(၁၃) နှစ်ကျော် နည်းပြအတွေ့အကြုံရှိသူ ဂျပန်နည်းပြအာမာနိုကို MFF ၏ Academies and Youth Development Director အဖြစ် ခန့်အပ်

 290

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၃

(၁၃) နှစ်ကျော် နည်းပြအတွေ့အကြုံရှိသူ ဂျပန်နည်းပြအာမာနိုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ Academies and Youth Development Director အဖြစ် ခန့်အပ်ခဲ့ကြောင်း MFF ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ဘောလုံးလောက၏ လူငယ်မျိုးဆက်သစ်များ ဖော်ထုတ်ရေး နှင့် အကယ်ဒမီများ၏ အရည်အသွေးကိုမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်လူမျိုး နည်းပြဖြစ်သူ Mr. Keisuke Amano အား Academies and Youth Development Director အဖြစ် (၂) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၃ ရက်)တွင် (၂) နှစ်စာချုပ်ဖြင့် တရားဝင်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နည်းပြ အာမာနိုသည် JFA / AFC A-License ရရှိထားသည့် ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး ဂျပန်ဂျေလိဂ်ကလပ် Kashima Antlers FC ၏ အကယ်ဒမီတွင် (၁၃) နှစ်ကျော်ကြာ နည်းပြခဲ့သည့် အတွေ့အကြုံရှိသူဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသို့မလာရောက်မီ တရုတ်နိုင်ငံ၊ ချန်ဒူးဘောလုံးအဖွဲ့ချုပ် (Chengdu FA) တွင် လူငယ်ဖွံ့ဖြိုးရေးနည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပြီး လူငယ်ကစားသမားများ ရှာဖွေဖော်ထုတ်ခြင်းနှင့် နည်းစနစ်ပိုင်း အဆင့်မြှင့်တင်ခြင်းတို့ကို ဆောက်ရွက်ခဲ့သူဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် လူငယ်ဖွံ့ဖြိုးရေး နည်းပညာဒါရိုက်တာအဖြစ် ဆယ်စုနှစ် (၂) ခုကျော် လုပ်ကိုင်ခဲ့ရာ ဥရောပ ကလပ်များတွင် ကစားနေသည့် Machida Koki နှင့် Ueda Ayase တို့ကဲ့သို့သော ထိပ်တန်းကစားသမားများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်ကြောင်းလည်း သိရသည်။
၎င်း၏ (၂) နှစ်တာ သက်တမ်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူးချွန်သည့် လူငယ်ကစားသမားများကို စနစ်တကျ ရှာဖွေခြင်း၊ အကယ်ဒမီများရှိ နည်းပြများ၏ အရည်အသွေးကို မြှင့်တင်ရန် သင်တန်းများ ပို့ချခြင်း၊ မြန်မာ့ဘောလုံးအကယ်ဒမီများအတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ရေးဆွဲခြင်းများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း MFF ၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
(၁၃) ႏွစ္ေက်ာ္ နည္းျပအေတြ႕အႀကဳံရွိသူ ဂ်ပန္နည္းျပအာမာႏိုကို MFF ၏ Academies and Youth Development Director အျဖစ္ ခန႔္အပ္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၃
(၁၃) ႏွစ္ေက်ာ္ နည္းျပအေတြ႕အႀကဳံရွိသူ ဂ်ပန္နည္းျပအာမာႏိုကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) ၏ Academies and Youth Development Director အျဖစ္ ခန႔္အပ္ခဲ့ေၾကာင္း MFF ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာ့ေဘာလုံးေလာက၏ လူငယ္မ်ိဳးဆက္သစ္မ်ား ေဖာ္ထုတ္ေရး ႏွင့္ အကယ္ဒမီမ်ား၏ အရည္အေသြးကိုျမႇင့္တင္ရန္အတြက္ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) သည္ ဂ်ပန္လူမ်ိဳး နည္းျပျဖစ္သူ Mr. Keisuke Amano အား Academies and Youth Development Director အျဖစ္ (၂) ႏွစ္သက္တမ္းရွိ စာခ်ဳပ္ျဖင့္ ယေန႔ (ေဖေဖာ္ဝါရီ ၃ ရက္)တြင္ (၂) ႏွစ္စာခ်ဳပ္ျဖင့္ တရားဝင္ခန႔္အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နည္းျပ အာမာႏိုသည္ JFA / AFC A-License ရရွိထားသည့္ ဝါရင့္နည္းျပတစ္ဦးျဖစ္ၿပီး ဂ်ပန္ေဂ်လိဂ္ကလပ္ Kashima Antlers FC ၏ အကယ္ဒမီတြင္ (၁၃) ႏွစ္ေက်ာ္ၾကာ နည္းျပခဲ့သည့္ အေတြ႕အႀကဳံရွိသူျဖစ္ေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံသို႔မလာေရာက္မီ တ႐ုတ္ႏိုင္ငံ၊ ခ်န္ဒူးေဘာလုံးအဖြဲ႕ခ်ဳပ္ (Chengdu FA) တြင္ လူငယ္ဖြံ႕ၿဖိဳးေရးနည္းစနစ္ဒါ႐ိုက္တာအျဖစ္ တာဝန္ယူခဲ့ၿပီး လူငယ္ကစားသမားမ်ား ရွာေဖြေဖာ္ထုတ္ျခင္းႏွင့္ နည္းစနစ္ပိုင္း အဆင့္ျမႇင့္တင္ျခင္းတို႔ကို ေဆာက္႐ြက္ခဲ့သူျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ဂ်ပန္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔တြင္ လူငယ္ဖြံ႕ၿဖိဳးေရး နည္းပညာဒါ႐ိုက္တာအျဖစ္ ဆယ္စုႏွစ္ (၂) ခုေက်ာ္ လုပ္ကိုင္ခဲ့ရာ ဥေရာပ ကလပ္မ်ားတြင္ ကစားေနသည့္ Machida Koki ႏွင့္ Ueda Ayase တို႔ကဲ့သို႔ေသာ ထိပ္တန္းကစားသမားမ်ားကို ေလ့က်င့္ျပဳစုပ်ိဳးေထာင္ေပးခဲ့သူျဖစ္ေၾကာင္းလည္း သိရသည္။
၎၏ (၂) ႏွစ္တာ သက္တမ္းအတြင္း တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ထူးခြၽန္သည့္ လူငယ္ကစားသမားမ်ားကို စနစ္တက် ရွာေဖြျခင္း၊ အကယ္ဒမီမ်ားရွိ နည္းျပမ်ား၏ အရည္အေသြးကို ျမႇင့္တင္ရန္ သင္တန္းမ်ား ပို႔ခ်ျခင္း၊ ျမန္မာ့ေဘာလုံးအကယ္ဒမီမ်ားအတြက္ ေရရွည္ ဖြံ႕ၿဖိဳးတိုးတက္ေရး မဟာဗ်ဴဟာမ်ား ေရးဆြဲျခင္းမ်ားကို အဓိကထား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း MFF ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.