ယူကရိန်းက ဟန်ဂေရီရဲ့ရန်သူဖြစ်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ်ပြော

 285

Pika (NP News) - ဖေဖော်ဝါရီ ၉

ယူကရိန်းက ဟန်ဂေရီနိုင်ငံရဲ့ရန်သူဖြစ်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တောအော်ဗန်က ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။ ရုရှားရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ဝယ်ယူနေတာကိုရပ်တန့်ဖို့ ဟန်ဂေရီကို ယူကရိန်းအစိုးရက တောင်းဆိုခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
(၂၀၂၂)ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေး ယူမှုတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားစွမ်းအင်ထောက်ပံ့မှုတွေကို အဆင့်လိုက်လျှော့ချဖို့ ဥရောပသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေမှာ ဟန်ဂေရီကပါဝင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ယူကရိန်းက ဟန်ဂေရီရဲ့လုံခြုံရေးကို ထိခိုက်အောင်လုပ်ဆောင်နေတယ်လို့လည်း ဗစ်တောအော်ဗန်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဗစ်တောအော်ဗန်က “ဈေးပေါတဲ့ရုရှားစွမ်းအင်တွေကို မဝယ်ယူဖို့ ဟန်ဂေရီကို ယူကရိန်းက တိုက်တွန်းနေတာတွေ လုံး ဝရပ်တန့်သင့်ပါတယ်။ ဈေးပေါတဲ့ရုရှားစွမ်းအင်ကို မဝယ်ယူဖို့ တောင်းဆိုနေသရွေ့ ယူကရိန်းက ဟန်ဂေရီရဲ့ရန်သူအဖြစ် ရှိနေမှာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်တာကို ဆန့်ကျင်တဲ့၎င်းရဲ့ရပ်တည်ချက်တွေကို ဗစ်တောအော်ဗန်က ထပ်မံအတည်ပြု ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းက ဟန္ေဂရီရဲ႕ရန္သူျဖစ္တယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၉
ယူကရိန္းက ဟန္ေဂရီႏိုင္ငံရဲ႕ရန္သူျဖစ္တယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္ေတာေအာ္ဗန္က ထုတ္ေဖာ္ေျပာဆိုခဲ့ ပါတယ္။ ႐ုရွားေရနံနဲ႔ သဘာဝဓါတ္ေငြ႕ေတြ ဝယ္ယူေနတာကိုရပ္တန႔္ဖို႔ ဟန္ေဂရီကို ယူကရိန္းအစိုးရက ေတာင္းဆိုခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
(၂၀၂၂)ခုႏွစ္မွာ စတင္ျဖစ္ပြားခဲ့တဲ့ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရး ယူမႈေတြရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ႐ုရွားစြမ္းအင္ေထာက္ပံ့မႈေတြကို အဆင့္လိုက္ေလွ်ာ့ခ်ဖို႔ ဥေရာပသမဂၢရဲ႕ ႀကိဳးပမ္းမႈေတြမွာ ဟန္ေဂရီကပါဝင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းက ဟန္ေဂရီရဲ႕လုံၿခဳံေရးကို ထိခိုက္ေအာင္လုပ္ေဆာင္ေနတယ္လို႔လည္း ဗစ္ေတာေအာ္ဗန္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဗစ္ေတာေအာ္ဗန္က “ေဈးေပါတဲ့႐ုရွားစြမ္းအင္ေတြကို မဝယ္ယူဖို႔ ဟန္ေဂရီကို ယူကရိန္းက တိုက္တြန္းေနတာေတြ လုံး ဝရပ္တန႔္သင့္ပါတယ္။ ေဈးေပါတဲ့႐ုရွားစြမ္းအင္ကို မဝယ္ယူဖို႔ ေတာင္းဆိုေနသေ႐ြ႕ ယူကရိန္းက ဟန္ေဂရီရဲ႕ရန္သူအျဖစ္ ရွိေနမွာပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းက ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ဝင္ေရာက္တာကို ဆန႔္က်င္တဲ့၎ရဲ႕ရပ္တည္ခ်က္ေတြကို ဗစ္ေတာေအာ္ဗန္က ထပ္မံအတည္ျပဳ ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.