ဘောလုံးကို အချိန် (၂၈)နာရီ၊ (၂၁)မိနစ်နှင့် (၂)စက္ကန့်ကြာအောင် တော့ပြကာ ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ဆွီဒင်အမျိုးသား

59

Pika (NP News) - ဖေဖော်ဝါရီ ၃
ဆွီဒင်နိုင်ငံမှ ဘောလုံးဝါသနာရှင်တစ်ဦး သည် ဒူးခေါင်း၊ ရင်ဘတ်၊ ခေါင်းနှင့် ခြေထောက်တို့ကို အသုံးပြုကာ ဘောလုံးကို အချိန်(၂၈)နာရီ၊ (၂၁)မိနစ်နှင့်(၂)စက္ကန့်ကြာအောင် တော့ပြခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ ဒန်နီ ရယ်ဆိုသည့်အမျိုးသားသည် ဆွီဒင်နိုင်ငံ Link öping မြို့ရှိ Rydshallen sports အားကစား ကွင်းတွင် ဘောလုံးတစ်လုံးကို အချိန်အကြာဆုံးတော့ ပြနိုင်သည့်အမျိုးသားစံချိန်ကိုချိုးဖျက်ရန်အတွက် ကြိုးပမ်းခဲ့ပြီးနောက် ယခုကဲ့သို့ အောင်မြင်စွာချိုးဖျက် နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒန်နီရယ်သည် အချိန်(၃)နာရီတိုင်းတွင် (၁၅)မိနစ်သာအနားယူခဲ့ပြီး (၂၀၁၀)ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံသားဒန်မက်ဂနက်စ် တင်ခဲ့သည့် ဘောလုံးတစ်လုံးကို အချိန်အကြာဆုံး တော့နိုင်သည့်စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒန်မက်ဂနက်စ်သည် ဘောလုံးကို အချိန် (၂၆)နာရီကြာအောင်တော့ပြခဲ့ပြီး ဒန်နီရယ်က အချိန် (၂၈)နာရီကျော်ကြာအောင် တော့ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒန်နီရယ်က "ကန့်သတ်ချက်တွေကိုချိုး ဖျက်ဖို့၊ တည်ငြိမ်မှုနဲ့အာရုံစူးစိုက်မှုတို့ကို မြှင့်တင်ဖို့အ တွက် တခြားလူတွေကိုအားပေးချင်လို့ ဒီလိုမျိုးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ စိန်ခေါ်မှုတွေနဲ့ အောင်မြင်မှုတွေ ကို အကောင်းဆုံး ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို လည်းပြသချင်လို့ ဒီကြိုးပမ်းမှုကိုလုပ်ခဲ့တာပါ။ ဒီစံ ချိန်က ဘောလုံးအားကစားအပေါ် ကျွန်တော်ရဲ့ စိတ်အားထက်သန်မှုနဲ့ တိုးတက်လာမှုတို့ရဲ့ ပြီးပြည့်စုံ တဲ့ပေါင်းစပ်မှုတစ်ခုပဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ေဘာလုံးကို အခ်ိန္ (၂၈)နာရီ၊ (၂၁)မိနစ္ႏွင့္ (၂)စကၠန႔္ၾကာေအာင္ ေတာ့ျပကာ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ဆြီဒင္အမ်ိဳးသား
Pika (NP News) - ေဖေဖာ္ဝါရီ ၃
ဆြီဒင္ႏိုင္ငံမွ ေဘာလုံးဝါသနာရွင္တစ္ဦး သည္ ဒူးေခါင္း၊ ရင္ဘတ္၊ ေခါင္းႏွင့္ ေျခေထာက္တို႔ကို အသုံးျပဳကာ ေဘာလုံးကို အခ်ိန္(၂၈)နာရီ၊ (၂၁)မိနစ္ႏွင့္(၂)စကၠန႔္ၾကာေအာင္ ေတာ့ျပခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ဒန္နီ ရယ္ဆိုသည့္အမ်ိဳးသားသည္ ဆြီဒင္ႏိုင္ငံ Link öping ၿမိဳ႕ရွိ Rydshallen sports အားကစား ကြင္းတြင္ ေဘာလုံးတစ္လုံးကို အခ်ိန္အၾကာဆုံးေတာ့ ျပႏိုင္သည့္အမ်ိဳးသားစံခ်ိန္ကိုခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေအာင္ျမင္စြာခ်ိဳးဖ်က္ ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဒန္နီရယ္သည္ အခ်ိန္(၃)နာရီတိုင္းတြင္ (၁၅)မိနစ္သာအနားယူခဲ့ၿပီး (၂၀၁၀)ျပည့္ႏွစ္တြင္ ၿဗိတိန္ႏိုင္ငံသားဒန္မက္ဂနက္စ္ တင္ခဲ့သည့္ ေဘာလုံးတစ္လုံးကို အခ်ိန္အၾကာဆုံး ေတာ့ႏိုင္သည့္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဒန္မက္ဂနက္စ္သည္ ေဘာလုံးကို အခ်ိန္ (၂၆)နာရီၾကာေအာင္ေတာ့ျပခဲ့ၿပီး ဒန္နီရယ္က အခ်ိန္ (၂၈)နာရီေက်ာ္ၾကာေအာင္ ေတာ့ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဒန္နီရယ္က "ကန႔္သတ္ခ်က္ေတြကိုခ်ိဳး ဖ်က္ဖို႔၊ တည္ၿငိမ္မႈနဲ႔အာ႐ုံစူးစိုက္မႈတို႔ကို ျမႇင့္တင္ဖို႔အ တြက္ တျခားလူေတြကိုအားေပးခ်င္လို႔ ဒီလိုမ်ိဳးလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ စိန္ေခၚမႈေတြနဲ႔ ေအာင္ျမင္မႈေတြ ကို အေကာင္းဆုံး ဘယ္လိုေက်ာ္ျဖတ္ရမလဲဆိုတာကို လည္းျပသခ်င္လို႔ ဒီႀကိဳးပမ္းမႈကိုလုပ္ခဲ့တာပါ။ ဒီစံ ခ်ိန္က ေဘာလုံးအားကစားအေပၚ ကြၽန္ေတာ္ရဲ႕ စိတ္အားထက္သန္မႈနဲ႔ တိုးတက္လာမႈတို႔ရဲ႕ ၿပီးျပည့္စုံ တဲ့ေပါင္းစပ္မႈတစ္ခုပဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။