တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၅)ဦးကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား စုစုပေါင်း (၁၄၀၀၀)ကျော်ကို ထိန်းသိမ်းနိုင်ခဲ့

 330

စော(NP News) - ဖေဖော်ဝါရီ ၁၅
တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၅)ဦးကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး ယမန်နေ့ (ဖေဖော်ဝါရီ၁၄)ရက်နေ့အထိ ပြည်ပနိုင်ငံသား စုစုပေါင်း (၁၄၀၀၀)ကျော်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်း ကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသားငါးဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင် ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး အတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(၂၀၂၅) ခုနှစ်၊ ဇန်နဝါရီ (၃၀) ရက်မှ (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီ (၁၄) ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၁၄၂၀၅) ဦး ထိန်းသိမ်းနိုင်ခဲ့၍ ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။
၎င်းတို့ အနက်မှ (၁၃၁၁၇) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၀၈၈)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

Zawgyi Version:
တရားမဝင္လမ္းေၾကာင္းမွ ဝင္ေရာက္လာေသာ တ႐ုတ္ႏိုင္ငံသား (၅)ဦးကို ထပ္မံေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ျပည္ပႏိုင္ငံသား စုစုေပါင္း (၁၄၀၀၀)ေက်ာ္ကို ထိန္းသိမ္းႏိုင္ခဲ့
ေစာ(NP News) - ေဖေဖာ္ဝါရီ ၁၅
တရားမဝင္လမ္းေၾကာင္းမွ ဝင္ေရာက္လာေသာ တ႐ုတ္ႏိုင္ငံသား (၅)ဦးကို ထပ္မံေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ယမန္ေန႔ (ေဖေဖာ္ဝါရီ၁၄)ရက္ေန႔အထိ ျပည္ပႏိုင္ငံသား စုစုေပါင္း (၁၄၀၀၀)ေက်ာ္ကို ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ နယ္စပ္ေဒသမ်ား၌ တရားမဝင္ ဝင္ေရာက္ေနထိုင္ၿပီး အြန္လိုင္းေလာင္းကစားမႈ၊ အြန္လိုင္းလိမ္လည္မႈအပါအဝင္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ားကို စုံစမ္းစစ္ေဆးေဖာ္ထုတ္၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးအပ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ျပည္ႏွင္လႊဲေျပာင္းေပးလ်က္ရွိရာ ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ဝန္းက်င္ရွိ ဆိုဒ္မ်ားအတြင္းသို႔ တရားမဝင္လမ္း ေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္ေနၾကသည့္ တ႐ုတ္ႏိုင္ငံသားငါးဦး ထပ္မံေဖာ္ထုတ္ထိန္းသိမ္းႏိုင္ ခဲ့ၿပီး ျပည္ႏွင္ႏိုင္ေရး စစ္ေဆးႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္လႊဲေျပာင္းေပးႏိုင္ေရး အတြက္ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ား၏ လိုအပ္သည့္ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္း ေဆာင္႐ြက္ေနမႈတို႔ကို ျမဝတီခ႐ိုင္ စီမံခန႔္ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီအဖြဲ႕ဝင္ ဒုတိယဗိုလ္မႉးႀကီး စံေ႐ႊႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
(၂၀၂၅) ခုႏွစ္၊ ဇန္နဝါရီ (၃၀) ရက္မွ (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီ (၁၄) ရက္အထိ ျမဝတီၿမိဳ႕နယ္အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း (၁၄၂၀၅) ဦး ထိန္းသိမ္းႏိုင္ခဲ့၍ ယင္းႏိုင္ငံသားအားလုံးကို စစ္ေဆးၿပီးစီးခဲ့ေၾကာင္း သိရသည္။
၎တို႔ အနက္မွ (၁၃၁၁၇) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၁၀၈၈)ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္အသင့္ျဖစ္၍ ေကာင္းမြန္စြာ ထိန္းသိမ္းေစာင့္ေရွာက္ထားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.