အီတလီနိုင်ငံရဲ့ အိုလံပစ်ပွဲ အိမ်ရှင်အဖြစ် ကျင်းပမယ့်ဒေသတွေမှာ နှင်းပြိုမှုကြောင့် လူ ၃ ဦး သေဆုံး

602

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁ဝ
၂၀၂၆ ခုနှစ်ရဲ့ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အီတလီနိုင်ငံ မြောက်ပိုင်းရဲ့ အထင်ကရ တောင်တန်းဒေသတွေမှာ နှင်းပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် စကီးစီးသူ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ပထမဖြစ်စဉ်ကတော့ ဗင်းနက်တိုဒေသ ရှိ Cortina d'Ampezzo အပန်းဖြေစခန်းအနီးမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်လမ်းကြောင်း ပြင်ပမှာ စကီစီးနေတဲ့ အသက် ၅၀ ကျော်အရွယ် အီတလီအမျိုးသား နှစ်ဦး နှင်းပြိုမှုအတွင်း ပိတ်မိသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လောင်ဘာဒီဒေသရှိ Livigno အပန်းဖြေစခန်းအနီးမှာလည်း အသက် ၃၀ နှစ်အရွယ် ဂျာမနီနိုင်ငံသားတစ်ဦး နှင်းပြိုမှုကြောင့် ထပ်မံသေဆုံးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တွေက အတည်ပြုခဲ့ပါတယ်။
လက်ရှိ အဆိုပါဒေသတွေမှာ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုနဲ့ အပူချိန်ပြောင်းလဲမှုတို့ကြောင့် နှင်းပြိုနိုင်ခြေ အန္တရာယ်ကို "အဆင့် ၃" (စိုးရိမ်ရတဲ့ အဆင့်) အဖြစ် သတ်မှတ်ထားပါတယ်။ အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှု တွေပြုလုပ်နေတဲ့ ကာလအတွင်း ယခုလို လူသေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် တောင်တက် ကယ်ဆယ်ရေးအဖွဲ့တွေက ခရီးသွားတွေနဲ့ စကီးစီးသူများအနေနဲ့ အပန်းဖြေစခန်း တွေမှ သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းတွေ အတွင်းမှာသာ နေထိုင်ကြဖို့နဲ့ လမ်းကြောင်းပြင်ပ ကို ထွက်ခွာခြင်း မပြုကြဖို့ အလေးအနက် သတိပေးထားပါတယ်။

Zawgyi Version;
အီတလီႏိုင္ငံရဲ႕ အိုလံပစ္ပြဲ အိမ္ရွင္အျဖစ္ က်င္းပမယ့္ေဒသေတြမွာ ႏွင္းၿပိဳမႈေၾကာင့္ လူ ၃ ဦး ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
၂၀၂၆ ခုႏွစ္ရဲ႕ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ က်င္းပဖို႔ ျပင္ဆင္ေနတဲ့ အီတလီႏိုင္ငံ ေျမာက္ပိုင္းရဲ႕ အထင္ကရ ေတာင္တန္းေဒသေတြမွာ ႏွင္းၿပိဳက်မႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့တာေၾကာင့္ စကီးစီးသူ ၃ ဦး ေသဆုံးသြားတယ္လို႔ သိရပါတယ္။
ပထမျဖစ္စဥ္ကေတာ့ ဗင္းနက္တိုေဒသ ရွိ Cortina d'Ampezzo အပန္းေျဖစခန္းအနီးမွာ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး သတ္မွတ္လမ္းေၾကာင္း ျပင္ပမွာ စကီစီးေနတဲ့ အသက္ ၅၀ ေက်ာ္အ႐ြယ္ အီတလီအမ်ိဳးသား ႏွစ္ဦး ႏွင္းၿပိဳမႈအတြင္း ပိတ္မိေသဆုံးခဲ့ပါတယ္။ ဒါ့အျပင္ ေလာင္ဘာဒီေဒသရွိ Livigno အပန္းေျဖစခန္းအနီးမွာလည္း အသက္ ၃၀ ႏွစ္အ႐ြယ္ ဂ်ာမနီႏိုင္ငံသားတစ္ဦး ႏွင္းၿပိဳမႈေၾကာင့္ ထပ္မံေသဆုံးသြားခဲ့တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ ေတြက အတည္ျပဳခဲ့ပါတယ္။
လက္ရွိ အဆိုပါေဒသေတြမွာ ဆီးႏွင္းထူထပ္စြာ က်ဆင္းမႈနဲ႔ အပူခ်ိန္ေျပာင္းလဲမႈတို႔ေၾကာင့္ ႏွင္းၿပိဳႏိုင္ေျခ အႏၲရာယ္ကို "အဆင့္ ၃" (စိုးရိမ္ရတဲ့ အဆင့္) အျဖစ္ သတ္မွတ္ထားပါတယ္။ အိုလံပစ္ၿပိဳင္ပြဲအတြက္ ျပင္ဆင္မႈ ေတြျပဳလုပ္ေနတဲ့ ကာလအတြင္း ယခုလို လူေသဆုံးမႈျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။
ဒါေၾကာင့္ ေတာင္တက္ ကယ္ဆယ္ေရးအဖြဲ႕ေတြက ခရီးသြားေတြနဲ႔ စကီးစီးသူမ်ားအေနနဲ႔ အပန္းေျဖစခန္း ေတြမွ သတ္မွတ္ထားတဲ့ ေဘးကင္းလုံၿခဳံတဲ့ လမ္းေၾကာင္းေတြ အတြင္းမွာသာ ေနထိုင္ၾကဖို႔နဲ႔ လမ္းေၾကာင္းျပင္ပ ကို ထြက္ခြာျခင္း မျပဳၾကဖို႔ အေလးအနက္ သတိေပးထားပါတယ္။