ကျူးဘားရဲ့အချုပ်အခြာအာဏာကိုထောက်ခံတယ်လို့ တရုတ်ထုတ်ပြောလာ

 87

Pika (NP News) - ဖေဖော်ဝါရီ ၇

ကျူးဘားနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထောက်ခံတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ကျူးဘားရဲ့ဆိုရှယ်လစ်အစိုးရကို လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က သတ်မှတ်ခဲ့ပြီးနောက် တရုတ်အစိုးရက ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွက်ဇ်ပါရီလာနဲ့ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုမျိုးမှတ်ချက်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဝမ်ယိက “အမျိုးသား အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်မယ့် ကျူးဘားကို တရုတ်က လုံးဝ ထောက်ခံပါတယ်။ ကျူးဘား အပေါ် ပြည်ပအင်အားစုတွေရဲ့ဝင်ရောက်စွက်ဖက်မှုတွေအားလုံးနဲ့ ကျူးဘားပြည်သူတွေရဲ့ရှင်သန်ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းတွေကို ဆုံးရှုံးစေမယ့် ကြိုးပမ်းမှုတွေအားလုံးကို တရုတ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ကျူးဘားကို ရေနံထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ ပြီးနောက် တစ်ရက်အကြာမှာ တရုတ်အစိုးရကလည်း ၎င်းရဲ့ကျူးဘားအပေါ်ထောက်ခံမှုတွေကို ထုတ်ဖော်ပြောဆို လာခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
က်ဴးဘားရဲ႕အခ်ဳပ္အျခာအာဏာကိုေထာက္ခံတယ္လို႔ တ႐ုတ္ထုတ္ေျပာလာ
Pika (NP News) - ေဖေဖာ္ဝါရီ ၇
က်ဴးဘားႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို ေထာက္ခံတယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ က်ဴးဘားရဲ႕ဆိုရွယ္လစ္အစိုးရကို လုံၿခဳံေရးၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ အေမရိကန္က သတ္မွတ္ခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရက ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီက က်ဴးဘားႏိုင္ငံျခားေရးဝန္ႀကီး ဘ႐ူႏို႐ိုဒရီဂြက္ဇ္ပါရီလာနဲ႔ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုမ်ိဳးမွတ္ခ်က္ျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဝမ္ယိက “အမ်ိဳးသား အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးကို ကာကြယ္မယ့္ က်ဴးဘားကို တ႐ုတ္က လုံးဝ ေထာက္ခံပါတယ္။ က်ဴးဘား အေပၚ ျပည္ပအင္အားစုေတြရဲ႕ဝင္ေရာက္စြက္ဖက္မႈေတြအားလုံးနဲ႔ က်ဴးဘားျပည္သူေတြရဲ႕ရွင္သန္ရပ္တည္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအခြင့္အလမ္းေတြကို ဆုံးရႈံးေစမယ့္ ႀကိဳးပမ္းမႈေတြအားလုံးကို တ႐ုတ္က ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
က်ဴးဘားကို ေရနံေထာက္ပံ့ေပးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ ၿပီးေနာက္ တစ္ရက္အၾကာမွာ တ႐ုတ္အစိုးရကလည္း ၎ရဲ႕က်ဴးဘားအေပၚေထာက္ခံမႈေတြကို ထုတ္ေဖာ္ေျပာဆို လာခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.