ရွေးကောက်ပွဲတွင်အနိုင်ရပြီးနောက် ရာမန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အဖြစ် တွေ့မြင်ရဖွယ်ရှိနေ

358

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄
ပြည်ပြေးအဖြစ် (၁၇)နှစ်ကြာနေထိုင်ခဲ့ရသည့် တာရစ်ရာမန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိနေကြောင်းသိသည်။
ဖေဖော်ဝါရီလ(၁၂)ရက်ကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရာမန်ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)သည် မဲဆန္ဒနယ်အများစုတွင် အနိုင်ရခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်ကဆန္ဒမဲများကို ရေတွက်နေဆဲဖြစ်သော်လည်း(BNP)ပါတီကအနိုင် ရခဲ့သည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။
အမေရိကန်အပါအဝင် နိုင်ငံအများစုက ရာမန်နှင့်(BNP)ပါတီကို ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းအတွက် ဂုဏ်ပြုစကားများ အသီးသီးပြောဆို ကြကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ‘ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် အောင်မြင်စွာရွေးကောက်ပွဲကျင်းပနိုင် ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီနဲ့ တာရစ်ရာမန်တို့ရဲ့ သမိုင်းဝင်အောင်ပွဲအတွက် ဂုဏ်ပြုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နှစ်နိုင်ငံလုံးအတွက် ကြွယ်ဝချမ်းသာမှုနဲ့ လုံခြုံရေးဆိုင်ရာ မျှဝေရည် မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့၊ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်’ဟုပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် (၂၀၂၄)ခုနှစ်က ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို ရာထူးမှ ပြုတ်ကျစေခဲ့သည့်ဆန္ဒပြပွဲများ ဖြစ်လာခဲ့ပြီးနောက် (၂၀၂၆)ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလား ဒေ့ရှ်အမျိုးသား ပါတီ(ြဏြ)သည် လွှတ်တော် ကိုယ်စားလှယ်ပေါင်း (၃၀ဝ)ရှိမည့်လွှတ်တော်တွင် မဲဆန္ဒနယ်ပေါင်း (၂၀၉)ခုတွင် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း တရားမဝင် မဲရေတွက်မှုရလဒ်များအရသိရသည်။ (BNP)ပါတီ က ‘ရွေးကောက်ပွဲမှာ မဲအပြတ် အသတ်နဲ့အနိုင်ရခဲ့ပေမယ့် အောင်ပွဲခံစီတန်းလှည့်လည်ပွဲ သို့မဟုတ် စုဝေးပွဲများကို လုပ်ဆောင်မှာမဟုတ်ဘူး’ ဟုပြောသည်။
ထို့ပြင် Jamaat-e-Islami ပါတီက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေါင်း အနည်းဆုံး (၄၆)နေရာတွင် အနိုင်ရခဲ့ ကြောင်းသိရသည်။
ရာမန် ဦးဆောင်သည့် (BNP)သည် ရွေးကောက်ပွဲတွင် ဆန္ဒမဲနယ်ပေါင်း (၃)ပုံ(၂)ပုံတွင် အနိုင်ရခဲ့ သည့်အတွက် နှစ်ပေါင်း(၂၀)ကြာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအဖွဲ့အဖြစ် ပြန်လည်အာဏာရရှိခဲ့ခြင်း ဖြစ်သည်။
(BNP)ပါတီက ‘ဒီအောင်ပွဲကို မျှော်လင့်ထားပြီးသားပါ။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက ပါတီတစ်ခုကို ယုံကြည် ကိုးစားခဲ့ကြတာ အံ့ဩစရာ တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့လူငယ်တွေ မြင်ယောင်ခဲ့တဲ့အိပ်မက်တွေကို အကောင် အထည်ဖော် နိုင်တဲ့ပါတီတစ်ခုပါပဲ’ဟုပြောသည်။
(BNP) ပါတီသည် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ရန်လိုအပ်သည့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၅၁)ဦးကျော်ရရှိခဲ့သည့်အတွက် အစိုးရအသစ်ကို ဦးဆောင်ဖွဲ့စည်း ခွင့်ရမည်ဖြစ်သည်။

ျပည္ေျပးအျဖစ္ (၁၇)ႏွစ္ၾကာေနထိုင္ခဲ့ရသည့္ တာရစ္ရာမန္သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္အသစ္ ျဖစ္လာဖြယ္ရွိေနေၾကာင္းသိသည္။
ေဖေဖာ္ဝါရီလ(၁၂)ရက္ကက်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲတြင္ ရာမန္ဦးေဆာင္သည့္ ဘဂၤလားေဒ့ရွ္ အမ်ိဳးသားပါတီ (BNP)သည္ မဲဆႏၵနယ္အမ်ားစုတြင္ အႏိုင္ရခဲ့ေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ေ႐ြးေကာက္ပြဲေကာ္မရွင္ကဆႏၵမဲမ်ားကို ေရတြက္ေနဆဲျဖစ္ေသာ္လည္း(BNP)ပါတီကအႏိုင္ ရခဲ့သည္ဟု သတင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနသည္။
အေမရိကန္အပါအဝင္ ႏိုင္ငံအမ်ားစုက ရာမန္ႏွင့္(BNP)ပါတီကို ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့ျခင္းအတြက္ ဂုဏ္ျပဳစကားမ်ား အသီးသီးေျပာဆို ၾကေၾကာင္းသိရသည္။
ဘဂၤလားေဒ့ရွ္ ႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးက ‘ဘဂၤလားေဒ့ရွ္ျပည္သူေတြအတြက္ ေအာင္ျမင္စြာေ႐ြးေကာက္ပြဲက်င္းပႏိုင္ ခဲ့တဲ့အတြက္ ဂုဏ္ျပဳပါတယ္။ ဘဂၤလားေဒ့ရွ္အမ်ိဳးသားေရးပါတီနဲ႔ တာရစ္ရာမန္တို႔ရဲ႕ သမိုင္းဝင္ေအာင္ပြဲအတြက္ ဂုဏ္ျပဳပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ႏွစ္ႏိုင္ငံလုံးအတြက္ ႂကြယ္ဝခ်မ္းသာမႈနဲ႔ လုံၿခဳံေရးဆိုင္ရာ မွ်ေဝရည္ မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔၊ လက္တြဲလုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ပါတယ္’ဟုေျပာသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ တြင္ (၂၀၂၄)ခုႏွစ္က ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာကို ရာထူးမွ ျပဳတ္က်ေစခဲ့သည့္ဆႏၵျပပြဲမ်ား ျဖစ္လာခဲ့ၿပီးေနာက္ (၂၀၂၆)ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၂)ရက္တြင္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပခဲ့ျခင္းျဖစ္သည္။
ဘဂၤလား ေဒ့ရွ္အမ်ိဳးသား ပါတီ(ျၾဏ)သည္ လႊတ္ေတာ္ ကိုယ္စားလွယ္ေပါင္း (၃၀ဝ)ရွိမည့္လႊတ္ေတာ္တြင္ မဲဆႏၵနယ္ေပါင္း (၂၀၉)ခုတြင္ အႏိုင္ရခဲ့ျခင္းျဖစ္ေၾကာင္း တရားမဝင္ မဲေရတြက္မႈရလဒ္မ်ားအရသိရသည္။ (BNP)ပါတီ က ‘ေ႐ြးေကာက္ပြဲမွာ မဲအျပတ္ အသတ္နဲ႔အႏိုင္ရခဲ့ေပမယ့္ ေအာင္ပြဲခံစီတန္းလွည့္လည္ပြဲ သို႔မဟုတ္ စုေဝးပြဲမ်ားကို လုပ္ေဆာင္မွာမဟုတ္ဘူး’ ဟုေျပာသည္။
ထို႔ျပင္ Jamaat-e-Islami ပါတီက ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပါင္း အနည္းဆုံး (၄၆)ေနရာတြင္ အႏိုင္ရခဲ့ ေၾကာင္းသိရသည္။
ရာမန္ ဦးေဆာင္သည့္ (BNP)သည္ ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲနယ္ေပါင္း (၃)ပုံ(၂)ပုံတြင္ အႏိုင္ရခဲ့ သည့္အတြက္ ႏွစ္ေပါင္း(၂၀)ၾကာၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ အစိုးရအဖြဲ႕အျဖစ္ ျပန္လည္အာဏာရရွိခဲ့ျခင္း ျဖစ္သည္။
(BNP)ပါတီက ‘ဒီေအာင္ပြဲကို ေမွ်ာ္လင့္ထားၿပီးသားပါ။ ဘဂၤလားေဒ့ရွ္ျပည္သူေတြက ပါတီတစ္ခုကို ယုံၾကည္ ကိုးစားခဲ့ၾကတာ အံ့ဩစရာ ေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕လူငယ္ေတြ ျမင္ေယာင္ခဲ့တဲ့အိပ္မက္ေတြကို အေကာင္ အထည္ေဖာ္ ႏိုင္တဲ့ပါတီတစ္ခုပါပဲ’ဟုေျပာသည္။
(BNP) ပါတီသည္ ေ႐ြးေကာက္ပြဲတြင္ အစိုးရဖြဲ႕ရန္လိုအပ္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း (၁၅၁)ဦးေက်ာ္ရရွိခဲ့သည့္အတြက္ အစိုးရအသစ္ကို ဦးေဆာင္ဖြဲ႕စည္း ခြင့္ရမည္ျဖစ္သည္။