အပစ်အခတ်ရပ်စဲရေးရမှသာ ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယူကရိန်းသမ္မတ ထုတ်ဖော်ပြောဆို

308

Pika (NP News) ဖေဖေါ်ဝါရီ -၁၅
လုံခြုံရေးအာမခံချက်များအပြင် ရုရှားနှင့် အပစ်အခတ်ရပ်စဲရေးရရှိပြီးမှသာ ယူကရိန်းက ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်၏ ဖိအားပေးမှုအောက်တွင် ရွေးကောက်ပွဲအသစ်များ ကျင်းပရန် စီစဉ်နေမှု ဆိုင်ရာအကြံပြုချက်များကို ဇယ်လန်စကီးက ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွား လာခဲ့ပြီးနောက် ပိုင်းကတည်းက ယူကရိန်းတွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုနှင့်အတူ ရွေးကောက်ပွဲများကို ရပ်ဆိုင်း ထားခဲ့ခြင်းလည်းဖြစ်သည်။ ဇယ်လန်စကီးက ‘လိုအပ်တဲ့လုံခြုံရေးအာမခံချက်တွေ ရရှိပြီးတာနဲ့တစ်ပြိုင်နက် ရွေး ကောက်ပွဲကျင်းပဖို့ ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီဆိုတာနဲ့ ရွေးကောက်ပွဲတွေကို ချက်ချင်းလုပ် သွားမှာပါ’ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားကလည်း အပစ်အခတ် ရပ်စဲရန်သဘောတူပါက နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့်ရန်လိုမှုများမှာ နွေရာသီတွင်အဆုံးသတ်သွားနိုင်ကြောင်း ဇယ်လန်စကီးကပြောကြားခဲ့သည်။ အမေရိကန်၏ဖိအားပေးမှုကို ရင်ဆိုင် နေရမှုနှင့်အတူ လာမည့်(၃)လအတွင်း သမ္မတရွေးကောက်ပွဲကျင်းပနိုင်ခြေကို ယူကရိန်းက စဉ်းစားနေကြောင်း Financial Times သတင်း စာက အစောပိုင်း တွင်ရေးသားဖော်ပြခဲ့ပြီးနောက် ဇယ်လန်စကီး၏ပြောဆိုချက်များ ထွက်ပေါ်လာ ခြင်းဖြစ်သည်။
(Ref : RT)

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးရမွသာ ေ႐ြးေကာက္ပြဲမ်ား က်င္းပသြားမည္ဟု ယူကရိန္းသမၼတ ထုတ္ေဖာ္ေျပာဆို
Pika (NP News) ေဖေဖၚဝါရီ -၁၅
လုံၿခဳံေရးအာမခံခ်က္မ်ားအျပင္ ႐ုရွားႏွင့္ အပစ္အခတ္ရပ္စဲေရးရရွိၿပီးမွသာ ယူကရိန္းက ေ႐ြးေကာက္ပြဲမ်ား က်င္းပသြားမည္ျဖစ္ေၾကာင္း ယူကရိန္းသမၼတ ဇယ္လန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ အေမရိကန္၏ ဖိအားေပးမႈေအာက္တြင္ ေ႐ြးေကာက္ပြဲအသစ္မ်ား က်င္းပရန္ စီစဥ္ေနမႈ ဆိုင္ရာအႀကံျပဳခ်က္မ်ားကို ဇယ္လန္စကီးက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြား လာခဲ့ၿပီးေနာက္ ပိုင္းကတည္းက ယူကရိန္းတြင္ စစ္အုပ္ခ်ဳပ္ေရး ေၾကညာခဲ့မႈႏွင့္အတူ ေ႐ြးေကာက္ပြဲမ်ားကို ရပ္ဆိုင္း ထားခဲ့ျခင္းလည္းျဖစ္သည္။ ဇယ္လန္စကီးက ‘လိုအပ္တဲ့လုံၿခဳံေရးအာမခံခ်က္ေတြ ရရွိၿပီးတာနဲ႔တစ္ၿပိဳင္နက္ ေ႐ြး ေကာက္ပြဲက်င္းပဖို႔ ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာပါ။ ၿပီးေတာ့ ႐ုရွားနဲ႔ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရၿပီဆိုတာနဲ႔ ေ႐ြးေကာက္ပြဲေတြကို ခ်က္ခ်င္းလုပ္ သြားမွာပါ’ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ႐ုရွားကလည္း အပစ္အခတ္ ရပ္စဲရန္သေဘာတူပါက ႏွစ္ႏိုင္ငံၾကား ျဖစ္ပြားေနသည့္ရန္လိုမႈမ်ားမွာ ေႏြရာသီတြင္အဆုံးသတ္သြားႏိုင္ေၾကာင္း ဇယ္လန္စကီးကေျပာၾကားခဲ့သည္။ အေမရိကန္၏ဖိအားေပးမႈကို ရင္ဆိုင္ ေနရမႈႏွင့္အတူ လာမည့္(၃)လအတြင္း သမၼတေ႐ြးေကာက္ပြဲက်င္းပႏိုင္ေျခကို ယူကရိန္းက စဥ္းစားေနေၾကာင္း Financial Times သတင္း စာက အေစာပိုင္း တြင္ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ဇယ္လန္စကီး၏ေျပာဆိုခ်က္မ်ား ထြက္ေပၚလာ ျခင္းျဖစ္သည္။
(Ref : RT)