ကမ္ဘောဒီးယားရှိ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၀၀၀‌ ကျော် ပြန်လည်လွှဲပြောင်းခေါ်ယူပြီးဖြစ်

 452

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၉

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသား ( ၁၀၀၀‌) ကျော် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူပြီးပြီဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ပေး လျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ယမန်နေ့ (ဖေဖော်ဝါရီ ၈ ရက်) တွင် ပဉ္စမအသုတ်အဖြစ် ထပ်မံခေါ်ဆောင်ပေးရာ မြန်မာနိုင်ငံသား ၉ဝ သည် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မင်္ဂလာဒုံ ခရိုင်/ မြို့နယ်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် အသီးသီးပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ (ဖေဖော်ဝါရီ ၈ရက်) အထိ မြန်မာနိုင်ငံသား ၁၀၈၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ကေမာၻဒီးယားရွိ အြန္လိုင္းေလာင္းကစားမႈမ်ားတြင္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသား ၁၀၀၀‌ ေက်ာ္ ျပန္လည္လႊဲေျပာင္းေခၚယူၿပီးျဖစ္
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၉
ကေမာၻဒီးယားႏိုင္ငံအတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္ခဲ့ၿပီး ကေမာၻဒီးယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးသို႔ ကိုယ္တိုင္လာေရာက္သတင္းပို႔သည့္ ျမန္မာႏိုင္ငံသား ( ၁၀၀၀‌) ေက်ာ္ ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေခၚယူၿပီးၿပီျဖစ္ေၾကာင္း သိရသည္။
အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေခၚယူသည့္လုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ေပး လ်က္ရွိရာ ကေမာၻဒီးယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးသို႔ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၈ ရက္) တြင္ ပၪၥမအသုတ္အျဖစ္ ထပ္မံေခၚေဆာင္ေပးရာ ျမန္မာႏိုင္ငံသား ၉ဝ သည္ တပ္မေတာ္ေလယာဥ္ျဖင့္ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား မဂၤလာဒုံ ခ႐ိုင္/ ၿမိဳ႕နယ္တာဝန္ရွိသူမ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားက ေတြ႕ဆုံ၍ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီစဥ္ေပးေသာ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ စုရပ္ေနရာသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကေမာၻဒီးယားႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ား၊ လိုအပ္သည့္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ကာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေတာ္အစိုးရအေနျဖင့္ ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးသို႔ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာ့ေလေၾကာင္းလိုင္း (MAI) ႏွင့္ တပ္မေတာ္ေလယာဥ္မ်ားျဖင့္ အသီးသီးျပန္လည္ေခၚေဆာင္ေရာက္ရွိခဲ့ရာ (ေဖေဖာ္ဝါရီ ၈ရက္) အထိ ျမန္မာႏိုင္ငံသား ၁၀၈၆ ဦး ျပန္လည္ေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.