အင်ဒိုနီးရှားမှာ လေဆိပ်ကိုဆင်းသက်လာတဲ့လေယာဉ်ကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ(၂)ဦးသေဆုံး

3555

Pika(NP News)- ဖေဖော်ဝါရီ ၁၂
အင်ဒိုနီးရှားနိုင်ငံ ပါပူအာဒေသမှာ ဆင်းသက်ခဲ့တဲ့ အသေးစားလေယာဉ်တစ်စီးကို အမည်မသိတိုက်ခိုက်သူတွေက သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် လေယာဉ်မှူးနဲ့တွဲဖက်လေယာဉ်မှူးတို့ သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ခရီးသည(၁၃)ဦးနဲ့ လေယာဉ်မှူးတွေလိုက်ပါလာတဲ့ Smart Air လေယာဉ်ဟာ South papua ပြည်နယ်၊ ဘိုဗန်ဒီဂိုလ်မြို့ ကိုရိုဝေလေဆိပ်မှာဆင်းသက်ခဲ့စဉ်အချိန်အတွင်း သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့တဲအချိန်မှာ လေယာဉ်မှူးတွေနဲ့ခရီးသည်တွေက လေယာဉ်ကိုစွန့်ခွါပြီး လေဆိပ်အနီးက သစ်တောဧရိယာတစ်ခုကို ဦးတည်ထွက်ပြေးသွားခဲ့ကြတယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ သေဆုံးခဲ့ပေမယ့်လည်း ခရီးသည်တွေအားလုံးက ထိခိုက်ဒဏ်ရာရရှိတာမျိုးတောင်မရှိဘဲ ဘေးကင်းကင်းနဲ့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲ့ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တာလဲဆိုတဲ့ အချက်အလက်တွေကိုလည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Zawgyi version:
အင္ဒိုနီးရွားႏိုင္ငံ ပါပူအာေဒသမွာ ဆင္းသက္ခဲ့တဲ့ အေသးစားေလယာဥ္တစ္စီးကို အမည္မသိတိုက္ခိုက္သူေတြက ေသနတ္နဲ႔ပစ္ခတ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ ေလယာဥ္မႉးနဲ႔တြဲဖက္ေလယာဥ္မႉးတို႔ ေသဆုံးခဲ့တယ္လို႔ အင္ဒိုနီးရွားရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ခရီးသည(၁၃)ဦးနဲ႔ ေလယာဥ္မႉးေတြလိုက္ပါလာတဲ့ Smart Air ေလယာဥ္ဟာ South papua ျပည္နယ္၊ ဘိုဗန္ဒီဂိုလ္ၿမိဳ႕ ကို႐ိုေဝေလဆိပ္မွာဆင္းသက္ခဲ့စဥ္အခ်ိန္အတြင္း ေသနတ္နဲ႔ပစ္ခတ္တိုက္ခိုက္မႈေတြခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ပစ္ခတ္မႈစတင္ျဖစ္ပြားခဲ့တဲအခ်ိန္မွာ ေလယာဥ္မႉးေတြနဲ႔ခရီးသည္ေတြက ေလယာဥ္ကိုစြန႔္ခြါၿပီး ေလဆိပ္အနီးက သစ္ေတာဧရိယာတစ္ခုကို ဦးတည္ထြက္ေျပးသြားခဲ့ၾကတယ္လို႔ အင္ဒိုနီးရွားရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ပစ္ခတ္မႈေၾကာင့္ ေလယာဥ္မႉးနဲ႔ တြဲဖက္ေလယာဥ္မႉးတို႔ ေသဆုံးခဲ့ေပမယ့္လည္း ခရီးသည္ေတြအားလုံးက ထိခိုက္ဒဏ္ရာရရွိတာမ်ိဳးေတာင္မရွိဘဲ ေဘးကင္းကင္းနဲ႔ထြက္ေျပးလြတ္ေျမာက္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲ့ဒီတိုက္ခိုက္မႈကို ဘယ္အဖြဲ႕ကလုပ္ေဆာင္ခဲ့တာလဲဆိုတဲ့ အခ်က္အလက္ေတြကိုလည္း လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။