မှ ရောင်းချသည့် သစ်များသည် စျေးနှုန်းကွာဟမှုကြောင့် တရားဝင်လုပ်ကိုင်သူများ အရောင်းပါးလာကြောင်း သိရသည်။
"ဖျာပုံမှာကတော့ တရားမဝင် ၇ စက်လောက်ရှိတယ်။ တောဘက်တွေမှာ တရား၀င်ကိုမရှိတာ။ လိုင်စင်မရှိဘဲနဲ့ နားလည်မှုတွေနဲ့ ခွဲကြတယ်။ မော်ကျွန်းဘက်မှာ လည်းတရားမဝင်ခွဲနေတာတွေ ရှိတယ်။ တောဘက်မှာ တရားမဝင် သစ်စက်တွေ အများကြီးပဲ။ သစ်တွေကို သင်္ဘောတွေနဲ့ကဲ့ကဲ့ပြီးတော့ သယ်သွားကြတယ်။ အဲဒါမျိုး အများကြီးပဲ ဖျာပုံမြို့နယ်ထဲမှာ။ အဲဒါမျိုးဖြစ်နေတာကြာပြီ။ လိုင်စင်သမားက တစ်နှစ်တစ်နှစ်ကို အခွန်ဆောင်ရ တာလည်း မနည်းဘူး။ တရားမဝင်က စျေးနှုန်းက သက်သာတော့ တရားဝင်သစ်တွေပဲ ရောင်းရတာ။ အဲဒီတော့ တရားဝင်သမားတွေ အရောင်းအဝယ်ပါးတယ်။ "အ"တယ်။ သူတို့ဆီပဲ ဝယ်ကြတာပေါ့" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ခွဲစိတ်ပြီး Square တုံး ပျဉ်းကတိုး တရားမဝင် တစ်တန်လျှင် (၆၅) သိန်း ၊ တရားဝင် တစ်တန်လျှင် ( ၉၅) သိန်း ပေါက်စျေးရှိကြောင်းသိရသည်။
ထို့ပြင် တရားမဝင်သစ်စက်များအနေဖြင့် သတ်မှတ်ထားသည့် သစ်များအပြင် တရားမဝင် သစ်များကိုလည်း ခွဲစိပ်ရောင်းချမှုများရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့ကို စိစစ်အရေးယူပေးရန် လုပ်ငန်းရှင်များက မျှောင်လင့်နေကြောင်းလည်း သိရသည်။
"တရားဝင်လုပ်ငန်းရှင်တွေကတော့ ခေတ်ကာလကြောင့် မတိုင်ရဲဘူး။ အဓိကတော့ သက်ဆိုင်ရာက စစ်ဆေး ဖမ်းဆီးစေချင်တာ" ဟု ၎င်းက ပြောသည်။

Zawgyi Version;
ေစ်းႏႈန္းကြာဟမႈေၾကာင့္ ဧရာဝတီတိုင္းတြင္ တရားဝင္သစ္စက္လုပ္ငန္း လုပ္ကိုင္သူမ်ား အေရာင္းပါးလာ
Pearl (NP News) - ဇန္နဝါရီ ၂၇
ေစ်းႏႈန္းကြာဟမႈေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီးတြင္ တရားဝင္သစ္စက္လုပ္ငန္း လုပ္ကိုင္သူမ်ား အေရာင္းပါး လာေၾကာင္း သစ္စက္လုပ္ငန္းလုပ္ကိုင္သူ တစ္ဦးက NP News သို႔ေျပာသည္။
ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕နယ္ ႏွင့္ ေမာ္ကြၽန္းၿမိဳ႕နယ္ အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ တရားမဝင္ သစ္စက္မ်ား ပိုမ်ားလာၿပီး တရားဝင္သစ္စက္မွ ေရာင္းခ်သည့္ သစ္မ်ား ႏွင့္ တရားမဝင္သစ္စက္မွ ေရာင္းခ်သည့္ သစ္မ်ားသည္ ေစ်းႏႈန္းကြာဟမႈေၾကာင့္ တရားဝင္လုပ္ကိုင္သူမ်ား အေရာင္းပါးလာေၾကာင္း သိရသည္။
"ဖ်ာပုံမွာကေတာ့ တရားမဝင္ ၇ စက္ေလာက္ရွိတယ္။ ေတာဘက္ေတြမွာ တရား၀င္ကိုမရွိတာ။ လိုင္စင္မရွိဘဲနဲ႔ နားလည္မႈေတြနဲ႔ ခြဲၾကတယ္။ ေမာ္ကြၽန္းဘက္မွာလည္း တရားမဝင္ခြဲေနတာေတြ ရွိတယ္။ ေတာဘက္မွာ တရားမဝင္ သစ္စက္ေတြ အမ်ားႀကီးပဲ။ သစ္ေတြကို သေဘၤာေတြနဲ႔ကဲ့ကဲ့ၿပီးေတာ့ သယ္သြားၾကတယ္။ အဲဒါမ်ိဳး အမ်ားႀကီးပဲ ဖ်ာပုံၿမိဳ႕နယ္ထဲမွာ။ အဲဒါမ်ိဳးျဖစ္ေနတာၾကာၿပီ။ လိုင္စင္သမားက တစ္ႏွစ္တစ္ႏွစ္ကို အခြန္ေဆာင္ရ တာလည္း မနည္းဘူး။ တရားမဝင္က ေစ်းႏႈန္းက သက္သာေတာ့ တရားဝင္သစ္ေတြပဲ ေရာင္းရတာ။ အဲဒီေတာ့ တရားဝင္သမားေတြ အေရာင္းအဝယ္ပါးတယ္။ "အ" တယ္။ သူတို႔ဆီပဲ ဝယ္ၾကတာေပါ့" ဟု ၎က ေျပာသည္။
လက္ရွိတြင္ ခြဲစိတ္ၿပီး Square တုံး ပ်ဥ္းကတိုး တရားမဝင္ တစ္တန္လွ်င္ (၆၅) သိန္း ၊ တရားဝင္ တစ္တန္လွ်င္ ( ၉၅) သိန္း ေပါက္ေစ်းရွိေၾကာင္း သိရသည္။
ထို႔ျပင္ တရားမဝင္သစ္စက္မ်ားအေနျဖင့္ သတ္မွတ္ထားသည့္ သစ္မ်ားအျပင္ တရားမဝင္ သစ္မ်ားကိုလည္း ခြဲစိပ္ေရာင္းခ်မႈမ်ားရွိၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ ၎တို႔ကို စိစစ္အေရးယူေပးရန္ လုပ္ငန္းရွင္မ်ားက ေမွ်ာင္လင့္ေနေၾကာင္းလည္း သိရသည္။
"တရားဝင္လုပ္ငန္းရွင္ေတြကေတာ့ ေခတ္ကာလေၾကာင့္ မတိုင္ရဲဘူး။ အဓိကေတာ့ သက္ဆိုင္ရာက စစ္ေဆး ဖမ္းဆီးေစခ်င္တာ" ဟု ၎က ေျပာသည္။